Category: အင်တာဗျူး
-

လက်နက်ကြီးများထုတ်လုပ်ကာ မဟာမိတ်များနှင့် မျှဝေပြီး တိုက်ပွဲဝင်နေသည့် Golden Eagle Defence Force
RNA_ဧပြီ(၇)၊၂၀၂၃ ခုနှစ်။သေနတ်အစစ်များရှားပါးနေသည့် စစ်ကိုင်းတိုင်းအတွင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် လက်လုပ် လက်နက်ကြီးများကို အားကိုးအားထားပြုတိုက်ခိုက်နေရသည့်အတွက် လက်နက်ကြီးများ ထုတ်လုပ်နေသည့် Golden Eagle Defence Force ခေါင်းဆောင် ကိုသိမ်းငှက်ကို Red News Agency က မေးမြန်းထားသည်။စစ်ကိုင်းတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် Golden Eagle Defence Force တပ်ဖွဲ့သည် လက်နက်ကြီးများ ထုတ်လုပ်ကာ စစ်ကောင်စီတပ်ကို မဟာမိတ်များနှင့်ပူးပေါင်းပြီး တိုက်ခိုက်နေကြကြောင်း၊ မဟာမိတ်များနှင့်အတူ တိုက်ပွဲများတွင် အနီးကပ် ပစ်ခတ်မှုများထက် မိုင်းဆွဲခြင်း၊ လက်လုပ်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကိုသာ အဓိကထားတိုက်ခိုက်နေရကြောင်း၊ လက်နက်အစစ်များလည်း လိုအပ်နေကြောင်း သိရသည်။[embedyt] https://www.youtube.com/watch?v=f41bLHgSzlM[/embedyt] -

ကရင်နီပြည်နယ်၏ ၆၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထား
RNA_ဧပြီ(၅)၊၂၀၂၃ ခုနှစ်။“စစ်ကောင်စီတပ်သားတွေက ရှေ့တန်းမှာ အသေခံပေးနေရတယ်လို့ ပြောလို့ရတယ်၊ သူတို့ကို အမိန့်ပေးတဲ့သူကတော့ ပေးနေတာ သူတို့ရဲ့ တပ်သားတွေက အတုန်းအရုန်းကို သေနေကြတာ၊ သေပေးနေရတာပေါ့နော် အဲ့တဖွဲ့တက်လာတယ် အဲတဖွဲ့သေသွားရင် နောက်တဖွဲ့တက်လာ ထပ်သေ အလောင်းတွေလည်း ပြန်မဆွဲဘူး ရတဲ့ သေနတ်လောက်ပဲ ပြန်ဆွဲသွားတယ်။ စစ်မြေပြင်မှာဆိုလို့ရှိရင်ဗျာ စစ်ကောင်စီတပ်သားတွေက ဆောက်တည်ရာမရတော့ဘူး ဦးတည်ရာပတ်ပြေးနေကြရတာ အဲသလိုအနေအထားမျိုးပေါ့” ဟု စစ်မြေပြင်နှင့်ပတ်သက်ပြီး KNDFဗဟို သတင်းပြန်ကြားရေးနှင့် ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။[embedyt] https://www.youtube.com/watch?v=gn6JTynq88E[/embedyt]နွေဦးတော်လှန်ရေးအတွင်း ခုခံစစ်အားကောင်းသည့် ကရင်နီ (ကယား) ပြည်နယ်တွင် ၆၀ ရာခိုင်နှုန်လောက်ကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်ပြီး၊ ကြားခံ စစ်မြေပြင်အဖြစ် ၂၀ ရာခိုင်နှုန်း၊ မြို့ပေါ်ထိန်းချုပ်မှု အနည်းငယ်သာရှိသည့် စစ်ကောင်စီတပ်က ၂၀ ရာခိုင်နှုန်းလောက်သာ ထိန်းချုပ်ထားနိုင်ကြောင်းနှင့် လတ်တလောက် တိုက်ပွဲအခြေအနေများ စသည်တို့ကို KNDF ဗဟို သတင်းပြန်ကြားရေးနှင့် ပြန်ကြားရေးတာဝန်ရှိသူက Red News Agency ကို ပြောကြားထားသည်။#RedNewsAgency -

