ရိက္ခာပို့သည့် စစ်ကောင်စီတပ် အဖွဲ့ဝင် ၅ ဦးကို ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ်အဆင့်တဦးအပါအဝင် (၃) ဦးသေဆုံး

RNA_နိုဝင်ဘာ(၁၄)၊၂၀၂၂ ခုနှစ်။
ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့နယ် ၊ လောပိတမြို့ရှိ စစ်ကောင်စီခြေကုပ်စခန်းကို ရိက္ခာပို့သွားသည့် အရပ်ဝတ်များဖြင့် စစ်ကောင်စီတပ်က အဖွဲ့ဝင် (၅) ဦးကို KNDF B (10) ရဲဘော်များက ယမန်​နေ့ ( နိုဝင်ဘာ ၁၃ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်)က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ဗိုလ်အဆင့် တဦးအပါအဝင် ၃ ဦးသေဆုံးသွားကြောင်း သိရသည်။

လောပိတမြို့၊ ဘီလူးချောင်းအနီးရှိ စစ်ကောင်စီ၏ လောထော်တောင်ပေါ်စခန်းအား ရိက္ခာပို့ရန် စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ဦးကို ကြားဖြတ်တိုက်ခိုက်ရာ ၁၀ မိနစ်အကြာတွင် (၃) ဦးသေဆုံးပြီီး၊ MA-1 အမျိုးအစား သေနတ် (၁)လက် ၊ ကျည်ဘောက် (၄) ခု ၊ ကျည်ဆံအချို့နှင့် ဖုန်း (၁)လုံးတို့အား သိမ်းဆည်းရခဲ့မိကြောင်း၊ စစ်ကောင်စီတပ်သား (၂) ဦးထွက်ပြေးသွားကြောင်း KNDF က သတင်းထုတ်ပြန်ထားသည်။
ကရင်နီပြည်နယ်အတွင်း နိုဝင်ဘာလ အစမှ ယနေ့အထိ ထိတွေ့တိုက်ပွဲငယ်များနှင့် အလစ်ငိုက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး လွိုင်ကော်၊ ဒီးမော့ဆို ၊ဖရူဆို ၊ ဘောလခဲ ၊ ရှားတော မြို့နယ်များအတွင်း တိုက်ပွဲ စုစုပေါင်း (၁၃)ကြိမ်နီးပါးဖြစ်ပွားခဲ့ကာ စစ်ကောင်စီဖက်မှ (၉)ဦးထက်မနည်း သေဆုံးခဲ့ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
By Editor