PDF

တော်လှန်ရေး အရှိန်မြှင့်ရန် PDF ထုတ်လက်နက်များ ကျေးရွာများကို ဖြန့်ချိနေ

တော်လှန်ရေး အရှိန်မြှင့်ရန် PDF ထုတ်လက်နက်များ ကျေးရွာများကို ဖြန့်ချိနေ

RNA_ဩဂုတ်၃၁၊၂၀၂၂ခုနှစ်။ ?????????? ??????'? ??????? ????? က ထုတ်လုပ်သည့် လက်နက်များကို တော်လှန်ရေး အရှိန်မြှင့်ရန်အတွက် ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာများကို ဖြန့်ချိနေကြောင်း သိရသည်။ " မိမိတို့အဖွဲ့သည် ပြည်သူလူထုမှ လှူဒါန်းသော အလှူငွေများဖြင့် တော်လှန်ရေးလုပ်ငန်းစဉ်များကို တစိုက်မတ်မတ် လုပ်ကိုင်လျှက်ရှိပါသည်။ ယခုအခါတွင် ?????????? ??????'? ??????? ????? အဖွဲ့သည် မိမိတို့ ထိန်းချုပ်နယ်မြေအတွင်းမှ ကျေးရွာများကို မိမိတို့စခန်းမှထုတ်လုပ်ထားသောလက်နက်များအား ကာကွယ်ရေးအတွက် ထုတ်ပေးပြီး တော်လှန်ရေးကို အရှိန်မြှင့် လုပ်ဆောင်လျှက်ရှိပါသည်" ဟု ထုတ်ပြန်ထားသည်။ (more…)
Read More
တိုက်ပွဲအတွင်းကျဆုံးခဲ့ရသည့် ရဲဘော် အောင်လေး (ခ) ညီညီအောင်ထက်၏ ဈာပန 

တိုက်ပွဲအတွင်းကျဆုံးခဲ့ရသည့် ရဲဘော် အောင်လေး (ခ) ညီညီအောင်ထက်၏ ဈာပန 

RNA_ဩတ်ဂုတ်၂၇၊၂၀၂၂ခုနှစ်။ စစ်ကျွန်ဘဝမှ ပြည်သူများလွတ်မြောက်ရေးအတွက် စစ်ကောင်စီတပ်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသကွပ်ကဲရေးလုံခြုံရေးတပ်ခွဲ၏ သင်တန်းသား အမှတ်စဥ် ၂၆ ရဲဘော် အောင်လေး (ခ) ညီညီအောင်ထက်၏ ဈာပနအခမ်း အနားကို တိုက်ပွဲဝင် ရဲဘော်များက တောတွင်းတနေရာတွင် ပြုလုပ်ခဲ့ကြသည်။ ရဲဘော် အောင်လေး (ခ) ညီညီအောင်ထက်သည် နွေဦးတော်လှန်ရေးတွင် ပြည်သူများနှင့်အတူ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြခဲ့ပြီးနောက် လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်ဆင်နွှဲနေစဉ် ဩဂုတ်လ ၂၃ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်တွင် ပြည်သူများအတွက် မြင့်မြတ်စွာ ကျဆုံးခဲ့သည်။ ရဲဘော်အောင်လေး စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ခိုက်ရင်း တိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည့်…
Read More
ကရင်နီပြည်မှာ စစ်ကောင်စီတပ်တွေ ထိုးစစ်ပြန်စနေ 

ကရင်နီပြည်မှာ စစ်ကောင်စီတပ်တွေ ထိုးစစ်ပြန်စနေ 

RNA_ဩဂုတ်၂၅၊၂၀၂၂ခုနှစ်။ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီတပ် စစ်ကြောင်းတွေ ဘက်ပေါင်းစုံမှ ကရင်နီ ( ကယား) ပြည်မှာ ထိုးစစ်ဆင်နေသည့်အတွက် နေ့စဉ်တိုက်ပွဲဖြစ်ပွားနေသည်။ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေသည်ြအတွက် ကျည်လိုအပ်ချက်များရှိကြောင်း၊ နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီတပ်သည် ကရင်နီပြည်တွင် အသေအဆုံးများခဲ့ကြောင်း သိရသည်။ Red News Agency
Read More
မြေမြှပ်နင်းမိုင်းများကို စစ်ကောင်စီတပ်သားများတိုက်ခိုက်ရန် ပြန်လည်အသုံးချမည်

