Tag: NUG

  • စစ်​ကောင်စီတပ် စစ်စခန်း​၊ မြို့သိမ်းတိုက်ပွဲ​နှင့် အထူးစစ်ဆင်​ရေး​တွေ ဖော်ဆောင်ဖို့ ကွန်မန်ဒိုအထူးတပ်ဖွဲ့ ဖွဲ့စည်းမည်

    စစ်​ကောင်စီတပ် စစ်စခန်း​၊ မြို့သိမ်းတိုက်ပွဲ​နှင့် အထူးစစ်ဆင်​ရေး​တွေ ဖော်ဆောင်ဖို့ ကွန်မန်ဒိုအထူးတပ်ဖွဲ့ ဖွဲ့စည်းမည်

    RNA_ဇွန် ၁၆၊ ၂၀၂၂ ခုနှစ်။

    စစ်ကောင်စီတပ်စခန်းများနှင့် မြို့သိမ်းတိုက်ပွဲများ၊ အထူးစစ်ဆင်ရေးဖော်ဆောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မဟာ ၇၊ တပ်ရင်း ၇၀၃ မှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယနေ့ ပြည်သူများကို အသိပေးထားသည်။

    “ရွာ​တွေကို မီးရှို့၊လုယက်ပြီး အပြစ်မဲ့ပြည်သူ​တွေကို သတ်ဖြတ်​နေတဲ့ စစ်​ကောင်စီကို အမြစ်ပြတ်နှိမ်နင်းဖို့ ကျွန်​တော်တို့တပ်ရင်းက ကွန်မန်ဒိုအထူးတပ်ဖွဲ့တစ်ခု ဖွဲ့စည်းသွားမှာပါ။ ဒီတပ်ဖွဲ့က စစ်​ကောင်စီတပ်ရဲ့ စစ်စခန်း​တွေ၊ မြို့သိမ်း တိုက်ပွဲ​တွေနဲ့ အထူးစစ်ဆင်​ရေး​တွေကို အဓိက​ ဖော်​ဆောင်သွားဖို့ ဖြစ်ပါတယ်။” ဟု ဒု-တပ်ရင်းမှူး ဗိုလ်မှူးသန့်ဇင်အောင်က အသိပေးထားသည်။

    Red News Agency

  • ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်ကို နံနက်ဖန် နံနက် ၄ နာရီ ကြိုးပေးမည်ဟု သိရ 

    ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်ကို နံနက်ဖန် နံနက် ၄ နာရီ ကြိုးပေးမည်ဟု သိရ 

    RNA_ဇွန် ၁၅၊၂၀၂၂ခုနှစ်။

    စစ်ကောင်စီက သေဒဏ်အတည်ပြုထားသည့် ၈၈ မျိူဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနှင့် NLD လွှတ်တော်ကိုယ်သားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်တို့ကို နံနက်ဖန် ( ဇွန်လ ၁၆ ရက်) နံနက် (၄) နာရီ အင်းစိန်အကျဉ်းထောင်တွင် ကြိုးပေးမည်ဟု သိရသည်။

    ” အခု ဝန်ထမ်းတွေကြားမှာပြောနေကြတယ် မနက်ဖန် မနက်အစောကြီး ၄ နာရီတဲ့။ ကြိုးပေးဖို့ စံသိန်းနဲ့ ဝင်းအောင်ရွေးချယ်ထားတယ်ပြောတယ်၊ ကျနော်သာလုပ်ခိုင်းရင် မလုပ်ပါဘူးဗျာ” ဟု အင်းစိန်အကျဉ်းထောက်နှင့် နီးစပ်သည့် ဌာနဆိုင်ရာ ဝန်ထမ်းတဦးက ‌Red News Agency ကို ပြောသည်။

    စစ်ကောင်စီက သေဒဏ်အတည်ပြုသည့်ကိစ္စ တကမ္ဘာလုံးက ကန့်ကွတ်နေကြောင်း၊ စစ်ကောင်စီ အကောင်အထည်ဖော်ပါက လက်တုန့်ပြန်သွားမည်ဟု လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲနေသည့် ပြည်သူ့ကာကွယ်ရေးနှင့် ပြောက်ကျား တပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

