Red News Agency

Independent Journalism for Justice and Human Rights.

Category: ရုပ်သံ

  • ကိုယ့်မိသားစုနဲ့ကိုယ် ပြန်လာပြီးတော့ အေးဆေးနေချင်တဲ့ အရာခံဗိုလ် နော်ဖော

    ကိုယ့်မိသားစုနဲ့ကိုယ် ပြန်လာပြီးတော့ အေးဆေးနေချင်တဲ့ အရာခံဗိုလ် နော်ဖော

    RNA_ဇူလိုင်(၂၈)၊၂၀၂၃ ခုနှစ်။ 

    တော်လှန်ရေးအတွက် မိဘများ သိခံစောင့်ဆိုင်းပေးရန်နှင့် အဆုံးထိပါဝင်ပေးရန်၊ တော်လှန်ရေးပြီးသည့်အခါ မိသားစုထံပြန်လာပြီး အေးဆေးနေချင်သည်ဟုစွန့်လွှတ်စွန့်စား ပြည့်ရင်သွေးများအစီအစဉ်မှာ အထူးစစ်ဆင်ရေးတပ်ဖွဲ့– S.O.F တပ်ခွဲ () တပ်ခွဲအရာခံဗိုလ် နော်ဖောက ပြောကြားထားသည်။

    ဖေဖေနဲ့မေမေနဲ့ကိုလည်း ခဏလောက်တော့ သိခံပြီးတော့ စောင့်ဆိုင်းပေးပါအုံးပေါ့နော် သိခံပြီးတော့လည်း အဆုံးထိလဲ ပါဝင်ပေးပါအုံးနော်လို့ အဲလိုပြောချင်တယ်။ ပြီးဆုံးသွားတဲ့အခါကျလို့ရှိရင်တော့ ကိုယ့်မိသားစုနဲ့ကိုယ် ပြန်လာပြီးတော့ အေးဆေးနေချင်ပါတယ်ဟု တပ်ခွဲအရာခံဗိုလ်နော်ဖောက ပြောသည်။ 

    [embedyt] https://www.youtube.com/watch?v=cXeeEzDGBWA[/embedyt]

    (more…)

  • တောင်းယူလို့တော့မရဘူး တိုက်ယူမှရတော့မယ် တောခိုဖို့ အချိန်တန်ပြီ

    တောင်းယူလို့တော့မရဘူး တိုက်ယူမှရတော့မယ် တောခိုဖို့ အချိန်တန်ပြီ

    RNA_ဇူလိုင်(၉)၊၂၀၂၃ ခုနှစ်။

    “ကျွန်တော်အတွေ့အကြုံအရ သိလိုက်ရတယ် တောင်းယူလို့တော့မရတော့ဘူး တိုက်ယူမှရတော့မယ် ကျွန်တော် ကိုယ့်ကိုယ်ကို တောခိုသင့်တဲ့အချိန်တန်ပြီပေါ့” ဟုစသဖြင့်  “ပြည်သူ့ဘက်သား ရင်တွင်းစကား” အစီအစဥ်မှာ CDM စစ်သား ကဗျာဆရာဂနိုက်၏ ရင်တွင်းစကားများ၊ အတွေ့အကြုံများနှင့် ခံယူချက်စသည်တို့ကို ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=TfE02xq382Y[/embedyt]

    Red News Agency

  • KIA နှင့် တိုက်ပွဲအတွင်း စစ်တပ်က ဗျူဟာမှူးများပါ ပြေးကြရ 

    KIA နှင့် တိုက်ပွဲအတွင်း စစ်တပ်က ဗျူဟာမှူးများပါ ပြေးကြရ 

    RNA_ဇူလိုင်(၂၀)၊၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာချိန် စစ်ကောင်စီတပ်ထောက်ခံသူများက KIA ကို အပြတ်တိုက်မည်ဟု ပြောကြသူများသည် KIA နှင့်တိုက်ပွဲတွင် မပါအဝင်သူများသာဖြစ်ပြီး တကယ့်တိုက်ပွဲများတွင် စစ်တပ်က ဗျူဟာမှူးများပါ ထွက်ပြေးရသည့် အခြေအနေများရှိကြောင်း CDM ဗိုလ်ကြီး ကိုထက်မြတ်က ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=TDl1Kf2bRV0[/embedyt]

    ကချင်ပြည်နယ်မှာ တိုက်ပွဲဝင်ခဲ့ချိန် ဗျူဟာမှူးပါထွက်ပြေးကြရသလို ဗန်းမော်ဆေးရုံမှာ ဒဏ်ရာရစစ်သားများနှင့်ပြည့်သွားခဲ့ကြောင်း၊ ယခုလက်ရှိ စစ်ကောင်စီတပ်မှ ဖမ်းဆီးစစ်ဆေးနေသည်ဟု သတင်းထွက်နေသည့် ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်တို့ ကြောက်လန့်ခဲ့ပုံများ စသည်တို့ကို ပြောကြားထားခြင်း ဖြစ်သည်။

