21
Nov
RNA_နိုဝင်ဘာ(၂၁)၊၂၀၂၆ခုနှစ်။ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် အပြစ်ရှိကြောင်း စီရင်ချက်ရာတွင် အမှု၏ အဓိကအချက်ဖြစ်သော လူမျိုးသုဉ်းစေမှု ကျူးလွန်မှု ရှိ/မရှိ ကိစ္စအပေါ် ထောက်ခံမဲ (၉) မဲ၊ ကန့်ကွက်မဲ (၆) မဲ၊ အများစုမဲအသာဖြင့် ဆုံးဖြတ်ခဲ့သည့် တရားရုံး၏ စီရင်ချက်အပေါ် အာဏာသိမ်း စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ (၂၀) ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ် (စစ်အုပ်စု)၏ အကြမ်းဖက်နှိမ်နင်းရေးနှင့် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများကြောင့် ရိုဟင်ဂျာများကို အကြမ်းဖက်သတ်ဖြတ်မှု၊ အတင်းအဓမ္မ နေရပ်စွန့်ခွာစေမှုနှင့် အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုများ ကျူးလွန်ခဲ့သည့်အတွက် မြန်မာနိုင်ငံသည် ဂျီနိုဆိုက်ကျူးလွန်မှု၌ နိုင်ငံတကာတရားရုံး (ICJ)…