ပျူရွာစခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသော ရဲဘော် J7 ၏ဈာပနအခမ်းအနား ကျင်းပ

Written by

in

RNA_ဒီဇင်ဘာ(၂၅)၊၂၀၂၄ခုနှစ်။

အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်း၊ ပခုက္ကူခရိုင် အမှတ် (၇) တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသော ရဲဘော် ရတီအောင် (ခ) ရဲဘော် J7 သည် သရက်ကွပျူရွာစခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည့်အတွက် ဈာပနအခမ်းအနား ကျင်းပခဲ့သည်ဟု ပခုက္ကူခရိုင် တပ်ရင်း ၇ – Myaing’s Hero Generationsက ထုတ်ပြန်ထားသည်။

 

မြိုင်မြို့နယ် သရက်ကွပျူရွာကို ဒေသတွင်းတော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက စတင်တိုက်ခိုက်ရာ ဒီဇင်ဘာ ၂၁ ရက်နေ့က အောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယင်းပျူရွာစခန်းသိမ်းတိုက်ပွဲအတွင်း ပခုက္ကူခရိုင်၊ အမှတ်(၇)တပ်ရင်းမှ ရဲဘော် ရတီအောင် (ခ) ရဲဘော် J7 သည် ဒီဇင်ဘာ (၁၉) ရက်နေ့က ကျဆုံးခဲ့ရပြီး အခြားရဲဘော်တစ်ဦးလည်း တိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။

#RedNewsAgency #REDNEWS #RNA