စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာသည့်အတွက် ငြိမ်ချမ်းရေးကုန်းမှ TNLA ယာယီဆုတ်ပေးလိုက်ရ

RNA_ဇန်နဝါရီ(၁၃)၊၂၀၂၄ခုနှစ်။

ကျောက်မဲမြို့ စစ်ကောင်စီ ၅၀၁-၅၀၂ တပ်စခန်းမှ အင်အားအလုံးအရင်းဖြင့် ယနေ့ နံနက် ၉ နာရီ ၁၈ မိနစ်ဝန်းကျင်က တအာင်းတပ်မတော် PSLF/TNLA တည်ရှိရာ ငြိမ်းချမ်းရေးကုန်းသို့ ထိုးစစ်ဆင်လာသည့်အတွက် ၂ နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူလူထုအတွက် စစ်ဒဏ်သင့် ဆုံးရှုံးမှုများမည်စိုးသည့်အတွက် ယာယီနောက်ဆုတ်ပေးလိုက်ရကြောင်း သိရသည်။

“ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပူပူနွေးနွေးထိုးထားခဲ့သော အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို စစ်ကောင်စီတပ်မှ ပေါ်ပေါ်တင်တင်ချိုးဖောက်ပြီး ထိုးစစ်ဆင်လာခြင်းဖြစ်သည်။ စစ်ကောင်စီ၏ လုပ်ရပ်သည် အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို ဒုတိယအကြိမ် ချိုးဖောက်ခြင်းဖြစ်သည်” ဟု ညီနောင်မဟာမိတ် (၃)ဖွဲ့က ထုတ်ပြန်ပြောကြားထားသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၁၁) ရက်၊ ညနေ (၉) နာရီခန့်မှစတင်၍ နှစ်ဖက်တပ်များ ချက်ချင်းအပစ်ရပ်စဲရေး၊ နှစ်ဖက်တပ်ဖွဲ့ဝင်အချင်းချင်းကြားတွင် ပစ်ခတ်တိုက်ခိုက်မှုနှင့် ထိတွေ့မှုမရှိစေရေး၊ အကယ်၍ အငြင်းပွားဖွယ်ရာများနှင့် လိုလားချက်များ (ပစ်ခတ်မှုများ) ဖြစ်ပေါ်လာခဲ့ပါက တွေ့ဆုံဆွေးနွေးမှုလမ်းစဉ် ဖြင့်ဖြေရှင်းရေးစသည့်အချက်များကို တရုတ်နိုင်ငံ၊ ကူမင်းမြို့ ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် စစ်ကောင်စီတို့ ဘောတူညီထားခြင်းဖြစ်သည်။

#RedNewsAgency

By Editor