ထန်တလန် CDF ထိန်းချုပ်နယ်မြေ ကျေးရွာ (၅၁) ရွာကို ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေ 

RNA_ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်က ကျေးရွာ (၅၁) ရွာကို CDF- Thantlang က ထိန်းချုပ်ထားပြီး ထန်တလန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဌာနများဖွဲ့စည်းကာ ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

” CDF, Thantlang ထိန်းချုပ်သည့်နယ်မြေအတွင်းရှိ ကျေးရွာပေါင်း (၅၁) ရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ လုပ်ငန်းဆောင်ရွက်ခဲ့ပြီး “အန်တလန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့” ကို ၂၁၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၇၂၈ ရက်နေ့တွင် ဖွဲ့စည်းနိုင်ခဲ့သည်။ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အောက်တွင် ကျန်းမာရေး ပညာရေးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ တရားဌာန၊ လမ်းပန်းဆက်သွယ်ဌာန၊ စိုက်ပျိုးရေးနှင့် မွေးမြူရေဌာန၊ စီမံကိန်း ဘဏ္ဍာ ရေးနှင့် ရင်းနှီးမြုပ်နှံမှုဌာနနှင့် ပြည်တွင်းပြည်ပဆက်ဆံရေးဌာန တို့ဖွဲ့စည်းပြီး ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်း၊ ဆောင်ရွက် နိုင်ခဲ့သည်” ဟု ထန်တလန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မြန်မာ့စစ်တပ်အာဏာသိမ်း (၁) နှစ်ပြည့် (ဖေဖော်ဝါရီ ၁ ရက်နေ့) ထုတ်ပြန်ချက်တွင် ထုတ်ပြန်ထားသည်။

ထန်ကလန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ကျန်းမာရေးဌာနအောက်တွင် ဆေးရုံနှင့်ဆေးခန်းများ ဖွင့်လှစ်ပြီး၊ အများပြည်သူကျန်းမာရေး ဝန်ဆောင်မှုပေးခြင်း၊ ပညာရေးဌာနအောက်တွင် ကျေးရွာပေါင်း (၅၁) ရာ၌ မူလတန်းမှ အလယ်တန်းကျောင်းအထိ ကျောင်းပေါင်း(၅၁) ဖွင့်လှစ်ပြီး ဖယ်ဒရယ်ဒီမိုကရေစီပညာရေးစနစ်အခြေခံသော သင်ကြားနည်းဖြင့် သင်ကြားမှုလုပ်ငန်း ဆောင်ရွက်ခြင်း၊ ပြည်သူ့ရဲတပ်ဖွဲ့အောက်တွင် ထန်ကလန်မြို့နယ် တရာဥပဒေစိုးမိုးမှုရှိနိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်ခြင်း၊ တရာရေးဌာနအောက်တွင် ပြည်သူလူထုက တင်ပြတိုင်ကြားသည့်မှုခင်း အားလုံးကို တရာဥပဒေနှင့်အညီ ချင်းရိုးရာဓလေ့ထုံးတမ်းစဉ်လာအရ တရားစီရင်မှုလုပ်ငန်း ဆောင်ရွက်ခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးဌာနအောက်တွင် ကျေးရွာချင်း ဆက်လမ်းများတူးဖော်ခြင်း၊ ပျက်စီးသည့်လမ်းများ ပြုပြင်ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်အတွင်း ထန်တလန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့် အဓိပတိလက္ခာဖြစ်သော ပြည်သူများဘေးကင်း လုံခြုံရေး၊ အုပ်ချုပ်ရေး ယန္တရားများ ကောင်းမွန်စွာလည်ပတ်နိုင်ရေး၊ ပညာရေးနှင့်ကျန်းမာရေးဝန်ဆောင်မှု ကောင်းမွန်စွာပေးအပ်နိုင်ရေး စသည့်လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ စစ်အာဏာရှင်စနစ် အမြစ်ပျက်ချေမှုန်းရေး ချင်းလူမျိုးများကိုယ်ပိုင်ပြဌာန်းခွင့်ရရှိနိုင်ရေးနှင့် ဖယ်ဒယ်ရယ်ဒီမိုကရေစီ ရရှိနိုင်ရေးအတွက် မိဘပြည်သူလူထုများအနေဖြင့် မဆုတ်မနစ် ဆက်လက်လက်တွဲပူပေါင်းရန် ပြည်အုပ်ချုပ်ရေးအဖွဲ့၊ ထန်တလန်မြို့နယ်မှ အထူးတိုက်တွန်းနှိုးဆော်အပ်ပါသည်ဟု ထန်တလန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ‌ဖေဖော်ဝါရီလ ၁ ရက်နေ့က ထုတ်ပြန်ထားသည်။

Red News Agency

By Editor