လက်နက်ကြီးများထုတ်လုပ်ကာ မဟာမိတ်များနှင့် မျှဝေပြီး တိုက်ပွဲဝင်နေသည့် Golden Eagle Defence Force 

RNA_ဧပြီ(၇)၊၂၀၂၃ ခုနှစ်။
 
သေနတ်အစစ်များရှားပါးနေသည့် စစ်ကိုင်းတိုင်းအတွင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် လက်လုပ် လက်နက်ကြီးများကို အားကိုးအားထားပြုတိုက်ခိုက်နေရသည့်အတွက် လက်နက်ကြီးများ ထုတ်လုပ်နေသည့် Golden Eagle Defence Force ခေါင်းဆောင် ကိုသိမ်းငှက်ကို Red News Agency က မေးမြန်းထားသည်။
 
စစ်ကိုင်းတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် Golden Eagle Defence Force တပ်ဖွဲ့သည် လက်နက်ကြီးများ ထုတ်လုပ်ကာ စစ်ကောင်စီတပ်ကို မဟာမိတ်များနှင့်ပူးပေါင်းပြီး တိုက်ခိုက်နေကြကြောင်း၊ မဟာမိတ်များနှင့်အတူ တိုက်ပွဲများတွင် အနီးကပ် ပစ်ခတ်မှုများထက် မိုင်းဆွဲခြင်း၊ လက်လုပ်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကိုသာ အဓိကထားတိုက်ခိုက်နေရကြောင်း၊ လက်နက်အစစ်များလည်း လိုအပ်နေကြောင်း သိရသည်။

 
Golden Eagle Defence Force အဖွဲ့သည် လက်နက်ကြီးများ ထုတ်လုပ်ရန်နှင့် လက်နက်အစစ်များအတွက် လိုအပ်ချက်များရှိကြောင်း၊ နွေဦးတော်လှန်ရေးတွင် ပြည်သူများအနေဖြင့် ဆက်လက်ပူးပေါင်းပါဝင်စေလိုကြောင်း၊ လက်တလော ဒေသတွင်းအခြေအနေများ စသည်တို့ကို အဖွဲ့ခေါင်းဆောင် ကိုသိမ်းငှက်က ပြောကြားထားသည်။
 
#RedNewsAgency
By Editor