Tag: KNDF

  • ကရင်နီစစ်မျက်နှာမှာ စစ်ကောင်စီတပ် အသည်းအထန် ဘာ့ကြောင့်ကာကွယ်နေလဲ

    ကရင်နီစစ်မျက်နှာမှာ စစ်ကောင်စီတပ် အသည်းအထန် ဘာ့ကြောင့်ကာကွယ်နေလဲ

    “ကရင်နီပြည်နယ်အတွင်း တော်လှန်ရေးအဖွဲ့တွေ တဖြည်းဖြည်းအားကောင်းလာတာကြောင့် စစ်တပ်ဟာ ၂၀၂၃ ခုနှစ် မှစပြီး ရှမ်းမြောက်မှ  စကခ ၂ တခုလုံးနှင့် စကခ ၇ မှ တပ်ရင်း သုံးရင်းပါ ဗျူဟာတခုအပြင် ရှမ်းအရှေ့မှာရှိတဲ့ စကခ ၁၈ မှ တပ်ရင်း သုံးရင်းပါ ဗျူဟာတခုကို ကရင်နီစစ်မျက်နှာမှာ ထပ်မံဖြည့်တင်းခဲ့ရတယ်။ါကြောင့်၂၀၂၁/၂၀၂၂ အတွင်း တိုင်း/ဒကစ လက်အောက်ခံ တပ်ရင်း ၁၃ ရင်း၊ တပ်မ ၆၆ လက်အောက်ခံ၉ရင်း စုစုပေါင်း ၂၂ ရင်းခန့် စစ်ဆင်ရာမှ ၂၀၂၃ မှာတော့ နောက်ထပ် ၁၆ ရင်းခန့် ထပ်ဖြည့်တင်းခဲ့ရပါတယ်။ ဒါကြောင့်လက်ရှိအချိန် ကရင်နီစစ်မျက်နှာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ဆင်ရေးဝင် ခြေလျင်/ ခြေမြန် တပ်ရင်း ၃၆ ရင်း၊ အင်အား ၄,၀၀၀ ခန့်ဖြင့် ထိုးစစ်ဆင်နေတယ်လို့ အကြမ်းဖျဥ်းတွက်ဆနိုင်ပါတယ်”

    ချမ်းမင်း

    ကယားပြည်နယ် ( ကရင်နီ) ဟာ ၂၀၂၁ခု နှစ်အာဏာသိမ်းမှုကိုဆန့်ကျင်ရာတွင်ရှေ့တန်းကပါဝင်ခဲ့ပြီး အတက်ကြွဆုံးပါဝင်ခဲ့တဲ့ ပြည်နယ်တစ်ခုဖြစ်တယ်။CDM လှုပ်ရှားမှုမှာလည်း အားကောင်းခဲ့တယ်။ ထို့အပြင် အစောဆုံးလက်နက်ကိုင် တိုက်ခိုက်ခဲ့တဲ့ ပြည်နယ်တစ်ခုလဲ ဖြစ်ပါတယ်။၂၀၂၁ ခုနှစ်မေလ ၂၀ ရက်နေ့က ဒီမော့ဆိုနဲ့ မိုးဗြဲမှာ စစ်ကောင်စီလက်အောက်ခံတွေကို စတင်တိုက်ခိုက်ခြင်းဖြင့် ကယားပြည်နယ်ဟာ နွေဦးတော်လှန်ရေးကို လက်နက်ကိုင်တော်လှန်ခြင်းဖြင့် စတင်ခဲ့ပါတယ်။

    ကရင်နီပြည်မှာ လက်နက်ကိုင်တော်လှန်ရေး စဖြစ်ပြီဆိုကတည်းက အကြမ်းဖက်စစ်တပ်ဟာ လက်နက်ကြီး၊ လက်နက်ငယ် လေယာဥ်ပစ်ကူတွေ ဖောဖောသီသီသုံးပြီး နှိမ်နှင်းဖို့ ကြိုးစားခဲ့တာ အားလုံးအသိပါ။ အခုလို ပြည်နယ်သေးသေးလေးကို အကြမ်းဖက်စစ်တပ်ဟာ နည်းလမ်းမျိုးစုံသုံးပြီး သဲကြီးမဲကြီးနှိမ်နှင်းနေရတဲ့အဓိကအကြောင်းအရင်းကတော့ ကယားပြည် နယ်ဟာ စစ်ခေါင်းဆောင်အခြေစိုက်ရာ နေပြည် တော်မြို့နဲ့ အနီးဆုံးမှာတည်ရှိတဲ့ အတွက်ပဲ ဖြစ်ပါတယ်။

