ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Kanpetlet)၏ တော်လှန်ရေး (၃) ပြည့်အတွင်း စစ်သည်တော် (၂၈) ဦးကျဆုံးခဲ့

RNA_မေ(၁၃)၊၂၀၂၄ခုနှစ်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ ( CDF-Kanpetlet) တော်လှန်ရေး (၃) နှစ်ပြည့်သည့် ယနေ့ မေလ ၁၃ ရက်နေ့အထိ တိုက်ပွဲပေါင်း ၂၀၀ ကျော်ဆင်နွှဲခဲ့ရာတွင် CDF-Kanpetlet စစ်သည်တော် (၂၈) ဦးကျဆုံးခဲ့ရကြောင်း သိရသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ ( CDF-Kanpetlet) ကို ၂၀၂၁ ခုနှစ် ဧပြီလ (၅) ရက်နေ့တွင် စတည်ဖွဲ့စည်းခဲ့ပြီး ကန်ပက်လက်မြို့တွင်းရှီ စစ်ကောင်စီတပ်ဖွဲ့အား စတင်တိုက်ခိုက်သည့် ၂၀၂၁ ခုနှစ် မေလ ၁၃ ရက်နေ့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Kanpetlet)၏ တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ထားသည့်အတွက် ယနေ့ (၃) နှစ် ပြည့်မြောက်ပြီဖြစ်ကြောင်း CDF-Kanpetlet ကထုတ်ပြန်ထားသည်။

 

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲဖြစ်သည့် ချင်းညီနောင်စစ်ဆင်ရေးတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Kanpetlet) စစ်သည် ၁၃ ဦးကျဆုံးခဲ့ရကြောင်း၊ ချင်းညီနောင်နှင်တကွ နိုင်ငံရေးရည်မှန်းချက်တူညီသည့်အဖွဲ့အစည်းများနှင့် တော်လှန်ရေးအောင်ပွဲရရှီသည့်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း၊ တိုက်ပွဲများတွင် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ရင်း အသက်နှင့်ကိုယ်လက်အင်္ဂါ ပေးဆပ်သွားကြသော စစ်သည်တော်များ၏ စွန့်လွှတ်အနစ်နာခံမှုများကို လေးလေးနက်နက်အသိအမှတ်ပြုကြောင်း စသည်တို့ကို ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency

By Editor