မြေမြှပ်နင်းမိုင်းများကို စစ်ကောင်စီတပ်သားများတိုက်ခိုက်ရန် ပြန်လည်အသုံးချမည်

RNA_ဩဂုတ်၁၉၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကြေးနီစီမံကိန်းအနီးတဝိုက် စစ်ကောင်စီတပ်သားများထောင်ထားသည့်မြေမြှပ နင်းမိုင်း (၇၈) လုံးကို မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ခွဲ Myanmar ချီဂွေဗားရားအဖွဲ့က သိမ်းဆည်းရမိခဲ့သည်။ "အဆိုပါ ကြေးနီစီမံကိန်းအနီးတစ်ဝှိုက်တွင် သိမ်းဆည်းရမိခဲ့သော   နင်းမိုင်းများကို ပြန်လည်အသုံးချသွားမည်" ဟု မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်သည် ကရင်နီပြည်နယ်နှင့် ကရင် ပြည်နယ်၊ ရှမ်းပြည်နယ် စသည့်တို့တွင် မြေမြှပ်နင်းမိုင်းများ အသုံးပြုခဲ့သော်လည်း ယခု အခါ စစ်ကိုင်းတိုင်းတွင်ပါ မြေမြှပ်နင်းမိုင်းများ အသုံးပြုလာကြောင်း သိရသည်။ Red News Agency
Read More
ကလေး PDF က အသက် ၁၉ နှစ်အရွယ် ရဲဘော်ဝေမင်းသော် လက်နက်ကြီးထိမှန်ကျဆုံး

ကလေး PDF က အသက် ၁၉ နှစ်အရွယ် ရဲဘော်ဝေမင်းသော် လက်နက်ကြီးထိမှန်ကျဆုံး

RNA_ဩဂုတ်၄၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း သာယာကုန်းကျေးရွာတိုက်ပွဲမှာ ကလေး PDF အမှတ် (၆) တပ်ရင်းမှ အသက် ၁၉ နှစ်အရွယ် ရဲဘော်ဝေမင်းသော် ယမန်နေ့ ( ဩဂုတ်လ ၃ ရက်) ညနေပိုင်းက လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟု သိရသည်။ ယနေ့အထိ ကလေးမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်ကလည်း အကျအဆုံးများနေကြောင်း၊ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး အဆမတန်အသုံးပြုနေကြောင်း၊ တိုက်ပွဲပြင်းထန်နေသည့်အတွက် ပြည်သူများ သွားလာမှု ဂရုစိုက်ကြရန် ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်တွန်းထားသည်။ Red News Agency
Read More
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ကစဉ့်ကလျား ထွက်ပြေး

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ကစဉ့်ကလျား ထွက်ပြေး

RNA_ဇူလိုင်၃၀၊၂၀၂၂ခုနှစ်။ နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိပြီး ကျန်တပ်သားများ ကစဉ့်ကလျား ထွက်ပြေး သွားခဲ့သည်ဟု သိရသည်။ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် စစ်ကောင်စီတပ်တို့ ဇူလိုင် (၂၂)ရက်နေ့မှစ၍ (၂၄)ရက်နေ့တွင် တစ်ကြိမ် ၊ ဇူလိုင် (၂၈)ရက်နေ့တွင်တစ်ကြိမ် နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်အတွင်း ထိတွေ့တိုက်ပွဲများဖြစ်ပွါးခဲ့သည်။ (more…)
Read More
လက်နက်မဲ့ အဖွဲ့အစည်းများကို တိုက်ခိုက်မည်မဟုတ်ဟု ပွင့်ဖြူ PDF ကြေညာ 

လက်နက်မဲ့ အဖွဲ့အစည်းများကို တိုက်ခိုက်မည်မဟုတ်ဟု ပွင့်ဖြူ PDF ကြေညာ 

RNA_ဇူလိုင်၃၀၊၂၀၂၂ခုနှစ်။ ပွင့်ဖြူမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ပွင့်ဖြူ PDF ) က လက်နက်မဲ့ အဖွဲ့အစည်းများကို တိုက်ခိုက်သွားမည်မဟုတ်ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။ ယခုရက်ပိုင်းအတွင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းကို ကျောင်းပိတ်ပြီး အမြန်ဆုံး ပြောင်းရွှေ့ကြရန်စသည့် သတိပေးမှုများထွက်ပေါ်နေကြောင်း၊ ပွင့်ဖြူမြို့နယ်အတွင်း စာသင်ကျောင်းများ၊ အသက်မွေး ဝမ်းကျောင်းများကို ကာကွယ်ရေးတပ်ဖွဲ့ (PDF)အမည်အသုံးပြုကာဖုန်းဆက်ခြိမ်းခြောက်သတိပေးခြင်းများပြုလုပ်လာပါက People Defence Force-Pwintbyu အနေဖြင့် လုပ်ဆောင်ခြင်းမရှိကြောင်း သိရသည်။ (more…)
Read More
မြို့သိမ်းတိုက်ပွဲတွေအတွက် ပြင်ဆင်နေ

