NUG

NUG အစိုးရ စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ အုပ်ချုပ်ရေးခိုင်မာအားကောင်းစေရေး လုပ်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြောကြား

NUG အစိုးရ စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ အုပ်ချုပ်ရေးခိုင်မာအားကောင်းစေရေး လုပ်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြောကြား

RNA ၊ဖေဖော်ဝါရီ ၁၀ ရက်။ အမျိုးသားညီညွတ်ရေးအစိုးရက စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ အုပ်ချုပ်ရေးခိုင်မာအားကောင်းစေရေးအတွက် လုပ်ဆောင်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ အစည်းအဝေး (၃/၂၀၂၂) မှာ ပြောကြားလိုက်သည်။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ အစည်းအဝေးကို ဖေဖော်ဝါရီ ၉ ရက်က နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက စိုးမိုးထိန်းချုပ်နယ်မြေများတွင် အုပ်ချုပ်ရေးခိုင်မာ အားကောင်းစေရန် ကဏ္ဍစုံပေါင်းစပ်ဆောင်ရွက်နိုင်ရေးနဲ့ အုပ်ချုပ်ရေး ၊ကာကွယ်ရေးကိစ္စရပ်တွေလည်း ပေါင်းစပ်ဆောင်ရွက်နိုင် ရေးလိုအပ်တယ်လို့ ပြောကြားခဲ့သည်။ (more…)
Read More
ဒေသန္တရအုပ်ချုပ်ရေး အခွန်ကောက်ခံရရှိမှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ၄၀ ရာခိုင်နှုန်း စီမံခန့်ခွဲခွင့်ရမည် 

ဒေသန္တရအုပ်ချုပ်ရေး အခွန်ကောက်ခံရရှိမှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ၄၀ ရာခိုင်နှုန်း စီမံခန့်ခွဲခွင့်ရမည် 

RNA_ဖေဖော်ဝါရီ ၆ ရက်၊ ၂၀၂၂ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရက ကြားကာလ ဒေသန္တရအုပ်ချုပ်ရေး ဖော်ဆောင်ရာတွင် အခွန်ကောက်ခံခြင်းနှင့် မျှဝေသုံးစွဲခြင်းဆိုင်ရာ မူဝါဒတွင် ၄၀ ရာခိုင်နှုန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၏ စီမံခန့်ခွဲမှု အောက်တွင်ထားရှိရမည်ဟု ယနေ့ ထုတ်ပြန်ထားသည်။ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်၏ အစိတ်အပိုင်း(၁)၊ အခန်း(၄) အပိုင်း(၃)၊ ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်စနစ် စာပိုဒ်ခွဲ(၁၈)၊ (၁၉) အရ မူဝါဒ ချမှတ်ခြင်းဖြစ်ကြောင်း၊ ကြားကာလ ဒေသန္တရအုပ်ချုပ်ရေး ဖော်ဆောင်ရာတွင် မဖြစ်မနေ အခွန်ကောက်ခံခြင်းနှင့် မျှဝေ သုံးစွဲခြင်းဆိုင်ရာ မူဝါဒတစ်ရပ်ဖော်ဆောင်ရန် လုပ်ငန်းတာဝန်ကို အပိုင်း (၂) ပိုင်း ခွဲ၍ ဖော်ဆောင်သွားမည်ဟု သိရသည်။ (more…)
Read More
လွှတ်တော်မရှိလျှင် ဒီမိုကရေစီမရှိနိုင်ခြင်းကြောင့် လွှတ်တော်ကို ဆက်လက်ခေါ်ယူနေရခြင်းဖြစ်ဟု NUG ယာယီသမ္မတပြော

လွှတ်တော်မရှိလျှင် ဒီမိုကရေစီမရှိနိုင်ခြင်းကြောင့် လွှတ်တော်ကို ဆက်လက်ခေါ်ယူနေရခြင်းဖြစ်ဟု NUG ယာယီသမ္မတပြော

