ပျူရွာကို သိမ်းပိုက်စဉ် စစ်ကူလာသော စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦးအပါအဝင် (၁၄) ဦးသေဆုံး

RNA_ဒီဇင်ဘာ(၂၂)၊၂၀၂၄ ခုနှစ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကွပျူရွာရှိ စစ်ကောင်စီလက်အောက်ခံစခန်းတို့ကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကူလာသော စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး ဗိုလ်တစ်ဦးအပါအဝင် အနည်းဆုံး (၁၄) ဦးသေဆုံးကာ ထိုပ်ခိုက်ဒဏ်ရာများဖြင့် ရှေ့ဆက်မတိုးနိုင်သည့်အတွက် မြိုင်မြို့ပေါ် ဆုတ်သွားကြောင်း မြိုင် ပ.က.ဖ ကယနေ့ ထုတ်ပြန်ထားသည်။


သရက်ကွပျူရွာကို ဒေသတွင်း တော်လှန်ရေးအင်အားစုများက ဒီဇင်ဘာ (၁၉) ရက်နေ့တွင် စတင်တိုက်ခိုက်ရာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြားမှ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ပျူရွာမကျရေး လေကြောင်း ပစ်ကူအပြင် မြိုင်မြို့ပေါ်မှလည်း အင်အား ၁၅၀ ခန့် စစ်ကူလွှတ်ရာ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် တိုက်ပွဲ (၂) ကြိမ်ဖြစ်ပြီး ထိခိုက်သေဆုံးမှုများဖြင့် မြိုင်မြို့ပေါ် ပြန်ဆုတ်သွားခဲ့သည်ဟု သိရသည်။

တိုက်ပွဲတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ၁၀ လုံးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ သရက်ကွပျူရွာ သိမ်းပိုက်တိုက်ခိုက်မှုတွင် ကာကွယ်ရေးဖက်မှ ရဲဘော် ၂ ဦးကျဆုံးခဲ့ကြောင်း၊ ပျူရွာသိမ်း တိုက်ပွဲတွင် မြိုင် ပကဖ၊ ပေါက် ပကဖ၊ မြိုင် ပေါက် ကမ္မ ပကဖတပ်းရင်း အမှတ် ( ၁၊ ၂ ) တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် (၂ /၆/၇/၁၄/၁၅/၁၇ ) တပ်ရင်းများ၊ အညာမြေတပ်ပေါင်းစု၊ ကမ္မတပ်ပေါင်းစု၊ PLC တပ်ပေါင်းစု၊ 8+ စုဖွဲ့မှု၊ ပခုက္ကူစုဖွဲ့မှုတပ်ရင်းစသည့် ပူးပေါင်းမဟာမိတ်များ ပါဝင်ခဲ့ကြသည်။

#RedNewsAgency #RedNews #RNA #Ahnyar

By RNA Editor