    #RedNewsAgency

  • စစ်ကောင်စီတပ် တိုင်းမှူးအဆင့်ထိ စစ်ရေးအမိန့် မနာခံမှုများ ပေါ်ပေါက်လာပြီ

    စစ်ကောင်စီတပ် တိုင်းမှူးအဆင့်ထိ စစ်ရေးအမိန့် မနာခံမှုများ ပေါ်ပေါက်လာပြီ

    RNA_ဇူလိုင်(၁၈)၊၂၀၂၃ ခုနှစ်။ 

    စစ်ကောင်စီတပ်မှာ ယခုတပတ်အတွင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ကိုကိုမောင်နှင့်အဖွဲ့ ဖမ်းဆီးစစ်ဆေးခံနေရသည့် ကိစ္စများအပါအဝင် တပ်တွင်းအခြေအနေများကို CDM ဗိုလ်ကြီးထက်မြတ်က ပြောကြားထားသည်။ 

    [embedyt] https://www.youtube.com/watch?v=vBhTWo4OROA[/embedyt]

    Red News Agency

  • အာဏာသိမ်းလိုက်သည့်အတွက် လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်

    အာဏာသိမ်းလိုက်သည့်အတွက် လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်

    RNA_ဇွန်(၃၀)၊၂၀၂၃ ခုနှစ်။

    စစ်တပ်အာဏာသိမ်းပါက လက်နက်ကိုင်တော်လှန်ဖို့တွေးထားခဲ့ပြီး ယခုလက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်နေသည့် ရေတပ် CDM – အုပ်ခွဲတပ်ကြပ်ကြီးဖြစ်သည့် တောင်ညိုစစ်ကြောင်း လက်နက်ကြီးတာဝန်ခံ (ယာယီ) ကိုမြတ်မင်းသူက အတွေ့အကြုံ​တွေ၊ ခံယူချက်တွေကို ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=bn-pz2DvsDg[/embedyt]

    Red News Agency

  • မုံရွာမြို့ ကညနရုံးအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို PDF များ ပူးပေါင်းတိုက်ခိုက်

    မုံရွာမြို့ ကညနရုံးအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို PDF များ ပူးပေါင်းတိုက်ခိုက်

    RNA_ဇွန်(၂၇)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ကညနရုံးအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ်များပူးပေါင်းပြီးဇွန်လ ၂၄ ရက်နေ့ ညနေ ၆ နာရီခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိကြောင်း ယနေ့ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်က ယနေ့ ထုတ်ပြန်ထားသည်။

    [embedyt] https://www.youtube.com/watch?v=ayOdJzWEmiI[/embedyt]

    ကညနရုံးအတွင်းရှိ စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force ) တပ်ရင်း (၄) အထူးကွန်မန်ဒိုတပ်ဖွဲ (Monywa The Boys) နှင့် မုံရွာခရိုင် တပ်ရင်း (၅) ၊ မုံရွာခရိုင် တပ်ရင်း (၇) ၊ မုံရွာခရိုင် တပ်ရင်း (၁၂) ၊ မုံရွာခရိုင် တပ်ရင်း (၂၂) ၊ မုံရွာခရိုင် တပ်ရင်း (၂၅) ၊ မုံရွာခရိုင် တပ်ရင်း (၂၈) ၊ ယင်းမာပင်ခရိုင် တပ်ရင်း (၂၈) နှင့် မြန်မာ့တော်ဝင်နဂါးတပ်မတော်(MRDA)တို့ စုပေါင်းပြီးတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

    #RedNewsAgency

  • တပ်ထဲက အကြောင်းများပြောတဲ့ CDM တပ်ကြပ်ကြီးများ

    တပ်ထဲက အကြောင်းများပြောတဲ့ CDM တပ်ကြပ်ကြီးများ

    RNA_ဇွန်(၂၀)၊၂၀၂၃ ခုနှစ်။

    နွေဦးတော်လှန်ရေးတွင် ပြည်သူ့ဘက်ရပ်တည်ခဲ့ကြသည့် စစ်ကောင်စီတပ်အတွင်းမှ CDM တပ်ကြပ်ကြီးများက တပ်တွင်းအခြေအနေများနှင့် အတွေ့အကြုံများကို ” ပြည်သူ့ဘက်သား ရင်တွင်းစကား” အစီအစဉ်တွင် ပြောကြားထားကြသည်။

    [embedyt] https://www.youtube.com/watch?v=Kn70L79tP88[/embedyt]

