22
Apr
CDM လုပ်ခဲ့တဲ့ကျွန်တော် ယုံကြည်ရာတစ်ခုအတွက် တစ်နှစ်ကျော် ၂ နှစ်နီးပါးလျှောက် လာခဲ့တဲ့လမ်းမှာ ခက်ခဲခဲ့ပါတယ်။ ကျွန်တော်အဓိကပြောချင်တဲ့အချက်ကတော့ ကိုယ်ယုံကြည်လို့ လျှောက်တဲ့လမ်းဟာ ကြမ်းရင်ကြမ်းတမ်းနေလိမ့်မယ်၊ ခက်ခဲရင် ခက်ခဲလိမ့်မယ် ဒါပေမဲ့ လဲပြိုမသွားဘူး ဇော်ရဲအောင် (CDM တပ်ကြပ်ကြီး) ကျွန်တော်ရွေးခဲ့တဲ့လမ်းဟာ အရမ်းမှောင်နေတယ်ဆိုပေမဲ့ အလင်းရောင်ကိုမမြင်နိုင်တာတော့မဟုတ်ပါဘူး။ ဟိုးအဝေးတစ်နေရာမှာ ရောင်နီသန်းနေတဲ့ အလင်းမှိန်မှိန်လေးကိုတော့ တွေ့နေရပါတယ်။ အဲဒီအလင်းရောင်လေးနားကိုရောက်ဖို့ ကျွန်တော်ကြိုးစားနေပါတယ် ယုံကြည်ချက်အပြည့်နဲ့ပေါ့။ အရင်ကျွန်တော် CDM လုပ်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချခဲ့တဲ့အချိန်တုန်းက ကျွန်တော်ရဲ့အတွေးဟာ ဒီတော်လှန်ရေး နိုင်မယ်ဆိုတာသိတယ် ခက်ခဲမယ်လို့မတွေးခဲ့ဘူးဘူး။ ဒီလိုအတွေးနဲ့ကျွန်တော်ဟာ အကြမ်းဖက်စစ်တပ်ရဲ့အရိပ် ကနေထွက်လာခဲ့ပြီး ပြည်သူ့ဘက်ကို ရပ်တည်ခဲ့ပါတယ်။ လွယ်လွယ်လေး တွေးခဲ့တဲ့ကျွန်တော်ပေါ့။ ပြည်သူ့ဘက်ကိုရပ်တည်လာတဲ့အချိန်မှာလဲ ကျွန်တော်ဘာလုပ်ရမယ်ဆိုတာမသိခဲ့ဘူး။ ဘယ်သူတွေနဲ့ချိတ်ဆက်ပြီး ကိုယ် ဒီတော်လှန်ရေးအတွက်…