မတ္တရာမြို့မြောက်ဘက် ၂ မိုင်အကွာရှိ စစ်ကောင်စီအထိုင်စခန်းကို မန္တလေး PDF တိုက်ခိုက်သိမ်းပိုက်

RNA_မေ(၁၀)၊၂၀၂၄ ခုနှစ်။

မန္တလေးတိုင်း၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့မြောက်ဘက် (၂) မိုင်အကွာရှိ တောင်တံငါကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်ကောင်စီအထိုင်စခန်းငယ်အား ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲဘော်များက ယနေ့ နံနက် (၅) နာရီခန့်က ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ (၄၅) မိနစ်ခန့်အကြာတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

တောင်တံငါကျေးရွာရှိ စစ်ကောင်စီ၏ အထိုင်စခန်းငယ်သည် မတ္တရာမြို့မှ စဉ့်ကူးဘက်သို့ အထွက်တွင်တည်ရှိပြီီး ၊ မတ္တရာမြို့နှင့် ရေနံ့သာကျေးရွာကြား၌ ပြည်သူများထံမှ အဓမ္မငွေကြေးများ ကောက်ခံနေသော စစ်ကောင်စီစခန်းဖြစ်ဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ (၁၂) ဦး၏အလောင်းများတွေ့ရှိရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ထားသည်။

 

တိုက်ပွဲအတွင်း ဗိုလ်ကြီး ကိုင်ဆောင်သော ပစ္စတိုသည် ကလေးကစားစရာ ပလက်စတစ်ကော်စေ့သေနတ်တခုအပါအဝင် Drone Jammer (၁)လတ် ၊ လက်နက်ခဲယမ်းအများအပြားနှင့် ဗိုလ်ကြီး(၁)ဦးအပါအဝင် ရန်သူ့အလောင်း (၁၂)လောင်းခန့်အား သိမ်းဆည်းရမိခဲ့ကြောင်း၊ အခြားသော စစ်ကောင်စီလက်အောက်ခံများ ထွက်ပြေးကြကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဘက်မှ ရဲဘော်(၁)ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရသည်ဟု သိရသည်။

#RedNewsAgency

By Editor