    ကရင်နီပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ ပြည်နယ် ၇ ခုအနက် အသေးဆုံး ပြည်နယ်ဖြစ်ပြီး တောတောင်ထူထပ်တဲ့ ပြည်နယ်လဲဖြစ်ပါတယ်။ ဒါပေမဲ့ အထက်မှာပြောခဲ့သလို စစ်ခေါင်းဆောင်တွေ အခြေစိုက်ရာနေပြည်တော်နဲ့ အနီးဆုံးမှာတည်ရှိတဲ့အတွက်ကြောင့် ဟိုယခင်ကတည်းက စစ်ခေါင်းဆောင်တွေဟာ ကယားပြည်နယ်အတွင်း တပ်အင်အားအများအပြားချထားပြီး နေပြည်တော်လုံခြုံရေးအတွက် ကြိုတင်ပြီးစီမံထားခဲ့ပါတယ်။

    မြေမျက်နှာသွင် ပြင်အရကော၊ စစ်ရေးအနေအထားအရကော အရေးကြီးတာကြောင့် စစ်ခေါင်းဆောင်များဟာ ကယားပြည်နယ်တွင် တိုက်ခိုက်ရေး တပ်များအပြင် အခြားလက်ရုံးတပ်များပါ တည်ထားပြီး စစ်သည်အင်အားအများအပြားချထားပါတယ်။ စစ်ဖက်ဆိုင်ရာ ဖွဲ့စည်းပုံအရ ကရင်ပြည်နယ်ဟာ အကြမ်းဖက်စစ်တပ်၏ တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) နယ်မြေအတွင်း၌ တည်ရှိပါတယ်။ ရပခရဲ့ လက်အောက်မှာ လွိုင် ကော်အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ရှိသည့်အပြင် ဘောလခဲတွင် အခြေချစစ်ဗျူဟာ (စဗခ) တခု လည်းအခြေစိုက်ထားပါသေးတယ်။

    ကယားပြည်နယ်အတွင်းမှာ အခြေစိုက်ထားတဲ့ တပ်တွေကတော့ လွိုင်ကော်  ခလရ ၅၄၊ ဖားဆောင်း  ခလရ ၁၃၄၊ ခလရ ၁၃၅၊ ဘောလခဲ  ခမရ ၃၃၇၊ ခမရ ၄၂၉၊ ခမရ ၄၃၀၊ ဖရူးဆိုး  ခမရ ၄၂၈၊ ခမရ ၅၃၁၊ မိုးဗြဲ ခမရ ၄၂၂၊ လောပိတ  ခလရ ၇၂၊ လွိုင်လင်လေး  ခမရ ၅၃၀ စုစုပေါင်းတပ်ရင်း ၁၁ ရင်း ရှိပါတယ်။ အဲ့တာတွေအပြင် အမှတ်() စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၇) ကိုလည်း ဖယ်ခုံတွင် အခြေစိုက် ထားပါသေးတယ်။

    (more…)

  • KNDF ကို မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့က လက်နက်နှင့် စစ်ရေးအကူအညီများပေးခဲ့

    KNDF ကို မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့က လက်နက်နှင့် စစ်ရေးအကူအညီများပေးခဲ့

    RNA_မေ(၃၁)၊၂၀၂၃ ခုနှစ်။

    ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကို မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့က လက်နက်အပါအဝင် စစ်ရေးအကူအညီများ ပေးခဲ့ကြောင်း ယနေ့ကျရောက်သည့် KNDF (၂) နှစ်ပြည့် အထိမ်းအမှတ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) တို့သည် နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့အစည်းများကို ကူညီပေးမှုများစွာရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားထားကြသည်။

