KNDF

ဖမ်းဆီးခံလိုက်ရသည့် မိုးဗြဲPDF ရဲဘော် ကျဆုံးလျှက် တွေ့ရှိ 

ဖမ်းဆီးခံလိုက်ရသည့် မိုးဗြဲPDF ရဲဘော် ကျဆုံးလျှက် တွေ့ရှိ 

RNA_‌မတ်၃၊၂၀၂၂ခုနှစ်။ မိုးဗြဲPDF လင်းယုန်တပ်ခွဲမှ ရဲဘော်မောင်ဘဲတို မတ်လ ၂ ရက်နေ့က စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီး ယနေ့တွင် ရင်ဘက် ဓားစိုက်ထားပြီး ညှင်းပန်းနှိပ်စက်ခံရကာ ကျဆုံးနေသည်ကို ရဲဘော်များ ပြန်တွေ့ရှိရကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် ပြည်သူအပါအဝင် ရဲဘော်များကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်နေပြီး၊ စစ်ကောင်စီတပ် ထိုးစစ်ဆင်သည့် ကျေးရွာနှင့် မြို့တို့ကို အလုံးစုံပျက်သုဉ်းရေးအတွက် မီးရှို့ခြင်း၊ မြင်မြင်သမျှ ပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။ Red News Agency
Read More
ယနေ့ မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီတပ်က (၄၀) ဦးထက်မနည်း သေဆုံးဟု ထုတ်ပြန်

ယနေ့ မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီတပ်က (၄၀) ဦးထက်မနည်း သေဆုံးဟု ထုတ်ပြန်

ယနေ့ မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီတပ်က (၄၀) ဦးထက်မနည်း သေဆုံးဟု ထုတ်ပြန် RNA_ဖေဖော်ဝါရီ ၁၉၊၂၀၂၂ ခုနှစ်။ ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့အနီး ​ဝါှရီဆူးပလိုင်၊ လေဝိုး​၊ ဝီသဲကူး​(မြောက်ရွာ)တို့တွင် ယနေ့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က အရာရှိ တပ်သားပါအဝင် (၄၀) ဦးထက်မနည်း သေဆုံစခဲ့သည်ဟု မြေပြင်သတင်းအရ DMO-PDF ကထုတ်ပြန်ထားသည်။ " အကြမ်းဖက်စစ်ကောင်စီဘက်မှ စစ်ကား(၃)စီးပျက်ဆီးခဲ့ပြီး အရာရှိအရာခံအပါအဝင် (၄၀)ဦးထက်မနည်းသေဆုံးခဲ့ဟု ​မြေပြင်သတင်းအရသိရသည်။ အထိနာခဲ့သောအကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့သည် ခမရ ၄၂၂ တပ်၊ ခမရ ၅၄တပ်မှ လက်နက်ကြီး ပစ်ကူခဲ့သလို ည​နေ(၄)နာရီဝန်ကျင်ခန့်တွင် တိုက်လေယာဉ် ၂ စီး၊ ည​နေ (၅)နာရီအချိန်တွင် တိုက်​လေယာဥ် (၂)စီး စုစု​ပေါင်း (၄)စီးဖြင့်…
Read More
မိုးဗြဲတိုက်ပွဲအတွင်း ဒဏ်ရာရရဲဘော်များကို ‌ဆေးကုသပေးနေသည့် မြင်ကွင်း

မိုးဗြဲတိုက်ပွဲအတွင်း ဒဏ်ရာရရဲဘော်များကို ‌ဆေးကုသပေးနေသည့် မြင်ကွင်း

RNA_ဖေဖော်ဝါရီ ၂၀၊၂၀၂၂ ခုနှစ်။ ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အနီး ဖေဖော်ဝါရီ ၁၇ ရက်နေ့မှ ယနေ့အထိတိုက်ပွဲပြင်းထန်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒဏ်ရာရရှိသည့် ရဲဘော်များကို Moebye Rescue Team အဖွဲ့က ဆေးကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ Photo: Roselin Ei Red News Agency
Read More
စစ်ကောင်စီတပ် တင့်ကားနှင့်ကျဥ်ထောက်ပို့ကား ၃ စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ချေမှုန်းနိုင်ခဲ့

စစ်ကောင်စီတပ် တင့်ကားနှင့်ကျဥ်ထောက်ပို့ကား ၃ စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ချေမှုန်းနိုင်ခဲ့

RNA_ဖေဖော်ဝါရီ ၁၉၊၂၀၂၂ ခုနှစ်။ တိုက်ပွဲပြင်း‌ထန်နေပြီး အင်အားအလွန်အကျွှံသုံးနေသည့် စစ်ကောင်စီတပ်က ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာအုပ်စု ၊ ဝှါရီဆူးပလိုင်တိုက်ပွဲ စစ်ကြောင်းထိုးနေသော စစ်ကောက်စီတပ်ကို အကူအညီလာသည့် တင့်ကားနှင့် ထောက်ပို့ကျည်ကားများ အပါအဝင် စစ်ကောင်စီတပ်သားများကို ပြည်သူ့တော်လှန်ရေး အင်အားစု KNDF B-03/ 11 KA နှင့် အရှေ့ဖက်ကမ်း PDF တို့မှ ပူးပေါင်းပြီး ယနေ့ တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း သိရသည်။ RedNewsAgency
Read More
ယမန်‌နေ့ တိုက်ပွဲတွင် မိုးဗြဲ PDF က ရဲဘော် (၇) မိုးဗြဲ

