RNA_စက်တင်ဘာ (၁၂)၊၂၀၂၂ ခုနှစ်။
မိုးဗြဲမြို့တိုက်ပွဲတွင် ပါဝင်ဆင်နွှဲနေသည့် မြို့ပြတော်လှန်ရေးတပ်ဦး – URF မှ ရဲဘော် အောင်စာ (ခ) ဘီစိန်ရှို့သည် စက်တင်ဘာလ (၁၁) ရက်နေ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့အနီး ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က အကျအဆုံးများနေသည့်အတွက် လက်နက်ကြီးပစ်ကူများ၊ တိုက်လေယာဉ်များဖြင့် ပစ်ခတ်နေသည့်အတွက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တချို့ ဒဏ်ရာရရှိမှုများရှိပြီး ကျဆုံးသူတချို့ရှိကြောင်း သိရသည်။
မြို့ပြတော်လှန်ရေးတပ်ဦး – URF မှ ရဲဘော် အောင်စာ (ခ) ဘီစိန်ရှို့ ကျဆုံးခဲ့ရသည့်အတွက် ယနေ့ ဈာပန အခမ်းအနားပြုလုပ်ခဲ့ကြောင်း၊ ရဲဘော် အောင်စာ (ခ) ဘီစိန်ရှို့၏ ရဲရင့်မှုနှင့် တော်လှန်ရေးသစ္စာကို မြဲမြံစွဲဖင့် ရွပ်ရွပ် ချွံချွံတိုက်ပွဲဝင်မှုအား လေးမြတ်စွာ အလေးနီပြုကြောင်း၊ ရဲဘော်၏ တာဝန်များကို ဆက်လက်ထမ်းဆောင်၍ ရဲဘော်ကိုယ်စား တော်လှန်ရေးပန်းတိုင်ကို မမှိတ်မသုံချီတက်အောင်ပွဲဝင်ပါမည်ဟု မြို့ပြတော်လှန်ရေးတပ်ဦး – URF က ကတိသစ္စာပြုထားသည်။
စက်တင်ဘာလ (၈) ရက်နေ့မှ စတင်ကာ မိုးဗြဲသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပွဲကုန်း (၃)ရပ်ကွက် ဘုရားကျောင်းဝန်းအနီး ဝန်းကျင်တဝိုက်မှ KNDF B/03 ၊ B/11 ၊ KA ၊ မိုးဗြဲ PDF ၊ မြို့ပြတော်လှန်ရေးတပ်ဦး – URF၊ ဖယ်ခုံ PDF ၊ KRU၊ KGZ စသည့် မဟာမိတ်တပ်များ၏ တိုက်ခိုက်မှုကြောင့် (၅) ရက်အတွင်း စစ်ကောင်စီတပ်ဘက်မှ (၆၀) ထက်မနည်း သေဆုံးနေကြောင်း ဒေသခံကာကွယ်ရေးတပ်များ၏ ထုတ်ပြန်ချက်အရ သိရသည်။
Red News Agency