    Red News Agency

  • ကရင်ပြည်နယ်အတွင်း ကျားဖြူတပ်ခွဲ (၁) မှ PDFရဲ​ဘော် ​မောင်ထက်လင်း(ခ)စစ်နိုင် ကျဆုံးခဲ့ရ

    ကရင်ပြည်နယ်အတွင်း ကျားဖြူတပ်ခွဲ (၁) မှ PDFရဲ​ဘော် ​မောင်ထက်လင်း(ခ)စစ်နိုင် ကျဆုံးခဲ့ရ

    RNA_မတ်၂၂၊၂၀၂၂ခုနှစ်။

    စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တိုက်ပွဲဆင်နွှဲနေသည့် ကရင်ပြည်နယ်တနေရာမှာ NUG ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက် ကျားဖြူတပ်ခွဲ (၁) မှ PDFရဲ​ဘော် ​မောင်ထက်လင်း (ခ) စစ်နိုင် (ဆေးတပ်သား)သည် မတ်လ (၁၉) ရက်နေ့က ကျဆုံးခဲ့ကြောင်း ကျားဖြူတပ်ခွဲ (၁) သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။

    Red News Agency

  • ရှေ့တန်းမထွက်ရသည့် ရဲဘော်များ နောက်တန်းမှာ အပြင်းအထန်လေ့ကျင့်

    ရှေ့တန်းမထွက်ရသည့် ရဲဘော်များ နောက်တန်းမှာ အပြင်းအထန်လေ့ကျင့်

    RNA_မတ် ၃၊၂၀၂၂ခုနှစ်။

    NUG ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ မြန်မာ့လွတ်လပ်ရေးတပ်ခွဲ (MIU-PDF) ရဲဘော်များအနေဖြင့် ရှေ့တန်းထွက်ရသူများရှိပြီး နောက်တန်းကျန် ရဲဘော်များ အပြင်းအထန်လေ့ကျင့်နေကြရကြောင်း ယနေ့ နံနက်ပိုင်းက အခက် အခဲအကြပ်အတည်းကို ခံနိုင်ရည်ရှိရန် ခန္ဓာကိုယ်ကြံ့ခိုင်မှု လေ့ကျင့်‌နေသည့် မြင်ကွင်းတချို့ကို ဖော်ပြလိုက်သည်။

    Red News Agency

  • NUG က တိုက်ဆိုသည်နှင့် တိုက်ခိုက်ရန် အားလုံး အဆင်သင့်ဖြစ်နေပြီ

    NUG က တိုက်ဆိုသည်နှင့် တိုက်ခိုက်ရန် အားလုံး အဆင်သင့်ဖြစ်နေပြီ

    RNA_ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်မှ မြန်မာ့လွတ်လပ်ရေးတပ်ခွဲ အနေဖြင့် အမိန့်ကိုစောင့်နေပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် အားလုံးအဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားထားသည်။ [embedyt] https://www.youtube.com/watch?v=Sq98NP-l9QY[/embedyt] Red News Agency

     

  • NUG အစိုးရ စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ အုပ်ချုပ်ရေးခိုင်မာအားကောင်းစေရေး လုပ်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြောကြား

    NUG အစိုးရ စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ အုပ်ချုပ်ရေးခိုင်မာအားကောင်းစေရေး လုပ်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြောကြား

    RNA ၊ဖေဖော်ဝါရီ ၁၀ ရက်။

    အမျိုးသားညီညွတ်ရေးအစိုးရက စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ အုပ်ချုပ်ရေးခိုင်မာအားကောင်းစေရေးအတွက် လုပ်ဆောင်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ အစည်းအဝေး (၃/၂၀၂၂) မှာ ပြောကြားလိုက်သည်။

    ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ အစည်းအဝေးကို ဖေဖော်ဝါရီ ၉ ရက်က နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက စိုးမိုးထိန်းချုပ်နယ်မြေများတွင် အုပ်ချုပ်ရေးခိုင်မာ အားကောင်းစေရန် ကဏ္ဍစုံပေါင်းစပ်ဆောင်ရွက်နိုင်ရေးနဲ့ အုပ်ချုပ်ရေး ၊ကာကွယ်ရေးကိစ္စရပ်တွေလည်း ပေါင်းစပ်ဆောင်ရွက်နိုင် ရေးလိုအပ်တယ်လို့ ပြောကြားခဲ့သည်။ (more…)

  • ဒေသန္တရအုပ်ချုပ်ရေး အခွန်ကောက်ခံရရှိမှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ၄၀ ရာခိုင်နှုန်း စီမံခန့်ခွဲခွင့်ရမည် 

    ဒေသန္တရအုပ်ချုပ်ရေး အခွန်ကောက်ခံရရှိမှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ၄၀ ရာခိုင်နှုန်း စီမံခန့်ခွဲခွင့်ရမည် 

    RNA_ဖေဖော်ဝါရီ ၆ ရက်၊ ၂၀၂၂ ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရက ကြားကာလ ဒေသန္တရအုပ်ချုပ်ရေး ဖော်ဆောင်ရာတွင် အခွန်ကောက်ခံခြင်းနှင့် မျှဝေသုံးစွဲခြင်းဆိုင်ရာ မူဝါဒတွင် ၄၀ ရာခိုင်နှုန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၏ စီမံခန့်ခွဲမှု အောက်တွင်ထားရှိရမည်ဟု ယနေ့ ထုတ်ပြန်ထားသည်။

    ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်၏ အစိတ်အပိုင်း(၁)၊ အခန်း(၄) အပိုင်း(၃)၊ ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်စနစ် စာပိုဒ်ခွဲ(၁၈)၊ (၁၉) အရ မူဝါဒ ချမှတ်ခြင်းဖြစ်ကြောင်း၊ ကြားကာလ ဒေသန္တရအုပ်ချုပ်ရေး ဖော်ဆောင်ရာတွင် မဖြစ်မနေ အခွန်ကောက်ခံခြင်းနှင့် မျှဝေ သုံးစွဲခြင်းဆိုင်ရာ မူဝါဒတစ်ရပ်ဖော်ဆောင်ရန် လုပ်ငန်းတာဝန်ကို အပိုင်း (၂) ပိုင်း ခွဲ၍ ဖော်ဆောင်သွားမည်ဟု သိရသည်။ (more…)

  • လွှတ်တော်မရှိလျှင် ဒီမိုကရေစီမရှိနိုင်ခြင်းကြောင့် လွှတ်တော်ကို ဆက်လက်ခေါ်ယူနေရခြင်းဖြစ်ဟု NUG ယာယီသမ္မတပြော

    လွှတ်တော်မရှိလျှင် ဒီမိုကရေစီမရှိနိုင်ခြင်းကြောင့် လွှတ်တော်ကို ဆက်လက်ခေါ်ယူနေရခြင်းဖြစ်ဟု NUG ယာယီသမ္မတပြော

    RNA ၊ ဖေဖော်ဝါရီ ၅ ရက်၊၂၀၂၂ ခုနှစ်။

    လွှတ်တော်ဆိုသည်မှာ ဒီမိုကရေစီ၏ အခြေခံအကျဆုံးနိုင်ငံရေး အဆောက်အဦ (institution) တခုဖြစ်ပြီး လွှတ်တော်မရှိလျှင် ဒီမိုကရေစီမရှိကြောင်း၊ ထို့ကြောင့် လွှတ်တော်ကို ဆက်လက် ခေါ်ယူနေရခြင်း ဖြစ်ကြောင်း ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွတ်တော် တတိယအကြိမ် အစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတဒူဝါလရှီးလ ကပြောသည်။

