တော်လှန်ရေး အရှိန်မြှင့်ရန် PDF ထုတ်လက်နက်များ ကျေးရွာများကို ဖြန့်ချိနေ

RNA_ဩဂုတ်၃၁၊၂၀၂၂ခုနှစ်။

𝗘𝗮𝗿𝘁𝗵𝗾𝘂𝗮𝗸𝗲 𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗗𝗲𝗳𝗲𝗻𝗰𝗲 𝗙𝗼𝗿𝗰𝗲 က ထုတ်လုပ်သည့် လက်နက်များကို တော်လှန်ရေး အရှိန်မြှင့်ရန်အတွက် ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာများကို ဖြန့်ချိနေကြောင်း သိရသည်။

” မိမိတို့အဖွဲ့သည် ပြည်သူလူထုမှ လှူဒါန်းသော အလှူငွေများဖြင့် တော်လှန်ရေးလုပ်ငန်းစဉ်များကို တစိုက်မတ်မတ် လုပ်ကိုင်လျှက်ရှိပါသည်။ ယခုအခါတွင် 𝗘𝗮𝗿𝘁𝗵𝗾𝘂𝗮𝗸𝗲 𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗗𝗲𝗳𝗲𝗻𝗰𝗲 𝗙𝗼𝗿𝗰𝗲 အဖွဲ့သည် မိမိတို့ ထိန်းချုပ်နယ်မြေအတွင်းမှ ကျေးရွာများကို မိမိတို့စခန်းမှထုတ်လုပ်ထားသောလက်နက်များအား ကာကွယ်ရေးအတွက် ထုတ်ပေးပြီး တော်လှန်ရေးကို အရှိန်မြှင့် လုပ်ဆောင်လျှက်ရှိပါသည်” ဟု ထုတ်ပြန်ထားသည်။

𝗘𝗮𝗿𝘁𝗵𝗾𝘂𝗮𝗸𝗲 𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗗𝗲𝗳𝗲𝗻𝗰𝗲 𝗙𝗼𝗿𝗰𝗲 သည် မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့်အနီးတဝိုက်တွင် အခြေစိုက်ကာ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေသည့်တပ်ဖွဲ့ဖြစ်ကြောင်း၊ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြိုင်မြို့နယ်၊ ပေါက်မြို့နယ်၊ ရေစကြိုမြို့နယ်၊ ဆိပ်ဖြူမြို့နယ်၊ ဂန့်ဂေါ့မြို့နယ်အပါအဝင် ယောဒေသနှင့်အခြားမြို့နယ်များ၏ ကျေးရွာများတွင် စစ်ကောင်စီတပ် အပြည့်အဝ ထိန်းချုပ်နိုင်မှုမရှိတော့ကြောင်း ဒေသခံ PDF များထံမှ သိရသည်။

Red News Agency

By Editor