Red News Agency

Independent Journalism for Justice and Human Rights.

Author: RNA Editor

  • မုံရွာရဲစခန်းအချုပ်တွင် LGBT နိုင်ငံရေးအကျဉ်းသားတစ်ဦး ဆေးကုသခွင့်မရသည့်အတွက် ကျဆုံး

    မုံရွာရဲစခန်းအချုပ်တွင် LGBT နိုင်ငံရေးအကျဉ်းသားတစ်ဦး ဆေးကုသခွင့်မရသည့်အတွက် ကျဆုံး

    RNA_ဒီဇင်ဘာ(၂၆)၊၂၀၂၄ခုနှစ်။

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့ မြို့မရဲစခန်းအချုပ်တွင် နိုင်ငံရေးအကျဉ်းသား LGBT ဘုံဘုံ ဆေးရုံတက်ကုသခွင့်မရသည့်အတွက် ရောဂါပြင်းထန်စွာဖြင့် ဒီဇင်ဘာ ၂၅ ရက်နေ့က ကျဆုံးသွားကြောင်း သိရသည်။

    နိုင်ငံရေးအကျဉ်းသား ဘုံဘုံသည် ကျောက်ကပ်ရောဂါနှင့် အတွင်းအကြောတက်ခြင်းဝေဒနာကို ပြင်းထန်စွာခံစားခဲ့ရပြီး နိုဝင်ဘာလ ဒုတိယအပတ်မှစ၍ ကျောက်ကပ်ရောဂါ ဝေဒနာဆိုးရွားလာခဲ့ပြီး ဆေးဝါးကုသခွင့်ရရန် မြို့မရဲစခန်းတာဝန်ရှိသူများအား တင်ပြခဲ့သော်လည်း ဆေးရုံတက်ခွင့်မရရှိခဲ့သည်အတွက် ကျန်းမာရေးဆိုးရွားလာပြီး ကျဆုံးခဲ့ရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • ပျူရွာစခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသော ရဲဘော် J7 ၏ဈာပနအခမ်းအနား ကျင်းပ

    ပျူရွာစခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသော ရဲဘော် J7 ၏ဈာပနအခမ်းအနား ကျင်းပ

    RNA_ဒီဇင်ဘာ(၂၅)၊၂၀၂၄ခုနှစ်။

    အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်း၊ ပခုက္ကူခရိုင် အမှတ် (၇) တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသော ရဲဘော် ရတီအောင် (ခ) ရဲဘော် J7 သည် သရက်ကွပျူရွာစခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည့်အတွက် ဈာပနအခမ်းအနား ကျင်းပခဲ့သည်ဟု ပခုက္ကူခရိုင် တပ်ရင်း ၇ – Myaing’s Hero Generationsက ထုတ်ပြန်ထားသည်။

    (more…)

  • စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်အတွင်း ရှုံးနိမ့်မှု ပြိုလဲမှုများ ကြီးကြီးမားမားဖြစ်ပေါ်ခဲ့

    စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်အတွင်း ရှုံးနိမ့်မှု ပြိုလဲမှုများ ကြီးကြီးမားမားဖြစ်ပေါ်ခဲ့

    RNA_ဒီဇင်ဘာ(၂၅)၊၂၀၂၄ခုနှစ်။
     
    စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်အတွင်း ရှုံးနိမ့်မှု ပြိုလဲမှုများ ကြီးကြီးမားမားဖြစ်ပေါ်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလပြောကြားသည့် ခရစ္စမတ်ဆုတောင်းစကားပြောကြားမှုတွင် ထည့်သွင်းပြောကြားမှုအား ကောက်နုတ်တင်ပြလိုက်ပါသည်။
    [embedyt] https://www.youtube.com/watch?v=avFnD2Of-Z4[/embedyt]
     
    #RedNewsAgency #REDNEWS #RNA #NUG
  • ၂၀၂၅ ခုနှစ်အတွင်း အပြီးသတ်တိုက်ပွဲများဖော်ဆောင်ရန်လိုအပ်

    ၂၀၂၅ ခုနှစ်အတွင်း အပြီးသတ်တိုက်ပွဲများဖော်ဆောင်ရန်လိုအပ်

    RNA_ဒီဇင်ဘာ(၂၄)၂၀၂၄ ခုနှစ်။
     
    ၂၀၂၅ ခုနှစ်သည် စစ်ရေးအရ အားသွန်ခွန်စိုက်လုပ်ကြရမည့်နှစ်ဖြစ်ပြီး၊ စစ်ကောင်စီမှ နိုင်ငံရေးအသာစီးရမသွားရန် စစ်ရေးအသာစီးရနေရန်လိုအပ်ကြောင်းနှင့် အညာဒေသနှင့် အခြားဒေသများတွင် အပြီးသတ်တိုက်ပွဲများဖော်ဆောင်ရန် လိုအပ်သည်ဟု ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က Red News Agency နှင့် မေးမြန်းခန်းတွင် ပြောကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=Wj-Wd3MU5QE[/embedyt]
     