    (more…)

  • လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာ တိုက်ပွဲတွင် KNDF ရဲဘော် (၃) ဦး ကျဆုံးခဲ့ရ

    လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာ တိုက်ပွဲတွင် KNDF ရဲဘော် (၃) ဦး ကျဆုံးခဲ့ရ

    RNA_မေ(၃၁)၊၂၀၂၃ ခုနှစ်။

    စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်နေသည့် ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာတိုက်ပွဲတွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ်၊ တပ်ရင်း (၂) မှ ရဲဘော်ပီတယ်၊ ရဲဘော်မာတီးနိုနှင့် ရဲဘော်ဖရန်စစ္စကိုတို့သည် မေလ (၂၇) ရက်နေ့က ဖယ်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာကျဆုံးခဲ့ရကြောင်း သိရသည်။

     

    စစ်အာဏာရှင်စနစ်ကိုတော်လှန်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရသည့် အာဇာနည်ရဲဘော်များဖြစ်သည့် ရဲဘော်ပီတယ်၊ ရဲဘော်မာတီးနိုနှင့် ရဲဘော်ဖရန်စစ္စကိုတို့အား အာဇာနည်ဗိမ္မာန်သို့ပို့ဆောင်ကာ ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ကြောင်း၊ သူရဲကောင်းသုံးဦးအား ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ တပ်ရင်း အမှတ် (၂) အနေဖြင့် အာဇာနည်များအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုအပ်သည်ဟု ထုတ်ပြန်ထားသည်။

    (more…)

  • ဒီးမော့ဆိုမြို့နယ် (၉) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအပါအဝင် (၄၀) နီးပါးသေ 

    ဒီးမော့ဆိုမြို့နယ် (၉) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအပါအဝင် (၄၀) နီးပါးသေ 

    RNA_မေ(၂၄)၊၂၀၂၃ ခုနှစ်။

    ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အရှေ့ဖက်ခြမ်းရှိ တနီးလာလဲကျေးရွာတောင်ပေါ်မှ ဒေါလျားခူ ကျေးရွာ တောင်ပေါ်ဖက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် KNDF နှင့် မဟာမိတ်တပ်ဖွဲ့များအကြား (၉) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်ကြီး တစ်ဦးအပါအဝင် (၄၀) နီးပါးသေဆုံးကြောင်း သိရသည်။

    “စစ်ကောင်စီဖက်မှ ဗိုလ်ကြီးအဆင့်ရှိသူ(၁)ဦး၊ဗိုလ်အဆင့်ရှိသူ(၂)ဦး အပါအဝင် စစ်ကောင်စီတပ်သား (၄၀)နီးပါး သေဆုံးခဲ့ပြီး ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူလည်းများပြားခဲ့ပါသည်” ဟု KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း KNDF အမှတ် (၉)တပ်ရင်း (ဒု)စုမှူးမောင်ဖရန်စစ္စကို ကျဆုံးခဲ့ရ

    စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း KNDF အမှတ် (၉)တပ်ရင်း (ဒု)စုမှူးမောင်ဖရန်စစ္စကို ကျဆုံးခဲ့ရ

    RNA_မေ(၂၀)၊၂၀၂၃ ခုနှစ်။
    KNDF အမှတ် (၉)တပ်ရင်း (ဒု) တပ်စုမှူး မောင်ဖရန်စစ္စကို (ဂျားဂျာ) သည် မေလ ၁၈ ရက်နေ့ ရှေ့တန်းတနေရာတွင် စစ်ကောင်စီတပ်နှင့်တိုက်ပွဲအတွင်း ကျဆုံးခဲ့ရကြောင်း သိရသည်။ မောင်ဖရန်စစ္စကို (ဂျားဂျာ) သည် KNDF အမှတ် (၉)တပ်ရင်းတွင် (ဒု) တပ်စုမှူး တာဝန်ဖြင့် ရှေ့တန်းနယ်မြေ ထိတွေ့တိုက်ပွဲများတွင် ရွံ့ရွံ့ချွန်ချွန် ပါဝင်တိုက်ခိုက်ခဲ့သော ရဲဘော်တစ်ဦးဖြစ်ကြောင်း၊ အမှန်တရားအတွက် အသက်ကို ပဓာနမထားဘဲ ရဲရင့်စွာတိုက်ပွဲဝင်ကာ အသက်ပေးဆပ်သွားခဲ့ပါသော ရဲဘော် (မောင်ဖရန်စစ္စကို)အား အလေးနီပြုပါသည်ဟု KNDF အမှတ် (၉)တပ်ရင်းမှ ထုတ်ပြန်ထားသည်။
    Red News Agency

