Author: RNA Editor

  • ပျူရွာကို သိမ်းပိုက်စဉ် စစ်ကူလာသော စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦးအပါအဝင် (၁၄) ဦးသေဆုံး

    ပျူရွာကို သိမ်းပိုက်စဉ် စစ်ကူလာသော စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦးအပါအဝင် (၁၄) ဦးသေဆုံး

    RNA_ဒီဇင်ဘာ(၂၂)၊၂၀၂၄ ခုနှစ်။

    မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကွပျူရွာရှိ စစ်ကောင်စီလက်အောက်ခံစခန်းတို့ကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကူလာသော စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး ဗိုလ်တစ်ဦးအပါအဝင် အနည်းဆုံး (၁၄) ဦးသေဆုံးကာ ထိုပ်ခိုက်ဒဏ်ရာများဖြင့် ရှေ့ဆက်မတိုးနိုင်သည့်အတွက် မြိုင်မြို့ပေါ် ဆုတ်သွားကြောင်း မြိုင် ပ.က.ဖ ကယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • စစ်ရာဇဝတ်ကျူးလွန်သော စစ်ကောင်စီလက်အောက်ခံများကို ဖမ်းဆီးရမိပါက အာရက္ခတပ်တော်မှ အရေးယူမည်

    စစ်ရာဇဝတ်ကျူးလွန်သော စစ်ကောင်စီလက်အောက်ခံများကို ဖမ်းဆီးရမိပါက အာရက္ခတပ်တော်မှ အရေးယူမည်

    RNA_ဒီဇင်ဘာ(၂၂)၊၂၀၂၄ခုနှစ်။

    စစ်ရှုံးစစ်ကောင်စီ၏ စစ်ရာဇဝတ်ကျူးလွန်နေမှုများကို အာရက္ခတပ်တော် (AA) အနေဖြင့် သေချာစွာ မှတ်တမ်းတင်ထားပြီး ကျူးလွန်ခဲ့သော တပ်ရင်း၊ တပ်မများနှင့် အမိန့်ပေး ညွှန်ကြားသူများကို ဖမ်းဆီးရမိပါက ပြစ်မှုများနှင့်ထိုက်တန်သော ပြစ်ဒဏ်များကို စီရင်ချမှတ်သွားမည်ဖြစ်ကြောင်း AA ကထုတ်ပြန်ထားသည်။

    (more…)

  • တော်လှန်ရေးအခြေအနေက အားရစရာကောင်းနေပြီ

    တော်လှန်ရေးအခြေအနေက အားရစရာကောင်းနေပြီ

    RNA_ဒီဇင်ဘာ(၂၁)၊၂၀၂၄ခုနှစ်။
     
    တော်လှန်ရေးအခြေအနေက အားရစရာကောင်းနေပြီး အညာလူထုတစ်ရပ်လုံး အားသွန်ခွန်စိုက်ပါဝင်နေကြောင်း၊ ယုံကြည်ချက်တစ်ခုတည်းဖြင့် ပန်းတိုင်ကို လျှောက်လှမ်းနေသည့်အတွက် ပန်းတိုင်ကိုရောက်မည်ဟု ယုံ​ကြည်ကြောင်း စသဖြင့် ရဲဘော်လွင်ဂူးက ပြော​ပြထားသည်။
    [embedyt] https://www.youtube.com/watch?v=1XQfnnelQxk[/embedyt]
    Red News Agency
  • KNDF ထံ အလင်းဝင်လာသော CDM များကို လုံခြုံအေးဆေးစွာ စောင့်ရှောက်ထား