RNA ၊ ဖေဖော်ဝါရီ ၅ ရက်၊၂၀၂၂ ခုနှစ်။ လွှတ်တော်ဆိုသည်မှာ ဒီမိုကရေစီ၏ အခြေခံအကျဆုံးနိုင်ငံရေး အဆောက်အဦ (institution) တခုဖြစ်ပြီး လွှတ်တော်မရှိလျှင် ဒီမိုကရေစီမရှိကြောင်း၊ ထို့ကြောင့် လွှတ်တော်ကို ဆက်လက် ခေါ်ယူနေရခြင်း ဖြစ်ကြောင်း ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွတ်တော် တတိယအကြိမ် အစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတဒူဝါလရှီးလ ကပြောသည်။ " ပြီးတော့ လွှတ်တော်ကို ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသူနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အဆောက်အအုံတွေ (building) မဟုတ်ပါဘူး။ နိုင်ငံရေးအဖွဲ့အစည်း (institution) ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစနစ် ရှင်သန်ဖို့ ပြည်သူတွေ ရွေးချယ်ထားတဲ့ လွှတ်တော်ရှိရပါမယ်။ ဒါကြောင့် ကျွန်တော်တို့ စစ်အာဏာရှင်တွေရဲ့ တရားဝင်မှုကို ငြင်းပယ်နိုင်ဖို့၊…
Read More
ကိုအောင်မြင့်မြတ်(ခ)ကိုအောင်အောင်အား “ပြည်သူ့သူရဲကောင်း” အဖြစ် ဂုဏ်ပြုမှတ်တမ်းတင် 

ကိုအောင်မြင့်မြတ်(ခ)ကိုအောင်အောင်အား “ပြည်သူ့သူရဲကောင်း” အဖြစ် ဂုဏ်ပြုမှတ်တမ်းတင် 

RNA_ဖေဖော်ဝါရီ ၄ ရက်၊ ၂၀၂၂ ခုနှစ်။ အကြမ်းမဖက် အာဏာဖီဆန်ရေးနည်းလမ်းများအနက် အဆုံးစွန်သော နည်းလမ်းဖြစ်သည့် မိမိကိုကိုယ် မီးရှို့ဆန္ဒပြခြင်းအားဖြင့် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် တရားမဝင်အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီအား လုံးဝလက်မခံကြောင်း အသက်နှင့်ရင်းကာ ဆန္ဒဖော်ပြခဲ့သည့် ကျောက်ပန်းတောင်းမြို့နယ်၊ ပြည်တော်သာရပ်ကွက်နေ ကိုအောင်မြင့်မြတ်(ခ)ကိုအောင်အောင်အား “ပြည်သူ့သူရဲကောင်း” တစ်ဦးအဖြစ် မော်ကွန်းတင်ဦးညွှတ်ဂုဏ်ပြုလိုက်ပါသည်ဟု ယနေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ Red News Agency
Read More
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရာထူးသက် တမ်းကို NUG အစိုးရ၏ သက်တမ်းနှင့်အညီ ဖြစ်စေရန် ဥပဒေ ပြင်ဆင်ပြဌာန်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရာထူးသက် တမ်းကို NUG အစိုးရ၏ သက်တမ်းနှင့်အညီ ဖြစ်စေရန် ဥပဒေ ပြင်ဆင်ပြဌာန်း

RNA_ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရာထူးသက် တမ်းကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ သက်တမ်းနှင့်အညီ ဖြစ်စေရန် အတိုင်ပင် ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ၂၀၂၁ ကို ပြင်ဆင်သည့် ဥပဒေကို ယနေ့ ပြန်လည်ပြင်ဆင်ပြဌာန်းလိုက်ကြောင်း သိရသည်။ ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်ကြောင်း၊ဤဥပဒေကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ၂၀၂၁ ကို ပြင်ဆင်သည့် ဥပဒေ ဟု ခေါ်တွင်စေရမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)က ထုတ်ပြန်ခဲ့သည်။ (more…)
Read More
စစ်တပ်အာဏာသိမ်းခဲ့သည့် ၁ နှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဆိုးရွားသော ထိခိုက် ကျဆင်းမှုများ

စစ်တပ်အာဏာသိမ်းခဲ့သည့် ၁ နှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဆိုးရွားသော ထိခိုက် ကျဆင်းမှုများ

