နပခမှ စစ်ကောင်စီလက်အောက်ခံများ ပြေးပြေးလွှားလွှားအလင်းဝင်ကြ

RNA_ဒီဇင်ဘာ(၂၀)၊၂၀၂၄ခုနှစ်။

ရခိုင်ပြည်နယ်၊ အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အတွင်းမှ စစ်ကောင်စီလက်အောက်ခံများ ဒီဇင်ဘာ (၁၈) ရက်နေ့က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြားမှ အာရက္ခတပ်တော် (AA) ထံ ပြေးပြေးလွှားလွှား အလင်းဝင်ခဲ့ကြသည်။

စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြားမှ အလင်းဝင်လာသော နပခ အတွင်းမှ အလင်းဝင်လာသော စစ်ကောင်စီလက်အောက်ခံများကို အာရက္ခတပ်တော်မှ ကယ်ထုတ်ခဲ့ကြောင်း၊ နပခအတွင်း စစ်ကောင်စီလက်အောက်ခံများမှာ ရေဝအောင် မသောက်ရသည်မှာ ၅ ရက်မျှရှိပြီဖြစ်ပြီး စစ်​ကောင်စီကို မကျေနပ်သည့်အတွက် လက်နက်ချအလင်းဝင်ခြင်းဖြစ်သည်ဟု AA ထုတ်ပြန်သည့် ရုပ်သံတွင် တွေ့ရှိရသည်။

Red News Agency

By RNA Editor