မြို့သိမ်းတိုက်ပွဲတွေအတွက် ပြင်ဆင်နေ

မြို့ပြစစ်ဆင်ရေးတွေမှာ ဘာအခက်အခဲတွေ ရှိခဲ့လဲ၊ မြို့ပြစစ်ဆင်ရေးဘာကြောင့် စွန့်ခွါခဲ့ရလဲ၊ နယ်မြေသိမ်းတိုက်ပွဲတွေနှင့် မြို့သိမ်းတိုက်ပွဲတွေအတွက် ပြင်ဆင်နေသည်ဟု မြေပြင်အခြေအနေများကို တပ်ခွဲမှူးကိုဝေလင်း​က ပြောပြထားသည်။ " ကျွန်တော်တို့အားလုံး အတူတူစခဲ့ကြတယ် ဒီဟာက၊ ကျွန်တော်တို့ တဖွဲ့တည်းက စခဲ့တာလည်းမဟုတ်ဘူး၊ ကျွန်တော်တို့ သမဂ္ဂကတဖွဲ့တည်းက စခဲ့လို့ ဖြစ်တာလည်း မဟုတ်ဘူး၊ ဘယ်သူစခဲ့လို့ ဖြစ်ခဲ့တာလည်းမဟုတ်ဘူး၊ အားလုံးက ဒီလမ်းကို မတရားမှုကို တွန်းလှန်မယ်ဆိုပြီး ရွေးချယ်ခဲ့ကြတဲ့ လမ်းဖြစ်တယ်၊ စခဲ့ပြီးမှတော့ အားလုံးအဆုံးထိ ပါဝင်စေချင်ပါတယ်" ဟု NPRF တပ်ခွဲမှူး ကိုဝေလင်းက ပြည်သူများကို အမှာစကားပါးထားသည်။ " ကျွန်တော်တို့အနေနဲ့ စွန့်လွှတ်ခဲ့တယ်၊ ကျွန်တော်တို့ရဲ့ အလုပ်တွေ ကျွန်တော်တို့ရဲ့ ကျောင်းတွေ ဒါတွေကို စွန့်လွှတ်ခဲ့တယ်၊ ဒီကိစ္စတွေကို…
Read More
ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ် စစ်ကြောင်းမှူးဗိုလ်ကြီးအပါအဝင် (၃) ဦးသေ၊ အများအပြား ဒဏ်ရာရ 

ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ် စစ်ကြောင်းမှူးဗိုလ်ကြီးအပါအဝင် (၃) ဦးသေ၊ အများအပြား ဒဏ်ရာရ 

RNA_ဇူလိုင်၂၁၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်၊ ကျောက္ကာကျေးရွာ၊ နန်းသိုင်းရေနံမှော်ဘက်မှသွားသော စစ်ကောင်စီတပ် စစ်ကြောင်း (၁၀၀)ခန့်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကလေး) တပ်ရင်း(၆)တို့ ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်ကစတင်ကာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က စစ်ကြောင်းမှူးဗိုလ်ကြီးအပါအဝင် (၃) ဦးသေဆုံးခဲ့ကြောင်း သိရသည်။ " တိုက်ပွဲအတွင်းရောက်ရှိနေသော စစ်ဘေးရှောင်ပြည်သူများကို ပြည်သူ့ကာကွယ်ရေးတပ်သားများက ဘေးလွတ်ရာပို့ဆောင်ပေးရင်း စကစများကို တိုက်ခိုက်ခဲ့ရာ နေ့လယ်(၁:၃၀) အချိန်ခန့်တွင် စကစစစ်ကြောင်းမှူး ဗိုလ်ကြီး (ဗိုလ်မူးကော်မရှင်စား) (၁) ဦး၊ စက်လက်ပစ်ခတ်သူ (၁) ဦးနှင့်တပ်သား (၁) ဦးတို့ သေဆုံးအောင် တိုက်ခိုက်နိုင်ခဲ့ပြီး စကစတပ်သားအများအပြား မိုင်းထိကာ သေဆုံးဒဏ်ရာရခဲ့သည်"ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ Red News…
Read More
ကျားဖြူတပ်ခွဲ (၂) တွင် ၇၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပ

ကျားဖြူတပ်ခွဲ (၂) တွင် ၇၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပ

RNA_ဇူလိုင်၁၉၊၂၀၂၂ ခုနှစ်။ ကျဆုံးသွားသော အာဇာနည်ကိုးဦးနှင့်တကွခေတ်အဆက်ဆက် ဒီမိုကရေစီ အရေးနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသော အာဇာနည်များအား ဦးညွှတ် အလေးပြုခြင်းနှင့် ၇၅ နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကို စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် ကရင်ပြည်နယ်အတွင်းရှိ ကျားဖြူတပ်ခွဲ (၂) တွင် ယနေ့ ကျင်းပပြုလုပ်ခဲ့သည်။ Red News Agency
Read More