ရုပ်သံ

တပ်ထဲက အကြောင်းများပြောတဲ့ CDM တပ်ကြပ်ကြီးများ

တပ်ထဲက အကြောင်းများပြောတဲ့ CDM တပ်ကြပ်ကြီးများ

RNA_ဇွန်(၂၀)၊၂၀၂၃ ခုနှစ်။ နွေဦးတော်လှန်ရေးတွင် ပြည်သူ့ဘက်ရပ်တည်ခဲ့ကြသည့် စစ်ကောင်စီတပ်အတွင်းမှ CDM တပ်ကြပ်ကြီးများက တပ်တွင်းအခြေအနေများနှင့် အတွေ့အကြုံများကို " ပြည်သူ့ဘက်သား ရင်တွင်းစကား" အစီအစဉ်တွင် ပြောကြားထားကြသည်။ #RedNewsAgency
Read More
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် မင်းဘူးခရိုင်တပ်ရင်း (၂) ရဲဘော်များ ပြုလုပ်

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် မင်းဘူးခရိုင်တပ်ရင်း (၂) ရဲဘော်များ ပြုလုပ်

RNA_ဇွန်(၁၉)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီ၏ မတရား ဖမ်းဆီးချုပ်နှောင်ခံထားရသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၇၈)နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် မကွေးတိုင်း၊ မင်းဘူးခရိုင်တပ်ရင်း အမှတ် (၂) ရဲဘော်များက ဆုမွန်ကောင်းတောင်းခြင်းနှင့် ခွန်အားဖြည့်မိငယ် သီချင်းဆိုခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ #RedNewsAgency
Read More
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပြည်သူများ၏ ဆုတောင်းစကား

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပြည်သူများ၏ ဆုတောင်းစကား

RNA_ဇွန်(၁၉)၊၂၀၂၃ ခုနှစ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ကျရောက်သည့် (၇၈) နှစ်မြောက်မွေးနေ့အတွက် ပြည်သူများက ဆုတောင်းစကားသံများ ပြောကြားထားကြသည်။ #RedNewsAgency
Read More
PDF စစ်သားလို့ခံယူထားသည့် နဂါးနီစစ်ကြောင်းက CDM ဒုဗိုလ်ကိုဟိန်း

PDF စစ်သားလို့ခံယူထားသည့် နဂါးနီစစ်ကြောင်းက CDM ဒုဗိုလ်ကိုဟိန်း

RNA_ဇွန်(၁၆)၊၂၀၂၃ ခုနှစ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံး CDM ပြုလုပ်သည့် စစ်တပ်မှ အရာရှိများထဲတွင်ပါခဲ့ပြီး ပထမဆုံး PDF အပတ်စဉ် (၁) သင်တန်းကို သင်တန်းပေးခဲ့သည့် နဂါးနီစစ်ကြောင်းမှ ဒုစစ်ကြောင်မှူး CDM ဒုဗိုလ်ကိုဟိန်းက အာဏာသိမ်းချိန်က ကြုံတွေ့ခဲ့ရပုံများ၊ ထွက်ပြေးလွတ်မြောက်လာမှုနှင့် ယခု လုပ်ဆောင်နေမှုများနှင့်ပတ်သက်ပြီး “ ပြည်သူ့ဘက်သား ရင်တွင်းစကား” အစီအစဉ်မှာ ပြောကြားထားသည်။ “ကိုယ့်ကိုယ်ကိုလည်း ကိုယ်လွတ်ရုန်းပြီးတော့မှ ရှင်းရှင်းပြောရရင် တတိယနိုင်ငံလည်း မသွားချင်တော့ဘူး။ အဲဒါကြောင့်မို့လို့ PDF တွေနဲ့ပဲ တူတူနေပြီးတော့ ကိုယ့်ကိုယ်ကိုလည်း PDF စစ်သားလို့ခံယူပြီးတော့မှ လူကြီးတွေ တာဝန်ပေးတဲ့အတိုင်း တာဝန်ကျေပွန်အောင် ထမ်းဆောင်တဲ့ ပြည်သူ့စစ်သားတစ်ယောက်အနေနဲ့ပဲ တာဝန်ယူလိုက်တယ်ပေါ့နော်” ဟုစသဖြင့် CDM ဒုဗိုလ် ကိုဟိန်းက…
Read More
ထိုးစစ်ဆင်သည့်ကာလဖြစ်ပြီး (၂) နှစ်အတွင်း ထင်မှတ်မထားလောက်အောင် တော်လှန်ရေးအောင်မြင်နေ