    KNDF ထံ အလင်းဝင်လာသော CDM များကို လုံခြုံအေးဆေးစွာ စောင့်ရှောက်ထား

    RNA_ဒီဇင်ဘာ(၂၁)၊၂၀၂၄ခုနှစ်။
     
    ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ထံ အလင်းဝင်လာသော စစ်ကောင်စီလက်အောက်ခံများကို လုံခြုံအေးချမ်းစွာ စောင့်ရှောက်ထားပြီး မိသားစုနှင့် အဆက်အသွယ်ရအောင် ကြိုးစားဆောင်ရွက်ပေးမှုများရှိပြီး CDM များ ပျော်ရွှင်စွာနေထိုင်ကြရကြောင်း KNDF ကထုတ်ပြန်ထားသည့် ရုပ်သံတွင် CDM များကိုယ်တိုင် ပြောကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=uMvqSlQQIBc[/embedyt]
    #RedNewsAgency #REDNEWS #REDNEWS
  • အာရက္ခတပ်တော်အနေဖြင့် အမ်းမြို့ကို အလုံးစုံသိမ်းပိုက်ထားနိုင်ပြီး ဂွမြို့တွင်လည်း သုံးပုံ နှစ်ပုံခန့်ကို သိမ်းပိုက်ထားနိုင်

    အာရက္ခတပ်တော်အနေဖြင့် အမ်းမြို့ကို အလုံးစုံသိမ်းပိုက်ထားနိုင်ပြီး ဂွမြို့တွင်လည်း သုံးပုံ နှစ်ပုံခန့်ကို သိမ်းပိုက်ထားနိုင်

    RNA_ဒီဇင်ဘာ(၂၁)၊၂၀၂၄ခုနှစ်။

    အာရက္ခတပ်တော် (AA) အနေဖြင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို သိမ်းပိုက်နိုင်ပြီး အမ်းမြို့ကို အလုံးစုံသိမ်းပိုက်ထားနိုင်ပြီးနောက် ဂွမြို့ကိုလည်း သုံးပုံနှစ်ပုံခန့် သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

    အမ်းမြို့ နပခ ကို ဒီဇင်ဘာလ (၂၀) ရက်နေ့၊ မွန်းတည့် (၁) နာရီ (၄၀) မိနစ်တွင် အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့မှုအတွင်း နပခ (အမ်း) ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း နှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့အား အရှင်လက်ရဖမ်းဆီးရမိခဲ့သည်ဟု AAကထုတ်ပြန်ထားသည်။

    (more…)

  • အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော် အပြီးသတ်သိမ်းပိုက်

    အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော် အပြီးသတ်သိမ်းပိုက်

    RNA_ဒီဇင်ဘာ(၂၀)၊၂၀၂၄ခုနှစ်။

    ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော် (AA)မှ ယနေ့ (ဒီဇင်ဘာ ၂၀ ရက်)တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

    အမ်းမြို့ကို အာရက္ခတပ်တော်မှ သိမ်းပိုက်နိုင်လိုက်ပြီဖြစ်ပြီး နပခ အတွင်းမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများကို လိုက်လံဖမ်းဆီးနေကြောင်း၊ နပခ နောက်ဆုံးသိမ်းပိုက်မှုအတွင်း ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကိုလည်း အရှင်ဖမ်းဆီးရမိခဲ့သည်ဟု AA ပြောခွင့်ရသူ ဦးခိုင်သုခက ရခိုင်ဒေသတွင်း သတင်းဌာနများကို ပြောကြားထားသည်။

    (more…)

  • မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ၁၂၃ ဦးနှင့်အတူ မိသားစုဝင်များပါ လက်နက်ချအညံ့ခံ

    မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ၁၂၃ ဦးနှင့်အတူ မိသားစုဝင်များပါ လက်နက်ချအညံ့ခံ

    RNA_ဒီဇင်ဘာ(၂၀)၊၂၀၂၄ခုနှစ်။

    ချင်းညီနောင်စစ်ဆင်းရေးအနေဖြင့် မင်းတပ်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေစဉ် မြို့ပေါ်ရှိစစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ထားနိုင်သည့်အပြင် စစ်ကောင်စီလက်အောက်ခံ စစ်နှင့်ရဲ ၁၂၃ ဦးနှင့်အတူ မိသားစုဝင်များပါ လက်နက်ချအညံ့ခံခဲ့ကြောင်း သိရသည်။