  • တောင်စလုံးတိုက်ပွဲအတွင်း KNDF B/08 နှင့် ကရင်နီတပ်ပေါင်းစု အထူးကွန်မန်ဒိုတပ်ရင်းမှ တပ်စုမှူးကျဆုံး

    တောင်စလုံးတိုက်ပွဲအတွင်း KNDF B/08 နှင့် ကရင်နီတပ်ပေါင်းစု အထူးကွန်မန်ဒိုတပ်ရင်းမှ တပ်စုမှူးကျဆုံး

    RNA_မေ(၉)၊၂၀၂၃ ခုနှစ်။

    ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းနယ်စပ် တောင်စလုံးကျေးရွာတွင် မေလ (၈) ရက်နေ့က စစ်ကောင်စီတပ်နှင့် ဒေသခြံပည်သု့ကာကွယ်ရေး မဟာမိတ်များ တိုက်ပွဲဖြစ်ပွားမှု အတွင်း KNDF B/08 နှင့် ကရင်နီတပ်ပေါင်းစုအထူး ကွန်မန်ဒို တပ်စုမှူး ရဲဘော် ချာစ်ဘိုနီဖဲဘူး မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း သိရသည်။

    “ရဲဘော်ချာစ်ဘိုနီ ဖဲဘူး သည် စစ်အာဏာရှင်စနစ်အမြတ်ပြတ်ချေမှုန်းရေး၊ တန်းတူအခွင့်အရေး၊ ဖယ်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် အစွမ်းကုန်ကြိုးစားရင်း မြင့်မြတ်စွာ အသက်ပေးဆပ်သွားခဲ့သည့်အတွက် ကျွန်ုပ်တို့ KNDF B/08 မှ အာဇာနည်သူရဲကောင်းအဖြစ် အစဉ်အမြဲမှတ်တမ်း တင်သွားမည်ဖြစ်ပြီး ကျန်ရစ်သူမိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်” ဟု KNDF B/08 ကထုတ်ပြန်ထားသည်။

    (more…)

  • KNDFနှင့် မဟာမိတ်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ဧပြီလအတွင်း စစ်ကောင်စီတပ်မှ (၇၀) ဦးသေဆုံး

    KNDFနှင့် မဟာမိတ်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ဧပြီလအတွင်း စစ်ကောင်စီတပ်မှ (၇၀) ဦးသေဆုံး

    RNA_မေ(၃)၊၂၀၂၃ ခုနှစ်။

    ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း – ဖယ်ခုံမြို့နယ်တို့တွင် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို KNDF နှင့်မဟာမိတ်များ၏ တိုက်ခိုက်မှုကြောင့် ဧပြီလအတွင်း စစ်ကောင်စီတပ်မှ (၇၀) ဦးသေဆုံးကာ (၃) ဦးအရှင်းဖမ်းမိကြောင်း KNDF ကယနေ့ ထုတ်ပြန်ထားသည်။

    ဧပြီလအတွင်း တိုက်ပွဲပေါင်း (၅၀) ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ KNDF ရဲဘော် (၃) ဦးကျဆုံးခဲ့ရကြောင်း၊ စစ်ကောင်စီတပ်၏ လက်နက်ကြီးအပါအဝင် လေယာဉ်ဗုံးကြဲပစ်ခတ်မှုများအတွင်း အရပ်သားပြည်သူ (၃) ဦးသေဆုံးပြီး (၁၁) ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု (၁၀၈) ကြိမ်ပြုလုပ်ခဲ့သည်ဟု သိရသည်။