    #RedNewsAgency #REDNEWS #RNA #AhNyar
  • မင်းအောင်လှိုင် ထိတ်လန့်သွေးပျက်ပြီး ပြောင်းလဲမှု​များလုပ်နေ

    မင်းအောင်လှိုင် ထိတ်လန့်သွေးပျက်ပြီး ပြောင်းလဲမှု​များလုပ်နေ

    RNA_ဒီဇင်ဘာ(၂၄)၊၂၀၂၄ခုနှစ်။

    အကြမ်းဖက်မှုများကျူးလွန်ထားပြီး စစ်ရာဇဝတ်မှုများရင်ဆိုင်ရတော့မည့်အပြင် ရှုံးနိမ့်နေသော မင်းအောင်လှိုင်သည် ထိတ်လန့်သွေးပျက်ပြီး ထိပ်ပိုင်းမှာ ပြောင်းလဲမှုများ လုပ်နေခြင်းသည် အကြောက်တရားကို အထူးတလည်ဖော်ပြနေခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်းအစီအစဉ်တွင် ထည့်သွင်းပြောကြားထားမှုအား ကောက်နုတ်တင်ပြလိုက်ပါသည်။

    [embedyt] https://www.youtube.com/watch?v=mh8mHArHJ9A[/embedyt]

    #RedNewsAgency #REDNEWS #RNA

  • အမျိုးသမီးရဲဘော်များကို လေးစားပေးဖို့ မေတ္တာရပ်ခံ

    အမျိုးသမီးရဲဘော်များကို လေးစားပေးဖို့ မေတ္တာရပ်ခံ

    RNA_ဒီဇင်ဘာ(၂၄)၊၂၀၂၄ခုနှစ်။

    တော်လှန်ရေးအတွင်းရောက်နေသည့် အမျိုးသမီးရဲဘော်များကို အထင်သေးသည့်အမြင် အထင်သေးသည့်အကြည့်များ ကြုံခဲ့ရသည့်အတွက် ပြည်သူများအနေဖြင့် အမျိုးသမီးရဲဘော်များကို လေးစားပေးရန် အမျိုးသမီးရဲဘော်များ၏ကိုယ်စား ရဲဘော်လွင်ဂူးက မေတ္တာရပ်ခံထားသည်။

    [embedyt] https://www.youtube.com/watch?v=t1gVMzSZqd8[/embedyt]

    #RedNewsAgency

  • စစ်ကောင်စီကင်းစင်သော ချင်းပြည်နယ် ဖြစ်ရေးအတွက် မြို့သိမ်းရန် (၃) မြို့သာကျန်ရှိ

    စစ်ကောင်စီကင်းစင်သော ချင်းပြည်နယ် ဖြစ်ရေးအတွက် မြို့သိမ်းရန် (၃) မြို့သာကျန်ရှိ

    RNA_ဒီဇင်ဘာ(၂၃)၊၂၀၂၄ခုနှစ်။

    ချင်းပြည်နယ်တစ်ခုလုံး စစ်ကောင်စီလက်အောက်မှ လွတ်မြောက်ရန် ဟားခါးမြို့၊ တီးတိန်မြို့၊ ထန်တလန်မြို့တို့သာ ကျန်ရှိတော့ပြီး ဖမ်းလမ်းမြို့သိမ်းရန် စစ်ကောင်စီလက်အောက်ခံ ခလရ ၂၆၈ တပ်စခန်းတစ်ခုကို ချင်းညီနောင်နှင့်မဟာမိတ်များက အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်နေကြောင်း သိရသည်။

    “ချင်းပြည်တောင်ပိုင်းကတော့ စစ်ကောင်စီကင်းစင်သွားပါပြီ။ ချင်းတစ်ပြည်လုံးအနေနဲ့တော့ ၈၅ ရာ ခိုင်နှုန်းနီးပါး လွတ်မြောက်နေပြီလို့ ပြောလို့ရမယ်။ တီးတိန် ထန်တလန် ဟားခါးကတော့ ကျန်နေ သေးတယ် ဖလမ်းကလည်း ၂၆၈ တပ်ကုန်းတစ်ခုသာ ကျန်တယ်၊ ကျန်နေရာတွေက စစ်ကောင်စီ ကင်းစင်သွားပြီ” ဟု ချင်းညီနောင်အဖွဲ့ဝင် CDF မင်းတပ် စစ်ဦးစီချုပ် ဆလိုင်းထန်းချွန်းဖေက ယနေ့နံနက်ပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

