တစ်နှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ၂၅၀၀၀ ကျော်သေဆုံးပြီး ၈၀၀၀ ကျော်ထိခိုက်ဒဏ်ရာရ

Written by

in

RNA_ စက်တင်ဘာ ၁၃၊ ၂၀၂၂ ခုနှစ်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ အရေးပေါ်အခြေအနေ ကြေညာချက်ထုတ်ပြန်ပြီးကာလ (၇.၉.၂၀၂၁)မှ (၆.၉.၂၀၂၂) ထိ တစ်နှစ်တာကာလအတွင်းအာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ ဘက်မှ သေဆုံးသူ- ၂၅၁၀၇ ဦး နှင့်ထိခိုက်သူ – ၈၀၂၃ ဦး အထိ ရှိခဲ့ကြောင်း NUG ပြည်ထဲရေးနှင့် လူဝင် မှုကြီးကြပ်ရေးဝန်ကြီးဌာနက ယနေ့(စက်တင်ဘာ ၁၃ ရက်) ထုတ်ပြန်ကြေညာသည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဉ်ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အထက်ပါအရေးပေါ်ကြေညာချက်ထုတ်ပြန်ပြီးနောက်ပိုင်းတွင်လည်း ပြည်သူဘက်သို့ ရဲရဲဝံ့ဝံ့ ရပ်တည်လာကြသည့်စစ်သား CDM နှင့် ရဲ CDM များလည်း နေ့စဉ်များပြားလာနေကြောင်း သိရသည်။

မြန်မာပြည်သူလူထုသည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရက်တစ်နိုင်ငံတော်သစ် တည်ဆောက်ရန် ပြည်သူ့တော်လှန်ရေး ဆင်နွှဲနေကြကြောင်း၊ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီသည်  မြန်မာပြည်သူများအပေါ် မတရားဖမ်းဆီးသတ်ဖြတ် အကြမ်းဖက်လုပ်ရပ်များကို နေ့စဉ်ကျူးလွန်လုပ်ဆောင်နေရာ၊ ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်မှု ကာကွယ်ပိုင်ခွင့်အရပြည်သူ့ခုခံတော်လှန်စစ်ကို မလွှဲသာမရှောင် ဆင်နွှဲနေကြရခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

တစ်နှစ်တာကာလအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ၂၅၀၀၀ ကျော်သေဆုံးပြီး ၈၀၀၀ ကျော်ထိခိုက်ဒဏ်ရာရသည့်စာရင်းသည် မြေပြင်မှာ ပို၍ဖြစ်ပွားနိုင်ကြောင်းကို NUG မှတ်ချက်ပြုထားသည်။

Red News Agency