    ” ပြီးတော့ လွှတ်တော်ကို ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသူနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အဆောက်အအုံတွေ (building) မဟုတ်ပါဘူး။ နိုင်ငံရေးအဖွဲ့အစည်း (institution) ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစနစ် ရှင်သန်ဖို့ ပြည်သူတွေ ရွေးချယ်ထားတဲ့ လွှတ်တော်ရှိရပါမယ်။ ဒါကြောင့် ကျွန်တော်တို့ စစ်အာဏာရှင်တွေရဲ့ တရားဝင်မှုကို ငြင်းပယ်နိုင်ဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တရားဝင်မှုကို ခိုင်မာစေဖို့၊ ဒီမိုကရေစီအရေး ဆက်လက်ရှင်သန်ဖို့ ပြည်ထောင်စုလွှတ်တော်ရှိပါမယ်။ ဒီမိုကရေစီ တရားဝင်ဖို့ လွှတ်တော် ရှိရပါမယ်။ ဒါကြောင့် ကျွန်တော်တို့ စစ်အာဏာရှင်တွေရဲ့ တရားဝင်မှုကို ငြင်းပယ်နိုင်ဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တရားဝင်မှုကိုခိုင်မာစေဖို့၊ ဒီမိုကရေစီအရေး ဆက်လက်ရှင်သန်နိုင်ဖို့ ပြည်ထောင်စုလွှတ်တော် ဆိုတာ ဆက်လက် ကျင်းပနေဖို့လိုပါတယ်” ဟု ယာယီသမ္မတဒူဝါလရှီးလ ကပြောသည်။ (more…)

  • ကိုအောင်မြင့်မြတ်(ခ)ကိုအောင်အောင်အား “ပြည်သူ့သူရဲကောင်း” အဖြစ် ဂုဏ်ပြုမှတ်တမ်းတင် 

    ကိုအောင်မြင့်မြတ်(ခ)ကိုအောင်အောင်အား “ပြည်သူ့သူရဲကောင်း” အဖြစ် ဂုဏ်ပြုမှတ်တမ်းတင် 

    RNA_ဖေဖော်ဝါရီ ၄ ရက်၊ ၂၀၂၂ ခုနှစ်။

    အကြမ်းမဖက် အာဏာဖီဆန်ရေးနည်းလမ်းများအနက် အဆုံးစွန်သော နည်းလမ်းဖြစ်သည့် မိမိကိုကိုယ် မီးရှို့ဆန္ဒပြခြင်းအားဖြင့် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် တရားမဝင်အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီအား လုံးဝလက်မခံကြောင်း အသက်နှင့်ရင်းကာ ဆန္ဒဖော်ပြခဲ့သည့် ကျောက်ပန်းတောင်းမြို့နယ်၊ ပြည်တော်သာရပ်ကွက်နေ ကိုအောင်မြင့်မြတ်(ခ)ကိုအောင်အောင်အား “ပြည်သူ့သူရဲကောင်း” တစ်ဦးအဖြစ် မော်ကွန်းတင်ဦးညွှတ်ဂုဏ်ပြုလိုက်ပါသည်ဟု ယနေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

    Red News Agency

  • နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရာထူးသက် တမ်းကို NUG အစိုးရ၏ သက်တမ်းနှင့်အညီ ဖြစ်စေရန် ဥပဒေ ပြင်ဆင်ပြဌာန်း

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရာထူးသက် တမ်းကို NUG အစိုးရ၏ သက်တမ်းနှင့်အညီ ဖြစ်စေရန် ဥပဒေ ပြင်ဆင်ပြဌာန်း

    RNA_ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။

    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရာထူးသက် တမ်းကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ သက်တမ်းနှင့်အညီ ဖြစ်စေရန် အတိုင်ပင် ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ၂၀၂၁ ကို ပြင်ဆင်သည့် ဥပဒေကို ယနေ့ ပြန်လည်ပြင်ဆင်ပြဌာန်းလိုက်ကြောင်း သိရသည်။

    ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်ကြောင်း၊ဤဥပဒေကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ၂၀၂၁ ကို ပြင်ဆင်သည့် ဥပဒေ ဟု ခေါ်တွင်စေရမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)က ထုတ်ပြန်ခဲ့သည်။ (more…)