    #RedNewsAgency

  • ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် မင်းဘူးခရိုင်တပ်ရင်း (၂) ရဲဘော်များ ပြုလုပ်

    ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် မင်းဘူးခရိုင်တပ်ရင်း (၂) ရဲဘော်များ ပြုလုပ်

    RNA_ဇွန်(၁၉)၊၂၀၂၃ ခုနှစ်။

    စစ်ကောင်စီ၏ မတရား ဖမ်းဆီးချုပ်နှောင်ခံထားရသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၇၈)နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် မကွေးတိုင်း၊ မင်းဘူးခရိုင်တပ်ရင်း အမှတ် (၂) ရဲဘော်များက ဆုမွန်ကောင်းတောင်းခြင်းနှင့် ခွန်အားဖြည့်မိငယ် သီချင်းဆိုခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

    [embedyt] https://www.youtube.com/watch?v=mJuvWHX-ZFc[/embedyt]

    #RedNewsAgency

  • ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပြည်သူများ၏ ဆုတောင်းစကား

    ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပြည်သူများ၏ ဆုတောင်းစကား

    RNA_ဇွန်(၁၉)၊၂၀၂၃ ခုနှစ်။

    လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ကျရောက်သည့် (၇၈) နှစ်မြောက်မွေးနေ့အတွက် ပြည်သူများက ဆုတောင်းစကားသံများ ပြောကြားထားကြသည်။

    [embedyt] https://www.youtube.com/watch?v=BqPxo5wCvoA[/embedyt]

    #RedNewsAgency

  • PDF စစ်သားလို့ခံယူထားသည့် နဂါးနီစစ်ကြောင်းက CDM ဒုဗိုလ်ကိုဟိန်း

    PDF စစ်သားလို့ခံယူထားသည့် နဂါးနီစစ်ကြောင်းက CDM ဒုဗိုလ်ကိုဟိန်း

    RNA_ဇွန်(၁၆)၊၂၀၂၃ ခုနှစ်။

    စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံး CDM ပြုလုပ်သည့် စစ်တပ်မှ အရာရှိများထဲတွင်ပါခဲ့ပြီး ပထမဆုံး PDF အပတ်စဉ် (၁) သင်တန်းကို သင်တန်းပေးခဲ့သည့် နဂါးနီစစ်ကြောင်းမှ ဒုစစ်ကြောင်မှူး CDM ဒုဗိုလ်ကိုဟိန်းက အာဏာသိမ်းချိန်က ကြုံတွေ့ခဲ့ရပုံများ၊ ထွက်ပြေးလွတ်မြောက်လာမှုနှင့် ယခု လုပ်ဆောင်နေမှုများနှင့်ပတ်သက်ပြီး “ ပြည်သူ့ဘက်သား ရင်တွင်းစကား” အစီအစဉ်မှာ ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=0_ZJcLLAYgQ[/embedyt]

    “ကိုယ့်ကိုယ်ကိုလည်း ကိုယ်လွတ်ရုန်းပြီးတော့မှ ရှင်းရှင်းပြောရရင် တတိယနိုင်ငံလည်း မသွားချင်တော့ဘူး။ အဲဒါကြောင့်မို့လို့ PDF တွေနဲ့ပဲ တူတူနေပြီးတော့ ကိုယ့်ကိုယ်ကိုလည်း PDF စစ်သားလို့ခံယူပြီးတော့မှ လူကြီးတွေ တာဝန်ပေးတဲ့အတိုင်း တာဝန်ကျေပွန်အောင် ထမ်းဆောင်တဲ့ ပြည်သူ့စစ်သားတစ်ယောက်အနေနဲ့ပဲ တာဝန်ယူလိုက်တယ်ပေါ့နော်” ဟုစသဖြင့် CDM ဒုဗိုလ် ကိုဟိန်းက အင်တာဗျူးမှာ ပြောကြားထားသည်။

    နွေဦးတော်လှန်ရေးကာလတွင် အာဏာသိမ်းစစ်ကောင်စီတပ်မှာ ပြည်သူများကို သတ်ဖြတ်၊ ကျေးရွာများကို မီးရှို့နေရသည့် ပြည်သူ့အပေါ် အကြမ်းဖက်လုပ်ရပ်များနှင့် မတရားသည့် အမိန့်အာဏာများအောက် မနာခံနိုင်သည့်အတွက် ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင် တပ်/ရဲ များစွာရှိနေပြီး တိုင်းရင်းသားလက်နက်ကိုင်များ PDF များနှင့် ပူးပေါင်းကာ စစ်ကောင်စီတပ်ကို ပြန်တိုက်နေသူများစွာရှိကြောင်း သိရသည်။

    Red News Agency