ကျောက်ထုမြို့နယ် စံရွာအနောက်တောင်ကြောတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၀) ဦးခန့် သေဆုံး
RNA_ဧပြီ(၁)၊ ၂၀၂၃ ခုနှစ်။မကွေးတိုင်း၊ ကျောက်ထုမြို့နယ်၊ စံရွာ အနောက်မြောက်တောင်ကြောတွင် စစ်ကောင်စီတပ် အင်အား (၁၃၀) ခန့်ပါ စစ်ကြောင်းနှင့် YDF ယောနက စစ်ကြောင်း၊ CDF – Mindat၊ ကျောက်ထုPDF တို့နှင့် မတ်လ (၃၀) ရက်နေ့ နေ့လည် (၁၂) နာရီဝန်းကျင်မှ (၂)နာရီ ၂၀ မိနစ်ဝန်းကျင်အထိ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ (၁၀) ဦးခန့်သေဆုံးကြောင်း ယောကာကွယ်ရေးတပ် – YDF မှ ယနေ့ ထုတ်ပြန်ထားသည်။ဒေသခံတစ်ဦး၏အဆိုအရ “ဒီနေ့ လေကြောင်းတိုက်ခိုက်မှု့ ဖြစ်ပွားတဲ့ ဆောမြို့နယ်နှင့် မင်းတပ်မြို့နယ်အစပ် ထိတွေ့မှုအပြီး ညနေပိုင်းမှာ စခတွေ စံရွာထဲကို အထမ်းတွေနဲ့ ပြန်ဝင်လာတာတွေ့ရတယ်ဗျ ။ အထမ်းအရေအတွက်ကတော့ အတော်လေးများတယ်လို့ ပထမသိရပါသေးတယ်။ အရေအတွက်ဆက်လက်စုံစမ်းဆဲပါဗျ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ -

တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ခလရ (၂၈၇) မှ (၁၅) ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းများ ဆုံးရှုံး
RNA_မတ်(၃၁)၊၂၀၂၃ ခုနှစ်။
ကရင်နီပြည်(ကယား)နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါလျာခူကျေးရွာအနီးရှိ ညေးဘူးခူတောင်ပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ ခလရ (၂၈၇) အား KA ၊ KNDF စသည့် တပ်ပေါင်းစုတပ်ဖွဲ့မှ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၁၅) ဦးအထက် သေဆုံးပြီး လက်နပ်ခဲယမ်းများ ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ၊ ဒေါလျားခူကျေးရွာ အရှေ့မျက်နှာစာ ညေးဘူးခူတောင်ပေါ်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အား မတ်လ (၂၉/၃၀) ရက်နေ့က ကရင်နီတပ်မတော် (KA) ၊ KNDF ဗျူဟာ (၆)မှ တပ်ရင်းများဖြစ်သော KNDF/B (10) ၊ KNDF/B (15) ၊ နှင့် ဗျူဟာ (၄) မှ တပ်ရင်းများဖြစ်သော KNDF/B01၊ KNDF/B05၊ KNDF/B06 ၊KNDF/B (07) များပူးပေါင်း၍တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
-

မယ်ခါးထာစခန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၆) ဦးသေ (၇) ဦးဒဏ်ရာရ
RNA_မတ်(၃၀)၊၂၀၂၃ခုနှစ်။မာနယ်ပေလောကျဆုံးပြီးချိန်မှစ၍ စစ်ကောင်စီတပ်အထိုင်ချနေသည့် သံလွင်မြစ်ကမ်းနားရှိ မယ်တရိထာ(ခေါ်)မယ်ခါးထာစခန်းအား KNLA နှင့် မဟာမိတ်များက ပြန်လည်သိမ်းယူသည့်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ (၁၆) ဦးသေဆုံးပြီး (၇) ဦးဒဏ်ရာရရှိခဲ့သည်ဟု KNU မူတြော် သတင်းစဉ်က ယနေ့ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ် အထိုင်ချနေထိုင်သည့် မယ်တရိထာ(ခေါ်)မယ်ခါးထာစခန်းစခန်းသိမ်းကို (၄၅) မိနစ်ကြာတိုက်ပွဲအပြီး မတ်လ (၂၈) ရက်နေ့ နံနက် (၅) နာရီတွင် ပြန်လည်သိမ်းပိုက်ခဲ့နိုင်ကြောင်း၊ ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်သား(၇) ဦးထဲမှ (၅) ဦးသည်ထိုင်းဖက်ခြမ်းသို့ ကူးခတ်လွတ်မြောက်သွားသည့်အတွက် ထိုင်းတော်ဝင်တပ်မတော်မှနီးစပ်ရာရှိထိုင်းပြည်သူ့ဆေးရုံမှဆေးကုသမှုပေးလျှက်ရှိကြောင်း၊ တိုက်ပွဲအတွင်း KNLA နှင့် FFD ပူးပေါင်းတပ်ဖက်မှ ရဲဘော်တဦးကျဆုံးခဲ့ပြီး (၈)ဦးဒဏ်ရာရှိခဲ့ကြောင်း သိရသည်။ -