ထိုးစစ်ဆင်သည့်ကာလဖြစ်ပြီး (၂) နှစ်အတွင်း ထင်မှတ်မထားလောက်အောင် တော်လှန်ရေးအောင်မြင်နေ

RNA_ဇွန်(၁၄)၊၂၀၂၃ ခုနှစ်။ လက်နက်ကိုင်ခုခံစစ်တွင် ယခုကာလသည် ထိုးစစ်ဆင်သည့် ကာလာဖြစ်ပြီး နွေဦးတော်လှန်ရေး (၂) နှစ်အတွင်း အထင်မှတ်ထားလောက်အောင် အောင်မြင်နေသည်ဟု Red News Agency နှင့် အင်တာဗျူးတွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F တာဝန်ခံ တပ်မှူးအောင်စံရှားက ပြောကြားထားသည်။ “ဒီကာလကတော့ ထိုးစစ်ဆင်တဲ့ကာလပေါ့ ဒီ ၂ နှစ်တွင်းမှာတော့ တော်လှန်ရေးအင်အားစုတွေ နောက်ဦးဆောင်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ကတော့ တခုချင်း တခုချင်းကို အကောင် အထည်ဖော်နေကြတာပေါ့နော် ဒါပေမဲ့ ကျွန်တော်တို့ မှန်းသလောက်မရောက်ပေမဲ့လည်း ကျွန်တော်တို့ မထင်မှတ်ထားလောက်အောင် တော်လှန်ရေးက အောင်မြင်နေတယ်ပေါ့နော်” ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F တာဝန်ခံ တပ်မှူးအောင်စံရှားက ပြောသည်။ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F သည် တောင်ပိုင်းတိုင်းစစ်ဒေသတွင်…
Read More
စစ်တပ်ဆိုတဲ့ ငရဲကနေ လွတ်မြောက်ရတာ အပျော်ဆုံးပဲ

စစ်တပ်ဆိုတဲ့ ငရဲကနေ လွတ်မြောက်ရတာ အပျော်ဆုံးပဲ

RNA_ဇွန် (၁၃)၊၂၀၂၃ ခုနှစ်။ ပြည်သူ့ဘက်သား ရင်တွင်းစကားအစီအစဉ်မှာ “ စစ်တပ်ထဲမှာ နေဖူးတဲ့သူတွေက စစ်တပ်ဆိုတဲ့ ငရဲကနေ လွတ်မြောက်ရတာ အပျော်ဆုံးပဲ” ဟု CDM ဗိုလ်ကြီး ကိုထက်မြတ် ဇနီး မစုသစ်က ဖြစ်ကြောင်းကုန်စဉ် အခြေအနေအရပ်ရပ်ကို ပြောကြားထားသည်။   #RedNewsAgency
Read More
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းနိုင်မှု ဂုဏ်ယူဦးညွှတ်ဟု NUG ယာယီသမ္မတပြော

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းနိုင်မှု ဂုဏ်ယူဦးညွှတ်ဟု NUG ယာယီသမ္မတပြော

RNA_ဇွန်(၁၂)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်ကြားကလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းနိုင်မှုကို ဂုဏ်ယူဦးညွှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ -NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့သည်။ "ကရင်နီပြည်နယ်မှာ အခုလို ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းနိုင်ဖို့ဆိုတာက တောင်ယုံတန်ယုံနဲ့ဖြစ်လာတာမဟုတ်ဘူးလို့ ကျနော်အနေနဲ့ယူဆပါတယ်။ ကရင်နီပြည်နယ်မှာ အသက်သွေးချွေးပေါင်း မြောက်များစွာနဲ့ ရင်းနှီးပေးဆပ်ပြီးမှ ဒီလိုအခြေ အနေမျိုးဖြစ်လာတာလို့ ကျနော်အနေနဲ့သိရပါတယ်။ အဲဒါကြောင့် ကျနော်အနေနဲ့ ဂုဏ်ယူဦးညွှတ်ကြောင်း ပထမဦးဆုံး ပြောကြားလိုပါတယ်" ဟု နံနက်ပိုင်းက အွန်လိုင်းမှ ပြုလုပ်ခဲ့သည့် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။ (more…)
Read More
ဧရာဝတီမြစ်အနောက်ဘက်ခြမ်းတခုလုံးလွတ်မြောက်ရေး ဆောင်ရွက်မည်ဟု PRA စစ်ဦးစီးချုပ်ပြော