    (more…)

  • ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် PDF ရဲဘော်များ ပြည်သူများနှင့်တွေ့ဆုံ

    ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် PDF ရဲဘော်များ ပြည်သူများနှင့်တွေ့ဆုံ

    RNA_ဒီဇင်ဘာ(၂၃)၊၂၀၂၄ ခုနှစ်။
     
    ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် အမှတ်(၃၁၈) တွင် Natogyi People Defence Force မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်း ရဲဘော်များက ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ယာဉ်များကို စစ်ဆေးခြင်းအပါအဝင် ပြည်သူများနှင့် တွေ့ဆုံ စကားပြောခြင်းများ ပြုလုပ်ခဲ့​ကြောင်း သိရသည်။
     
    ရန်ကုန် -မန္တလေး အမြန်လမ်းမကြီးပေါ်တွင် အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်သည့်အတွက် ပြည်သူများအနေဖြင့် ညချိန်ခရီးမထွက်ကြရန်နှင့် တိုက်ပွဲဖြစ်ပွားချိန် နီးစပ်ရာ လုံခြုံသောရေများတွင် နေထိုင်ကြရန် Natogyi People Defence Force ကယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • တမာကန်ကျေးရွာ အုပ်ချုပ်ရေးမှူး မောင်လွင် (၃) ကြိမ်မြောက် လုပ်ကြံခံရပြီး သေဆုံး

    တမာကန်ကျေးရွာ အုပ်ချုပ်ရေးမှူး မောင်လွင် (၃) ကြိမ်မြောက် လုပ်ကြံခံရပြီး သေဆုံး

    RNA_ဒီဇင်ဘာ(၂၃)၊၂၀၂၄ခုနှစ်။

    မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ တမာကန်ကျေးရွာမှာ စစ်ကောင်စီလက်အောက်ခံတွင် တာဝန်ထမ်းဆောင်နေသော အုပ်ချုပ်ရေးမှူး မောင်လွင်သည် ၃ ကြိမ်မြောက် လုပ်ကြံခံရပြီး သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။

    တမာကန်ကျေးရွာအုပ်ချုပ်ရေးမှူးသည် ယခင်က (၂) ကြိမ်လုပ်ကြံခံခဲ့ရကြောင်း၊ သေနတ်ပစ်ခံထားရသည့်အတွက် ဝမ်းအတွင်း (ဗိုက်) မှ ကျည်ဆံမထုတ်ရသေးခင် ဒီဇင်ဘာ ၂၂ ရက်နေ့က ထပ်မံလုပ်ကြံခံရသည့်အတွက် ဇနီးနှင့်သားတို့ပါ အတူတကွ သေဆုံးသွားပြီဖြစ်ကြောင်း၊ ဝမ်းတွင်းမြို့နယ်အခြေစိုက် Wundwin Township Revolution Force (WTRF) ရဲဘော်များက ရှင်းလင်းသွားသည်ဟု ဒေသခံများထံမှ သိရသည်။

    (more…)

  • မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် အာရက္ခတပ်တော်မှ စစ်လက်နက် ခဲယမ်း စစ်ကူများ ကူညီပံ့ပိုးခဲ့

    RNA_ဒီဇင်ဘာ(၂၃)၊၂၀၂၄ခုနှစ်။

    ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင် အာရက္ခတပ်တော်(AA) မှ စစ်လက်နက်၊ ခဲယမ်း၊ စစ်ကူများအပြင် စစ်ရေးဆိုင်ရာအကြံညာဏ်များနှင့် လိုအပ်သော အကူအညီများကို ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

    မင်းတပ်မြို့သိမ်းစစ်ဆင်ရေးကို ချင်းညီနောင်နှင့်မဟာမိတ်များ ပူးပေါင်းပြီး နိုဝင်ဘာ ၉ ရက်နေ့မှ စတင်ဖော်ဆောင်ခဲ့ပြီး ဒီဇင်ဘာ ၂၁ ရက်နေ့တွင် နောက်ဆုံးလက်ကျန် စစ်ကောင်စီ၏ မင်းတပ်အခြေစိုက် အမှတ် ၂၇၄ ခြေလျင်တပ်အရင်းအား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည့်အတွက် ချင်းညီနောင်စစ်ဆင်ရေး အဖြစ် မင်းတပ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

    (more…)