ပါတီဖျက်သိမ်းကြောင်း ထုတ်ပြန်သည့်အပေါ် “ ပြည်သူရှိသ၍ ပါတီရှိနေမည်” ဟု NLD ပါတီထုတ်ပြန်
RNA_မတ်(၂၉)၊၂၀၂၃ ခုနှစ်။အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ UEC က NLD နှင့် SNLD အပါအဝင် ပါတီ (၄၀) ကို ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်ကော်မတီမှ “ပြည်သူရှိသ၍ ပါတီရှိနေမည်”ဟု ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။
“၁၉၈၈ ခုနှစ်ဒီမိုကရေစီအရေးတော်ပုံကြီးမှ စတင်ပေါက်ဖွားလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီသည် ပြည်သူလူထု၏မျှော်မှန်းချက်များနှင့် အကျိုးစီးပွားကိုသာ ဦးထိပ်ပန်ဆင်ဆောင်ရွက်လျက်ရှိကာ ပြည်သူလူထု၏အဆုံးအဖြတ်ကိုသာ ခံယူနေသောပါတီဖြစ်သည်နှင့်အညီ ပြည်သူရှိသ၍ ပါတီရှိနေမည်ဖြစ်ပြီး ပြည်သူလူထု၏ မျှော်မှန်းချက်များပြည့်မီသည်အထိ ရနိုင်သည့်နည်းလမ်းပေါင်းစုံတို့ဖြင့် ကြိုးပမ်းသွားမည် ဖြစ်ကြောင်းနှင့် ပြည်သူနှင့်တစ်သားတည်းရပ်တည်ပြီး ပြန်လည်မှတ်ပုံမတင်သော နိုင်ငံရေးပါတီများကိုလည်း အသိအမှတ်ပြုလေးစားပါကြောင်း အသိပေးအပ်ပါသည်” ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ -

NUG – MOD- PDF တော်ဝင်ဒေါင်းစစ်ကြောင်း ရဲဘော်များ ကျည်အစစ်များအသုံးပြု စစ်ရေးလေ့ကျင့်
RNA_မတ်(၂၇)၊၂၀၂၃ ခုနှစ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၂ )စစ်ဒေသ၊ တောင်ပိုင်းစစ်ဒေသအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် တော်ဝင်ဒေါင်းစစ်ကြောင်းမှရဲဘော်များ ကျည်အစစ်များသုံးကာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း ယနေ့ ပြည်သူများကို အသိပေးထားသည်။

စစ်မြေပြင်၌ အထောက်ကူဖြစ်စေရန် တိုက်ပွဲဖော်ဆောင်သည့် ထိတွေ့တိုက်ပွဲငယ်များအတိုင်း လက်တွေ့ကျည်အစစ်များသုံးကာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ရှေ့တန်းမထွက်မီ နောက်တန်းတွင် ကျန်ခဲ့သည့် ရဲဘော်များအနေဖြင့် လေ့ကျင့်သားပိုမိုပြည့်ဝစေရန် တိုက်ပွဲပုံစံများဖော်ဆောင်၍ ကျည်အစစ်များသုံးကာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လေ့ကျင့်ခဲခြင်းဖြစ်သည်ဟု Royal Peacock Column က ဓာတ်ပုံများနှင့်တကွ အသိပေးထားသည်။ (more…)
-