    မင်းတပ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့ဝင်များ တပ်စွဲထားသော စံမင်းသီရိစေတီကုန်၊ ဝန်ထမ်းအိမ်ရာလိုင်းခန်း(စံပြရပ်ကွက်)၊ ခရိုင်ဆောက်လုပ်ရေးဝင်း၊ တာဝါတိုင်ကုန်း၊ ဟိုတယ် (မင်းတပ်)၊ မင်းတပ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်းနှင့် ခလရ (၂၇၄) တပ်ရင်းတို့ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီး၊ ဒီဇင်ဘာ ၁၅ ရက်နေ့က မင်းတပ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း (၁၂၃) ဦးနှင့်အတူ ၎င်းတို့မိသားစုဝင်များပါ လက်နက်ချအညံခံခဲ့ကြသည်ဟု ချင်းညီနောင်အဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • နပခမှ စစ်ကောင်စီလက်အောက်ခံများ ပြေးပြေးလွှားလွှားအလင်းဝင်ကြ

    နပခမှ စစ်ကောင်စီလက်အောက်ခံများ ပြေးပြေးလွှားလွှားအလင်းဝင်ကြ

    RNA_ဒီဇင်ဘာ(၂၀)၊၂၀၂၄ခုနှစ်။

    ရခိုင်ပြည်နယ်၊ အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အတွင်းမှ စစ်ကောင်စီလက်အောက်ခံများ ဒီဇင်ဘာ (၁၈) ရက်နေ့က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြားမှ အာရက္ခတပ်တော် (AA) ထံ ပြေးပြေးလွှားလွှား အလင်းဝင်ခဲ့ကြသည်။

    (more…)

  • မွန်တိုင်းရင်းသားတော်လှန်ရေးတပ် (၄) တပ်ပေါင်းပြီး ပူးတွဲစစ်ရေးလှုပ်ရှားမည်

    မွန်တိုင်းရင်းသားတော်လှန်ရေးတပ် (၄) တပ်ပေါင်းပြီး ပူးတွဲစစ်ရေးလှုပ်ရှားမည်

    RNA_ဒီဇင်ဘာ(၁၉)၊၂၀၂၄ခုနှစ်။

    မွန်တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များဖြစ်သော မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (MNLA-AD)၊ မွန်ပြည် ကာကွယ်ရေးတပ် (MSDF) နှင့် မွန်ပြည် တော်လှန်ရေးတပ် (MSRF) တို့၏ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားမှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

    (more…)

  • စစ်ကောင်စီ၏ တမခ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို AA အသေဖမ်းဆီးရမိ

    စစ်ကောင်စီ၏ တမခ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို AA အသေဖမ်းဆီးရမိ

    RNA_ဒီဇင်ဘာ(၁၉)၊၂၀၂၄ခုနှစ်။

    ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားသော စစ်ကောင်စီလက်အောက်ခံ အမှတ် (၂၂) ခြေမြန်တပ်မဌာနချုပ် (တမခ-၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အာရက္ခတပ်တော် (AA) မှ အသေဖမ်းဆီးရမိကြောင်း သိရသည်။

    နခခ-၅ မှ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးလွတ်မြောက်နေသော တပ်မမှူးတစ်ဦးဖြစ်သည့် တမခ-၂၂ တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အခေါက်ရွှေတုံးအချို့၊ ရွှေထည်အချို့အပါအဝင် ငွေသားသိန်း (၈၀၀) ခန့်နှင့်အတူ ဒီဇင်ဘာ (၁၇) ရက်နေ့ မွန့်တည့် (၁၂) နာရီခန့်တွင် မောင်တောမြို့နယ်၊ ရွှေဇားကပ္ပကောင်းချောင်းအနိး ပုစွန်ကန်တဲအတွင်း၌ အသေဖမ်းဆီးရမိခဲ့သည်ဟု AA ကယမန်နေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။

    (more…)