ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၂၀) ကျော် သေဆုံး

RNA_စက်တင်ဘာ (၁၁)၊ ၂၀၂၂ခုနှစ်။

မိုးဗြဲမြို့ ၊ ပွဲကုန်း (၃)ရပ်ကွက် ဘုရားကျောင်းဝန်းအနီး (၄)ရက်တိုင်တိုင် တပ်စွဲရန်ကြိုးစားနေသော အကြမ်းဖက်စစ်ကောင်စီတပ်များအား ယနေ့ နံနက် (၇) နာရီမှစတင်ကာ KNDF B/03 ၊ B/11 ၊ KA ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ KRU တို့ပူးပေါင်း၍ တစ်နေကုန်နီးပါး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၂၀) ကျော်သေဆုံးကြောင်း KNDF က ထုတ်ပြန်ထားသည်။

“တိုက်ပွဲအတွင်း သေဆုံးစစ်ကောင်စီတပ်သားများ၏ လက်နက်များအား ကောက်ယူရန် ခက်ခဲခဲ့သောကြောင့် ၎င်းသေဆုံးတပ်အချို့ ကိုင်ဆောင်ခဲ့သော လက်နက်များထဲမှ MA-1 သေနတ် (၁)လတ် ၊ MA-3 သေနတ် (၂)လက် ၊ RPG သီးများ ၊ (၆၀)မမအသီများ ၊ ဆက်သွယ်ရေး အထိုင်စက် (၁)လုံး ၊ ကျည်ဆံများနှင့် အသုံးအဆောင်များကိုသာ သိမ်းဆည်းရခဲ့ပါသည်” ဟု KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့များအား ပိတ်ဆို့ကာ ချေမှုန်းတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီဖက်မှ (၂၀)ဦးကျော် သေဆုံး၍ ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့ပြီး ဒေသခံ ပူးပေါင်းတပ်ဖက်မှ ရဲဘော် (၂)ဦး မြင့်မြတ်စွာကျဆုံးခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ရင်း ရဲရင့်စွာကျဆုံးသွားသော မဟာမိတ်တပ်ဖွဲ့များမှ ရဲဘော် (၂)ဦးအား အာဇာနည်သူရဲကောင်းများအ KNDF မှ လေးစားအသိအမှတ်ပြုကြောင်း သိရသည်။

Red News Agency

By Editor