ယမန်‌နေ့ တိုက်ပွဲတွင် မိုးဗြဲ PDF က ရဲဘော် (၇) မိုးဗြဲ

RNA_ဖေဖော်ဝါရီ ၁၈ ရက်၊ ၂၀၂၂ ခုနှစ်။ ဖယ်ခုံမြို့နယ်၊ မိုးဗြဲတိုက်ပွဲတွင် ယမန်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အကျအဆုံးခဲ့ရာမှာ မိုးဗြဲ PDF က (၇) ဦးကျဆုံးပြီး (၆) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီလ (၁၇) ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး မိုးဗြဲမြို့ပေါ်၊ ဟိုက်ကွီဆည်နှင့် ဝါရီဆူးဖလိုင်ရွာနားတွင် တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ရာ တိုက်ပွဲတွင် မိုးဗြဲ PDF၊ လွိုင်ကော် PDF၊ ဒီးမော့ဆို PDF၊ ဖယ်ခုံ PDF၊ KA ၊ KNDF၊ KGZ ၊ JPDF ၊ GZ-21 နှင့် အခြား မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်းပြီး အကြမ်းဖက်စစ်တပ်ကို…
Read More
ကရင်နီပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်အတွင်း စစ်ကောင်စီ အုပ်ချုပ်ရေး ၉၀ ရာခိုင်နှုန်း ရပ်တန့်

ကရင်နီပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်အတွင်း စစ်ကောင်စီ အုပ်ချုပ်ရေး ၉၀ ရာခိုင်နှုန်း ရပ်တန့်

RNA_ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကရင်နီ (ကယား)ပြည်နယ်၌ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်အတွင်း စစ်ကောင်စီအုပ်ချုပ်ရေး ၉၀ ရာခိုင်နှုန်းအထိ ရပ်တန့်သွားပြီဖ့စ်ကြောင်း ယနေ့တွင် ကရင်နီ အမျိုးသားကာကွယ်ရေးတပ် -KNDF က ထုတ်ပြန်ထားသည်။ ကရင်နီပြည်နယ် အဝင် အထွက် လမ်းကြောင်းအားလုံးနီးပါးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည့်အတွက် စစ်ကောင်စီတပ်အတွက်လက်နက်နှင့် ရိက္ခာကို ထောက်ပို့လေယာဉ် အသုံးပြုနေရကြောင်း၊ တပြည်နယ်လုံးရှိ ကျေးရွာ (၇၀၀) ကျော်တွင် ရွာလုံးကျွတ် စစ်ဘေးရှောင်ရွာမှအပ ကျေးရွာပေါင်း (၄၀၀) ခန်းတွင် စာသင်ကျောင်း၊ ဆေးပေးခန်းများကို ပြည်သူများက ကိုယ်ထူကိုယ်ထ စီမံအုပ်ချုပ်မှုဖြင့် လည်ပတ်နိုင်ပြီဖြစ်ကြောင်း သိရသည်။ Red News Agency
Read More
စစ်ဘေးကြောင့် ကရင်နီပြည်မှာ ဆန်အစားထိုး ပြောင်း‌ကောက် စားနေရ 

စစ်ဘေးကြောင့် ကရင်နီပြည်မှာ ဆန်အစားထိုး ပြောင်း‌ကောက် စားနေရ 

RNA_ဇန်နဝါရီ ၂၂ ရက်၊ ၂၀၂၂ ခုနှစ်။ တိုက်ပွဲပြင်းထန်နေသည့် ကရင်နီပြည် (ကယား)၊ ဒီးမော့ဆိုမြို့နယ်နှင့် ဖရူးဆို မြို့နယ်ကြားက ကျေးရွာတွေမှာ ဆန်မရှိတော့သည့်အတွက် အရက်ချက်ရာတွင် အသုံးပြုသည့် ပြောင်းကောက်ကို ချက်စားနေရကြောင်း ဒေသခံတချို့ထံက သိရသည်။   ဆန်ပြတ်လတ်သည့် ကျေးရွာများမှာ စစ်ဘေးကြောင့် ရှောင်တိမ်းနေကြရသူများရှိပြီး ခရီးသွားလာရေးနှင့် စားနပ်ရိက္ခာဝယ်ယူရေး မလွယ်ကူတော့ကြောင်း၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း၊ ကရင်နီပြည်ကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေပြီး ဆေးဝါး၊ စားနပ်ရိက္ခာများ ဖြတ်ထားကြောင်း သိရသည်။ ဒီးမော့ဆို၊ လွိုင်ကော်၊ ဖရူးဆိုစသည့် မြို့နယ်များမှာ နေ့စဉ်နှင့်အမျှတိုက်ပွဲဖြစ်နေပြီး၊ စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီး ရမ်းသန်းပစ်ခတ်ခတ်မှုများကြောင်း ‌စစ်ဘေးရှောင်နှင့် ပြည်သူများ သေဆုံးနေကြရကြောင်း၊ ဆေးဝါးနှင့်ရိက္ခာအတွက်…
Read More
စစ်ကောင်စီတပ် လေကြောင်းက ပစ်ခတ်မှုကြောင့် ပရဟိတ လူငယ် (၃) ဦး ကျဆုံး 

