စစ်ကောင်တပ်သားများ စိတ်ဓာတ်ထိုးကျနေချိန် PDF ရဲဘော်များ စစ်မတိုက်ရ၍ စိတ်မရှည်ဖြစ်နေဟု NUG ပြည်ထဲရေးဝန်ကြီးပြော 

RNA_စက်တင်ဘာ ၁၄၊ ၂၀၂၂ ခုနှစ်။

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ တိုက်ပွဲဝင်စိတ်ဓာတ် ထိုးကျနေချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF )ရဲဘော်များမှာ စစ် မတိုက်ရ၍ စိတ်မရှည်ဖြစ်နေကြပြီး မနည်းထိမ်းထားရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။

” ဒီနှစ်မှာ ပြီးခဲ့တဲ့နှစ်ထက်စစ်ရှိန်ပို့မြှင့်ပါမယ်။ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေဆီမှာ တိုက်စွမ်အားဖြစ်တဲ့ လက်နက်တွေက အရင်နှစ်ကတပ်ဆင်ထားတာနဲ့ ဒီနှစ်ထပ်တပ်ဆင်ပေးနေတာနဲ့ပေါင်းရင် တိုက်စွမ်းအားက တိုးနေပါတယ် တိုက်စွမ်းရည်နဲ့စိတ်ဓာတ်မှာလည်း စကစဘက်မှာ ရှေ့တန်းသွားရတာ များလို့ ပင်ပန်းလို့ တပ်တွင်းမငြိမ်မသတ်မှုတွေဖြစ်ပြီး ပြည်သူ့ရင်ခွင် ခိုလုံတဲ့သူတွေ တစ်နေ့တစ်ခြား တိုးလာပြီး တိုက်ပွဲဝင်စိတ်ဓာတ် ထိုးကျနေချိန်PDF ရဲဘော်တွေက မတိုက်ရလို့ စိတ်မရှည်ဖြစ်ပြီး မနည်းထိမ်းထားရတယ်။ ဒါပေမယ့်မကြာစေရပါဘူး ရဲဘော်တို့ရဲ့တိုက်ပွဲဝင်စိတ်ဓာတ်တွေနဲ့ အတူ “ပြည်တော်ဝင်” ကြမယ် လို့ပြောထားတယ် ” ဟု ဦးလွင်ကိုလတ်က  စက်တင်ဘာ ၁၃ ရက်နေ့က ပြောကြားထားသည်။

ပြည်သူ့လူထု၏ထောက်ခံမှုကလည်း စီမံဘဏ္ဍာဝန်ကြီးရောင်းသမျ အကုန်ဝယ် နေကြသည်ကို ကြည့်လျှင်  ပြည်သူမှာ “အောင်စိတ်” က အခိုင်အမာကို ရှိနေကြောင်း၊ ပြီးခဲ့တဲ့နှစ် သမ္မတကြီးမှ “အရေးပေါ်အခြေအနေ”ကြေညာခဲ့ပြီး တစ်နှစ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ မြို့ပြပျောက်ကြားများ ဆင်နွဲခဲ့သည့် ခုခံစစ်က မြပြ ကျေးလက် နှင့် တောတောင်ကြားတွင် ထိတွေ့တိုက်ပွဲမျိုးစုံ၊စစ်မျက်နှာစုံဖွင့် နိုင်ခဲ့ကြသည်ဟု ဦးလွင်ကိုလတ်က ထည့်သွင်း ပြောကြားထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ အရေးပေါ်အခြေ အနေကြေညာချက်ထုတ်ပြန်ပြီးကာလ (၇.၉.၂၀၂၁)မှ (၆.၉.၂၀၂၂) ထိ တစ်နှစ်တာကာလအတွင်းအာဏာ သိမ်းအကြမ်းဖက်စစ်ကောင်စီဘက်မှ သေဆုံးသူ- ၂၅၁၀၇ ဦး နှင့် ထိခိုက်သူ – ၈၀၂၃ ဦး အထိ ရှိခဲ့ကြောင်း NUG ပြည်ထဲရေးနှင့်လူဝင်မှုကြီး ကြပ်ရေးဝန်ကြီးဌာနက စက်တင်ဘာ (၁၃) ရက်နေ့တွင် ထုတ်ပြန် ကြေညာထားသည်။

Red News Agency

By Editor