အမှတ် (၆) တပ်မဟာနယ်မြေမှ စစ်ကောင်စီတပ် (၃) ရက်အတွင်း ထွက်ခွါရန် KNU ထုတ်ပြန်

RNA_မတ် ၉၊၂၀၂၂ခုနှစ်။

စစ်ဘေးရှောင်ပြည်သူများ ကျေးရွာများအတွင်း အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် ကရင်အမျိုးသားအစည်းအရုံး ( KNU) ဒူးပလာယာခရိုင်ဘအမှတ် (၆) တပ်မဟာနယ်မြေ လေးကေကော််ဒေသနှင့် ကော့ကရိတ်တောင်ပိုင်း ဒေသအတွင်း ဝင်ရောက်တပ်စွဲနေသည့် စစ်ကောင်စီတပ်များ (၃) ရက်အတွင်း ပြန်လည်ဆုတ်ခွါရန် သတိပေး ထုတ်ပြန်ထားသည်။

KNU ဒူးပလာယာခရိုင် အတွင်းရေးမှူး စောလစ္စတန်က မတ်လ (၇) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်အ‌သိပေးထားကြောင်း၊ KNU တပ်မဟာ (၆) ဒေသတွင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့မှစပြီး စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ဒေါနအရှေ့ခြမ်း လေးကေ့ကော်မြို့သစ် အပါအဝင် ဒေါနအနောက်ခြမ်း ကော့ကရိတ်တောင်ပိုင်းက ပြည်သူများ ကျေးရွာများကို စွန်ါခွါကာ စစ်ဘေးရှောင်ခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် ယနေ့အထိ KNU အမှတ် (၆) တပ်မဟာ နယ်မြေ ဒေါနအရှေ့ခြမ်းနှင့် အနောက်ခြမ်းတွင် စစ်ကောင်စီတပ်သားများကြောင့် ကျေးရွာများ ဖျက်ဆီးခံနေရပြီး ဒေသခံပြည်သူများ ပြည်လည်အခြေချမနေထိုင်ရဲ့သည့်အတွက် စစ်ကောင်စီတပ်သားများ ထွက်ခွါပေးရန်၊ KNU သည် ကရင်အမျိုးသား ပြည်သူလူထု၏ ရင်ဆိုင်နေရသော ဒုက္ခနှင့် အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် ကူညီဖြေရှင်း ပေးရန် တာဝန်ရှိကြောင်း၊ ထုတ်ပြန်အပြီး (၃) ရက်အတွက် ဆုတ်ခွါခြင်း မရှိပါက KNU ဒူးပလာယာခရိုင် အမှတ် (၆) တပ်မဟာ၏ တာဝန်မဟုတ်ကြောင်း၊ အာဏာသိမ်း စစ်ကောင်စီ၏ တာဝန်ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။

Red News Agency

By Editor