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်။ အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းခဲ့သည့် ၁ နှစ်အတွင်းလူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဆိုးရွား သော ထိခိုက် ကျဆင်းမှုများအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ဗဟိုအလုပ်ကော်မတီက ကြေညာချက်တစ်စောင် ယနေ့ ထုတ်ပြန်ခဲ့သည်။ အာဏာသိမ်းစစ်ကောင်စီသည် အာဏာသိမ်းခဲ့သည့် တစ်နှစ်တာကာလအတွင်း ရဟန်း၊ ရှင်လူ၊တိုင်းရင်းသား၊ ကျောင်းသား၊ ပြည်သူများ၊ CDM များနှင့်အတူ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီခေါင်းဆောင်များ၊ ရွေးကောက်တင်မြှောက်ခံလွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များ၊ ပါတီဝင်များကို အဓမ္မဖမ်းဆီးအကျဉ်းချမှုများ၊ ညှဉ်းဆဲသတ်ဖြတ်မှု များစွာလုပ်ဆောင်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်တမ်းကောက်ယူရေးအဖွဲ့၏ ကောက်ယူရရှိသော စာရင်းများအရ အဖွဲ့ချုပ်အဖွဲ့ဝင်များထဲမှလည်း ဖမ်းဆီးအကျဉ်းချခံရသူစုစုပေါင်း (၆၈၆)ဦးတွင် လွှတ်တော်ကိုယ်စားလှယ် (၁၀၇)ဦးပါဝင်ပြီး၊ ညှင်းပမ်းနှိပ်စက်မှုများနှင့် အကျဉ်းထောင်အတွင်း…
Read More
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အပါအဝင် အချက် ၈ ချက်ကို  ပြည်သူ့ညီလာခံတွင် အတည်ပြု

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အပါအဝင် အချက် ၈ ချက်ကို ပြည်သူ့ညီလာခံတွင် အတည်ပြု

RNA_ဇန်နဝါရီလ (၃၀) ရက်၊ ၂၀၂၂ ခုနှစ်။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁) ၊(၂) ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံ အပါအဝင် အချက် ၈ ချက်ကို ပထမအကြိမ် ပြည်သူ့ညီလာခံတွင် အတည်ပြုလိုက်ကြောင်း ပထမအကြိမ်ပြည်သူ့ညီလာခံ၏ ယနေ့ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။ စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင် စနစ်မဆို အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို အပြည့်အဝ အာမခံချက်ပေးနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးကို ဦးတည်လျက် ပထမအကြိမ် ပြည်သူ့ညီလာခံကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီကကြီးမှူး၍ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက်နေ့မှ (၂၉)ရက်နေ့အထိ အောင်မြင်စွာ ကျင်းပခဲ့သည်။ ပြည်သူ့ညီလာခံသည် နိုင်ငံရေးအရ အမြင့်ဆုံး ဆုံးဖြတ်ချက် ချမှတ်ပေးနိုင်သည့်…
Read More
“မတရားတဲ့အမိန့်ဟူသမျှဆန့်ကျင်ကြ”

“မတရားတဲ့အမိန့်ဟူသမျှဆန့်ကျင်ကြ”

"မတရားတဲ့အမိန့်ဟူသမျှဆန့်ကျင်ကြ"ဟုဆိုကာ ကိုဂျင်မီနှင့် ကိုဇေယျာသော်တို့ ဓာတ်ပုံများနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ RNA_ဇန်နဝါရီ ၂၃ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းက ကျေးရွာတွင် မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့်လက်ပံတောင်းတောင်ပင်မသပိတ်စစ်ကြောင်းတို့ပူးပေါင်းပြီ "မတရားတဲ့အမိန့်ဟူသမျှဆန့်ကျင်ကြ" “ငါတို့အားလုံးသည် ကိုဂျင်မီ ငါတို့အားလုံးသည် ဇေယျာသော်" ဟု ဆိုကာ ယနေ့ နံနက်ပိုင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။ " ကျွန်တော်တို့ပြည်သူလူထုအားလုံးဟာ ကိုဂျင်မီလိုစိတ်ဓာတ် ကိုဇယျာသော်လိုစိတ်ဓာတ် မျိုးကိုကိုင်စွဲပြီးရဲရဲဝံ့ဝံ့နဲ့ မတရားတဲ့အမိန့်ဟူသမျှကိုဖီဆန် ဆန့်ကျင်ပြီးစစ်အာဏာရှင်အမြစ်ပျက်ဖို့အရေးကိုဦးတည်၍ လူထုအားလုံးညီညာစွာ စစ်အာဏာရှင်ရဲ့လက်အောက်ခံထောက်တိုင်များကိုဖြိုဖျက်ဖို့အတွက် မတရားတဲ့အမိန်ဟူသမျှဖီဆန်ကြဖို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်" ဟု သပိတ်တွင် ပါဝင်သူတဦးက ပြည်သူများကို ပြောကြားခဲ့သည်။ ဓာတ်ပုံ : ပေးပို့ CJ Red News…
Read More
NUG အစီအစဉ်ဖြင့် စစ်ကိုင်းတိုင်းမှာ အခြေခံပညာ ကျောင်းတွေဖွင့်ဖို့ပြင်နေ 

