စားအုန်းဆီ

စားအုန်းဆီ ၅၀ သားရရှိရေး ရန်ကုန်မြို့မှာ တန်းစီဝယ်နေရ

စားအုန်းဆီ ၅၀ သားရရှိရေး ရန်ကုန်မြို့မှာ တန်းစီဝယ်နေရ

RNA_ဩဂုတ်(၃၁)၊၂၀၂၃ ခုနှစ်။ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ သံစျေးအနီးတဝိုက်မှာ လူတစ်ဦးကို စားအုန်းဆီ ၅၀ သားကို ၂၀၀၀ ကျပ်နှင့်ရောင်းချနေသည့်အတွက် ယနေ့ နံနက်ပိုင်းက တန်းစီဝယ်ခဲ့ကြရကြောင်း သိရသည်။ စားအုန်းဆီ တစ်ပိဿာကို ၁၁၀၀၀ ကျပ်အထိ စျေးတက်သွားခဲ့သည့်အတွက် ရန်ကုန်မြို့နယ်တော်တော်များများတွင် တစ်ပိဿာကို ၄၄၀၀ ကျပ်နှင့် ရောင်းချပေးနေသည့် သတင်းနှင့်အတူ တန်းစီဝယ်ယူနေကြကြောင်း၊ ယနေ့ သြဂုတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ လမ်းမတော်သံစျေးအနီးတဝိုက်မှာ လူတစ်ဦးကို စားဆီ ၅၀ သား၊ ကျပ် ၂၂၀၀ဖြင့် နေရာ ၃ ခုလောက် ရောင်းချခဲ့ကြောင်း သိရသည်။ "အခုက ဆီတစ်ဗူး ၅၀သားပေါ့၊ ၂၂၀၀ နဲ့ရောင်းပေးတာ။…
Read More

စားအုန်းဆီ တပိဿာကို ၄၄၀၀ကျပ်နဲ့ ရောင်းချပေးနေ

RNA_ဩဂုတ်(၃၀)၊၂၀၂၃ ခုနှစ်။ ရန်ကုန်မြို့မှာ စားအုန်းဆီတပိဿာ ကျပ် တသောင်းအထိ မြင့်တက်လာချိန်မှာ ဒညှင်းကုန်းစျေးမှာတော့ တပိဿာကို ၄၄၀၀ကျပ်နဲ့ ရောင်းချပေးနေတာကြောင့် လူအများကြီးတန်းစီဝယ်ယူနေတဲ့ မြင်ကွင်းဖြစ်ပါတယ်။ ဒီနေ့ သြဂုတ်လ၃၀ရက်မှာ‌တော့ စားအုန်းဆီ တပိဿာ ၉၀၀၀၊၉၅၀၀ကျပ်နဲ့ ၁၀ ပိဿာစျေးနှုန်းကို ၈၅၀၀ကျပ်အထိ ပြန်ကျသွားတယ်လို့ Red News Agencyက စုံစမ်းသိရှိရပါတယ်။ #RedNewsAgency
Read More