ပြည်သူ ၁၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်

RNA_နိုဝင်ဘာ(၇)၊၂၀၂၂ခုနှစ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင် မြောက်ခြမ်းရှိ ကိုးတောင်ဘို့ တိုက်နယ်မှ အရပ်သား (၁၄) ဦးကို ဖမ်းဆီးသတ်ဖြတ် ခဲ့သည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ယနေ့ အသိပေးထားသည်။
နိုဝင်ဘာလ ၃ ရက်နေ့ နေ့လည် ၂ နာရီဝန်းကျင်က ကန့်ဘလူမြို့နယ်မြောက်ခြမ်း ကိုးတောင်ဘို့အထိုင် စစ်ကောင်စီတပ် ခမရ-၃၆၃ စစ်ကြောင်းမှ စစ်ဘေးရှောင်တောတိုက်များမှ အပြစ်မဲ့ပြည်သူ(၁၄)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။အပြစ်မဲ့ပြည်သူ(၁၄)ဦးမှာ ခုခံနိုင်သည့် လက်နက်တစ်စုံ တစ်ရာမပါဘဲ စစ်ကောင်စီတပ်၏ ဖမ်းဆီးခံရခြင်းဖြစ်ပြီး၊ နိုဝင်ဘာ (၆) ရက်နေ့ ညနေက အပြစ်မဲ့ပြည်သူ (၁၄)ဦးအား စစ်ကောင်စီတပ်သားများက PDF စွပ်စွဲပြီးရက်ရက်စက်စက်မီးရှို့သတ်ဖြတ်ခဲ့ကြောင်းစုံစမ်းသိရှိရသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က အသိပေးထားသည်။
ဖမ်းဆီးခံသူများမှာ လျှော်ဖြူကုန်းကျေးရွာမှ ဦးစိုးဝင်း (၂၇)နှစ်၊ ဦးကျော်မြင့်ထွန်း (၃၅)နှစ်၊ မောင်စိုးစံ (၁၈)နှစ်၊ ဦးမိုးဝင်းထွန်း (၃၀)နှစ်၊ ဦးကျော်စိုး (၃၅)နှစ်၊ ဦးဇော်ဇော် (၃၇)နှစ်၊ ဦးမြင့်ဦး (၅၀)နှစ်၊ ဦးဇော်မင်းစိုး (၃၅)နှစ်၊ ဦးငချို (၃၄)နှစ်၊ ဦးအောင်စိုး(၃၃)နှစ်၊ ဦးညီညီ (၃၀)နှစ်၊မောင်ဝင်းဝင်းသူ(၁၆)နှစ်၊(8)တန်းကျောင်းသား၊ ဦးမျိုးအောင်(၂၅)နှစ်၊ ဇီးကနားကျေးရွာမှ ဦးထွန်းဦး(၃၅)နှစ်တို့ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Red News Agency
By Editor