ဧရာဝတီမြစ်အနောက်ဘက်ခြမ်းတခုလုံးလွတ်မြောက်ရေး ဆောင်ရွက်မည်ဟု PRA စစ်ဦးစီးချုပ်ပြော

RNA_ဇွန်(၄)၊၂၀၂၃ ခုနှစ်။   လူထုတော်လှန်ရေးမဟာမိတ်အင်အားစု- PRA-Magway အနေဖြင့် စစ်ရေးရည်မှန်းချက်များတွင် ဧရာဝတီဖြစ်အနောက်ဘက်ခြမ်း တခုလုံး လွတ်မြောက်ရေးအတွက် မဟာမိတ်အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု PRA - Magway စစ်ဦးစီးချုပ် ဟာကြူလီက Red News Agency နှင့်အင်တာဗျူးတွင် ပြောကြားထားသည်။ မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်း အခြေစိုက်ကာ စစ်အာဏာရှင်အား လက်နက်ကိုင်တော်လှန်နေသည့် People's Revolution Alliance - လူထုတော်လှန်ရေးမဟာမိတ်အင်အားစု- PRA-Magway သည် ဒေသတွင်း မဟာမိတ်များနှင့်ပူးပေါင်းကာ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်နေကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တချို့နှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများရှိကြောင်း သိရသည်။ (more…)
Read More
ဗိုလ်မှူးကြီးဗထူးကျဆုံးခြင်း (၇၈) နှစ်မြောက် အခမ်းအနားပြုလုပ်

ဗိုလ်မှူးကြီးဗထူးကျဆုံးခြင်း (၇၈) နှစ်မြောက် အခမ်းအနားပြုလုပ်

RNA_‌ဇွန်(၂)၊၂၀၂၃ ခုနှစ်။ ယနေ့ ကျရောက်သည့် ဗိုလ်မှူးကြီးဗထူး ကျဆုံးခြင်း (၇၈) နှစ်မြောက် "ဗထူးနေ့ " အခမ်းအနားကို ဗိုလ်မှူးကြီးဗထူး မွေးရပ်ဇာတိဖြစ်သည့် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ လေးသွန်းခံရွာရှိ ဗထူးပန်းခြံ၌ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ ဦးဆောင်၍ ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဗိုလ်မှူးကြီးဗထူးသည် ၁၉၄၁ ခုနှစ်တွင် ဗမာ့လွတ်လပ်ရေး‌ တပ်မတော် (BIA) သို့ စတင်ဝင်ရောက်ခဲ့ပြီး၊ ၁၉၄၅ ဇွန်လ ၂ ရက်နေ့တွင် ကျဆုံးသွားခဲ့ရသည့် ထားဝယ်တိုင်းရင်းသား သူရဲကောင်းတစ်ဦးဖြစ်‌သည်။ "ဗထူးနေ့" အခမ်းအနားတွင် သမဂ္ဂခွပ်ဒေါင်းအလံတော်အား အလေးပြုခြင်း၊ ဗိုလ်မှူးကြီးဗထူးနှင့်တကွ ကျဆုံးသွားခဲ့ကြသော လွတ်လပ်ရေးသူရဲကောင်းများနှင့် ဒီမိုကရေစီသူရဲကောင်းများအား…
Read More
ရေစကြိုမြို့ပေါ်တွင် ဖမ်းဆီးခံရသည့် MBT ရဲဘော် နှိပ်စက် သတ်ဖြတ်ခံရ

ရေစကြိုမြို့ပေါ်တွင် ဖမ်းဆီးခံရသည့် MBT ရဲဘော် နှိပ်စက် သတ်ဖြတ်ခံရ

RNA_မေ(၂၆)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံလိုက်ရသည့် Myingyan Black Tiger တပ်ဖွဲ့မှ ရဲဘော်တိုးနိုင် ညှင်းပမ်းနှိပ်စပ်မှုများခံရပြီး သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ Myingyan BLack Tiger တပ်ဖွဲ့မှ ရဲဘော်တိုးနိုင်သည် မေလ ၂၄ ရက်နေ့က ရေစကြိုမြို့ပေါ်တွင် ဒဏ်ရာရရှိကာ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရပြီး မေလ ၂၅ ရက်နေ့တွင် ကျဆုံးသွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်သားများသည် ရဲဘော်တိုးနိုင်ကို ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ပြီး ချင်းတွင်းမြစ်အတွင်း မျောခဲ့သည့် အတွက် MBT ရဲဘော်များက ပြန်ဆယ်ကာ ယနေ့ ဈာပနအခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။ #RedNewsAgency
Read More