NUG အစီအစဉ်ဖြင့် စစ်ကိုင်းတိုင်းမှာ အခြေခံပညာ ကျောင်းတွေဖွင့်ဖို့ပြင်နေ 

RNA_ဇန်နဝါရီ ၃ ရက်၊ ၂၀၂၂ ခုနှစ်။ နွေ‌ဦးတော်လှန်ရေးကာလ ခုခံစစ် ပြင်းထန်ခဲ့သည့် စစ်ကိုင်းတိုင်းတွင် NUG အစီအစဉ်ဖြင့် အခြေခံပညာ စာသင်ကျောင်းများ ဖွင့်လှစ်ဖို့ ပြင်ဆင်နေကြောင်း သိရသည်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်း၊ ယင်းမာပင်၊ ပုလဲ၊ ကနီ၊ ကလေး ၊ မြောင်စသည့် မြို့နယ်များတွင် စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြင်းပြင်ထန်ထန် တိုက်ခိုက်သည့်အတွက် စစ်အုပ်ချုပ်ရေးမှာ နေရာတိုင်း မသက်ရောက်တော့ကြောင်း၊ ယခင်က ဆိုင်ကယ်ဖြင့် (၁) နာရီ ခရီးကြာသည့် နေရာကို စစ်ကောင်စီတပ် စစ်ကြောင်းများ (၃) ကြောင်းခွဲကာ ၄ ရက်ခရီး သွားနေရကြောင်း၊ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှာ ကျေးရွာအလိုက်၊ မြို့နယ်အလိုက်စသည့်…
Read More
ကြားကာလ ဒေသန္တရအုပ်ချုပ်ရေး အမြန်ဆုံး ဖော်ဆောင်နိုင်ရေး အစည်းအဝေးပြုလုပ်

ကြားကာလ ဒေသန္တရအုပ်ချုပ်ရေး အမြန်ဆုံး ဖော်ဆောင်နိုင်ရေး အစည်းအဝေးပြုလုပ်

RNA_ဇန်နဝါရီ ၃ ရက်၊ ၂၀၂၂ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု အစည်း အဝေး (၁/၂၀၂၂) ကို ဇန်နဝါရီ ၂ ရက်‌နေ့က ပြုလုပ်ခဲ့ပြီး ခိုင်မာသည့် ကြားကာလဒေသန္တရအုပ်ချုပ်ရေးပုံစံတစ်ခုအမြန်ဆုံး ဖော်ဆောင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးသည် ပိုမိုအရေးပါလာပြီဖြစ်ပြီး တရားရေးဆိုင်ရာကိစ္စရပ်များ စီမံခန့်ခွဲမှု ကိစ္စများနှင့်ပတ်သက်၍ နေ့စဉ်ကြားသိနေရသည့်အတွက် အစိုးရအနေနှင့် ခိုင်မာတဲ့ ကြားကာလဒေသန္တရအုပ်ချုပ်ရေးပုံစံတစ်ခုအမြန်ဆုံး လိုအပ်နေပြီဖြစ်သည်ဟု အစည်းအဝေးတွင် ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့သည်။ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးသည် တရားရေးနှင့် ချိတ်ဆက်လုပ်ရမည့် အလုပ်အများအပြား အများကြီးရှိနေခြင်းကြောင့်အချိတ် အဆက်မိမိ ဆက်လက်အကောင် အထည်ဖော်ရန်လိုအပ်ကြောင်း၊ ပြည်နယ်အတိုင်ပင်ခံကောင်စီများနှင့်…
Read More