ဒေါတမကြီးကျေးရွာအတွင်း တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အရာရှိများအပါအဝင် (၉၀) ကျော်သေဆုံး
RNA_မတ်(၂၅)၊၂၀၂၃ ခုနှစ်။ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြိးကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို မတ်လ (၂၀) ရက်နေ့မှ (၂၃) ရက်နေ့အထိ KA ၊ KNDF /B (10) ၊ KNDF/B (15) ၊ KNDF/B (16) ၊ KNDF/ETD၊နေပြည်တော် PDF တို့ပူးပေါင်းကာ တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိများအပါအဝင် (၉၀) ကျော်သေဆုံးပြီး (၅၀) ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း သိရသည်။၂၀၂၃ ခုနှစ်၊ မတ်လ (၈)ရက်နေ့ မှစ၍ ကရင်နီပြည်နယ်၊ ဘောလခဲမြို့မှ ဒီးမော့ဆိုမြို့နယ် ၊ ဒေါညင်းခူကျေးရွာဖက်သို့ စစ်ကြောင်း (၃)ကြောင်း အင်အား (၃၃၀)ခန့်ဖြင့် ဝင်ရောက်လာချိန် ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ ခုခံတိုက်ခိုက်ခဲ့ကြကြောင်း၊ စစ်ကောင်စီ၏ စကခ (၂)လက်အောက်ခံ တပ်ရင်း (၃)ရင်းဖြစ်သည့် ခလရ (၁၂) ၊ ခမရ (၅၁၆)၊ ခမရ (၅၁၅) တပ်ရင်းများမှာ ဒေါညင်းခူ ၊ ဒေါဆိုဖျ ၊ ဒေါတမကြီးကျေးရွာမျာထဲသို့ စတင်ထိုးစစ်ဆင်ဝင်ရောက်လာဖြင်းဖြစ်သည်ဟု KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာမှ ယနေ့ ထုတ်ပြန်ထားသည်။
-

စကစ အထိုင်စခန်းတွေကလွဲရင် နယ်မြေစိုးမိုးထားနိုင်ပြီ
RNA_မတ်(၂၄)၊၂၀၂၃ခုနှစ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နှင့်မြိုင်မြို့နယ်တို့တွင် တပ်ဖွဲ့အင်အားများဖြန့်ကျက် အထိုင်ချစခန်းများပြုလုပ်ထားနိုင်သည့် M7 People’s Defense Army ခေါင်းဆောင် ဗိုလ်မင်းရောင်ကို Red News Agency ကမေးမြန်းထားသည်။
[embedyt] https://www.youtube.com/watch?v=X37p4UhO4Mw[/embedyt]
နယ်မြေစိုးမိုးနှင့် လက်တလော အခြေအနေများ၊ လက်နက်ကိုင်တော်လှန်ရေးတွင် ပြည်သူများ၏ ပါဝင်မှုများ၊ နွေဦးတော်လှန်ရေး ပန်းတိုင်စသည်တို့ကို M7 People’s Defense Army ခေါင်းဆောင်ဗိုလ်မင်းရောင်ကပြည့်ပြည့်စုံစုံဖြေကြားထားသည်။
Red News Agency
-

စစ်ကောင်စီတပ်၏ ၈၅ စီးပါယာဉ်တန်းကို ပဒေသာမိုင်း အလုံး (၂၀) ဖြင့် ဖောက်ခွဲတိုက်ခိုက်
RNA_မတ်(၁၉)၊၂၀၂၃ ခုနှစ်။
ချင်းပြည်နယ်၊ မင်းတပ်ဘက်သို့တက်လာသည့် စစ်ကောင်စီတပ် (၈၅) စီးပါ ယာဉ်တန်းကို ပဒေသာမိုင်း အလုံး(၂၀) ဖြင့် CDF- Mindat တပ်ဖွဲ့မှ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်း၊ ပခုက္ကူမြို့၊ စစ်ကောင်စီတပ် တပ်မ (၁၀၁) မှ ထွက်လာသည့် ယာဉ်တန်း ကျောက်ထု -မင်းတပ်ဘက် တက်လာစဉ် မတ်လ (၁၆) ရက်နေ့က ပဒေသာမိုင်းဖြင့်တိုက်ခိုက်ရာ ယာဉ် (၂) စီး ပျက်စီးသွားပြီး၊ အသေအဆုံး အတိအကျမသိရှိရသေးကြောင်း CDF- Mindat ကထုတ်ပြန်ထားသည်။