စစ်ကောင်စီတပ် လေကြောင်းက ပစ်ခတ်မှုကြောင့် ပရဟိတ လူငယ် (၃) ဦး ကျဆုံး 

RNA_ဇန်နဝါရီ ၁၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံကျေးရွာအနီး တိုက်ပွဲကို စစ်ကောင်စီတပ် ယနေ့ ညနေပိုင်းက လေကြောင်းက ပစ်ခတ်သည့်အတွက် ပရဟိတ လူငယ် (၃) ဦး ကျဆုံးသွားရကြောင်း သိရသည်။ " ည (၁၇း၃၀)နာရီတွင် ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် လာရောက်တိုက်ခိုက်သဖြင့်ပရဟိတလူငယ်(၃)ဦး ကျဆုံးခဲ့ရပါသည်။အကြမ်းဖက် စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများကို ပစ်မှတ်ထာပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နန်းဖယ်ခုံ ကျေးရွာအား လေကြောင်း တိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းပင်ဖြစ်ပါသည်" ဟု KNDF က ယနေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက် စက်မှုလယ်ယာရုံးနှင့် (၁၁) ထပ်…
Read More
စစ်ကောင်စီတပ်က (၂၀) သေ၊ လေယာဉ်နှင့် (၉) ကြိမ်လာပစ်၊ KNDF ရဲဘော်တဦးကျ

စစ်ကောင်စီတပ်က (၂၀) သေ၊ လေယာဉ်နှင့် (၉) ကြိမ်လာပစ်၊ KNDF ရဲဘော်တဦးကျ

RNA_ဇန်နဝါရီ ၁၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကရင်နီပြည်၊ လွိုင်ကော်မြို့၊ ရွာတန်းရှည်နှင့်မိုင်းလုံးရပ်ကွက်တွင် ယနေ့ နံနက် ၈ နာရီမှစပြီး တိုက်ပွဲပြင်းထန် ခဲ့ရာ စစ်ကောင်စီတပ်က (၂၀) သေဆုံးကာ အထိနာပြီး တိုက်လေယာဉ် ၂ စင်းနှင့် (၉) ကြိမ်လာရောက်ပစ်ခတ်ကြောင်း၊ KNDF ရဲဘော် တဦး ကျဆုံးခဲ့ကြောင်း သိရသည်။ " တိုက်ပွဲအတွင်း အကြမ်ဖက်စစ်ကောင်စီတပ်ဘက်မှ  (၂၀) ဦးသေဆုံး ခဲ့ပြီး KNDF မှ လက်နက်ငယ် ၃လက်၊လက်နက်ကြီး တလက်အပြင် လက်နက် ကြီး/ငယ်ကျည်များ ကိုသိမ်းဆည်းရမိခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်များသည် ညနေပိုင်းတွင် မိုင်းလုံးရပ်ကွက် ရှိနေအိမ်များကို မီးရှို့ဖျက်စီးခဲ့ပါသည်။ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ရင်း…
Read More
လွိုင်​ကော်မှာ စစ်ကောင်စီတပ်က (၅) ဦးသေဆုံးနိုင်ပြီး အရှင် (၃) ဦးဖမ်းဆီးခံရ

လွိုင်​ကော်မှာ စစ်ကောင်စီတပ်က (၅) ဦးသေဆုံးနိုင်ပြီး အရှင် (၃) ဦးဖမ်းဆီးခံရ

RNA_ဇန်နဝါရီ ၁၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကရင်နီပြည် ( ကယား)၊ လွိုင်ကော်မြို့တွင် ယနေ့ နံနက်ပိုင်းမှ ည (၇) နာရီဝန်းကျင်အထိ စစ်ကောင်စီတပ်နှင့်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က (၅) ဦးဝန်းကျင်သေဆုံးနိုင်ပြီး အရှင် (၃) ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ လွိုင်​ကော်မြို့၊ ​ဒေါဥခူရပ်ကွက် အကျဥ်း​ထောင်​ဘေးပတ်လည်တွင် ကင်းပုန်းဝပ်ချထား​သော စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို (DMO-PDF)၊ KDF၊ KGZ တပ်ဖွဲ့များ ပူးပေါင်းကာ ယနေ့ နေ့လည် ၁၂ နာရီမှ ညနေ ၄ နာရီ ၃၀ မိနစ်အထိ တိုက်ပွဲတွင် စစ်ကောင်စီတပ်က (၅) ဦးဝန်းကျင်သေဆုံးနိုင်ကြောင်း၊ မိုင်းလုံးရပ်ကွက်တွင်လည်း စစ်ကောင်စီတပ်ကို…
Read More