    (more…)

  • မဟာမိတ်တပ်ပေါင်းစုနှင့် (၂) ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် (၅၀) ခန့်သေဆုံး

    မဟာမိတ်တပ်ပေါင်းစုနှင့် (၂) ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် (၅၀) ခန့်သေဆုံး

    RNA_ဧပြီ(၂၈)၊၂၀၂၃ ခုနှစ်။
     
    ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်အတွင်း ဧပြီလ ၂၄ ရက်နေ့နှင့် ၂၆ ရက်နေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များနှင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်မှ (၅၀) ဦးထက်မနည်းသေဆုံးကြောင်း KNDF က ထုတ်ပြန်ထားသည်။
     
    မိုးဗြဲမြို့ ၊ ညောင်ဝိုင်းရပ်ကွက်အတွင်း တပ်စွဲထားသည့်စစ်ကောင်စီတပ်ကို ဧပြီလ ၂၆ ရက်နေ့က မဟာမိတ်တပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ (၂၀)ဦးသေဆုံးပြီး အရှင် (၂) ဦးဖမ်းဆီးရမိကြောင်း၊ ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ် အစပ် မြောက်စလုံးကျေးရွာတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်ကို မဟာမိတ်တပ်ဖွဲ့များ ဧပြီီ ၂၄ ရက်နေ့က တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ (၃၀) ဦးအထက် သေဆုံးကြောင်း၊ ယင်းတိုက်ပွဲများအတွင်း လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း KNDF ကထုတ်ပြန်ထားသည်။

    (more…)

  • ယနေ့ မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၂၀) ထက်မနည်းသေဆုံးပြီး (၂) ဦး ဖမ်းဆီးခံရ 

    ယနေ့ မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၂၀) ထက်မနည်းသေဆုံးပြီး (၂) ဦး ဖမ်းဆီးခံရ 

    RNA_ဧပြီ(၂၆)၊၂၀၂၃ ခုနှစ်။

    ရှမ်း-ကယား နယ်စပ်၊ မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ဒေသခံ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်များမှ ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်ဝန်းကျင်မှ နံနက် ၉ နာရီအထိ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ (၂၀) ဦးထက်မနည်း သေဆုံးပြီး (၂) ဦးဖမ်းဆီးခံရကာ အများအပြားထွက်ပြေးသွားကြောင်း သိရသည်။

    ညောင်ဝိုင်းရပ်ကွက်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို အမှတ် (၁၀၀၁) မိုးဗြဲပြည်သူ့ကာကွယ် ရေးတပ် MBPDF B-01၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B-03၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B-01နှင့် မြို့ပြတော်လှန်ရေးတပ်ဦး(URF)တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်မှ ထုတ်ပြန်ထားသည်။

    (more…)

  • ဖယ်ခုံမြို့နယ် မြောက်စလုံးကျေးရွာ တိုက်ပွဲအတွင်း လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

    ဖယ်ခုံမြို့နယ် မြောက်စလုံးကျေးရွာ တိုက်ပွဲအတွင်း လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

    RNA_ဧပြီ(၂၅)၊၂၀၂၃ ခုနှစ်။
     
    ရှမ်း- ကယား နယ်စပ်၊ ဖယ်ခုံမြို့နယ်၊ မြောက်စလုံးကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်များနှင့် ဧပြီလ (၂၄) ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု KnIC ကယနေ့ ထုတ်ပြန်ထားသည်။
     
    စစ်ကောင်စီတပ်စစ်ကြောင်းသည် ဧပြီလ ၂၁ ရက်နေ့က မြောက်စလုံးကျေးရွာဘက် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးသည့်စာရင်းကို အတိအကျ ထုတ်ပြန်ခြင်းမရှိသေးသော်လည်း KNDF Bo- 11 မှရဲဘော်တစ်ဦးကျဆုံးခဲ့ရကြောင်း၊ KNDF၊ KA နှင့် မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    (more…)