ရိုဟင်ဂျာ

အစ္စလာမ်ဘာသာဝင် (၁၃) ဦးအလောင်း လှည်းကူးမှာ စွန့်ပစ်ထား

အစ္စလာမ်ဘာသာဝင် (၁၃) ဦးအလောင်း လှည်းကူးမှာ စွန့်ပစ်ထား

RNA_ဒီဇင်ဘာ(၅)၊၂၀၂၂ခုနှစ်။ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဘားလားကျေးရွာ တပင်‌ရွှေထီးလမ်းဘေးမှာ အစ္စလာမ်ဘာသာဝင် (၁၃) ဦးအလောင်း စွန့်ပစ်ခံထားသည်ကို ယနေ့ နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ လမ်းဘေးစွန့်ပစ်ခံရသည့် အစ္စလာမ်ဘာသာဝင် (၁၃) ဦးသည် မည်သည့်အတွက်ကြောင့် သေဆုံးခဲ့ရသည်ကို မသိရှိရသေးကြောင်း၊ အာဏာသိမ်း စစ်ကောင်စီက ရန်ကုန်ဆေးရုံကြီး ပို့ဆောင်စစ်ဆေးနေသည်ဟု သတင်းဖြန့်ထားသည်။ ရခိုင်ပြည်နယ်မှ ကူးလာသည့် အစ္စလာမ်ဘာသာဝင်များ ရန်ကုန်၊ ဧရာဝတီတိုင်း၊ မကွေးတိုင်းတို့တွင် ဖမ်းဆီးခံရမှုများ ရှိခဲ့ကြောင်း၊ ယနေ့ နံနက်က တွေ့ရှိရသည့် အစ္စလာမ် ဘာသာဝင် (၁၃) ဦး မည်သို့သေဆုံးခဲ့ရသည်ကို တိတိကျကျ မသိရှိရသေးကြောင်း၊ တရားခံများအားလည်း ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရသည်။ #RedNewsAgency
Read More
ရိုဟင်ဂျာလူမျိုးများအတွက် တရားမျှတမှုရရှိရေး NUG အစိုးရ၏ တာဝန်အဖြစ် ခံယူထား

ရိုဟင်ဂျာလူမျိုးများအတွက် တရားမျှတမှုရရှိရေး NUG အစိုးရ၏ တာဝန်အဖြစ် ခံယူထား

RNA_ဖေဖော်ဝါရီ ၁၆ ရက်၊ ၂၀၂၂ ခုနှစ်။ ၂၀၁၆-၂၀၁၇ ခုနှစ်များအတွင်း ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာလူမျိုးများအပေါ် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်၏ အကြမ်းဖက်မှုကြောင့် မြေစာပင်ဖြစ်ခဲ့ရသူများအတွက် တရားမျှတမှု ရရှိရေး NUG အစိုးရ၏ တာဝန်ဝတ္တရားအဖြစ် အလေးအနက်ခံယူထားကြောင်း NUG သမ္မတရုံးက ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ထုတ်ပြန် ကြေညာထားသည်။ ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးသုဉ်းသတ် ဖြတ်မှုများနှင့် ပတ်သက်ပြီး ဂမ်းဘီးယားနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားသည့်အမှုနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရက ဥပဒေပညာရှင်အဖွဲ့ ဖွဲ့စည်းလိုက်သည်။ (more…)
Read More
ပြစ်မှုဆိုင်ရာနိုင်ငံတကာ ခုံရုံးတက်ရောက်ရန် မင်းအောင်လှိုင် ကြောက်လန့်နေ

ပြစ်မှုဆိုင်ရာနိုင်ငံတကာ ခုံရုံးတက်ရောက်ရန် မင်းအောင်လှိုင် ကြောက်လန့်နေ

RNA_ဒီဇင်ဘာ ၂၉ ရက်၊ ၂၀၂၁ ခုနှစ်။ ပြစ်မှုဆိုင်ရာနိုင်ငံတကာ ခုံရုံး (International Criminal Court - ICC) နှင့် အာဂျင်တီးနားတရားရုံးများသို့ တက်ရောက်ရန် မင်းအောင်လှိုင်ဦးဆောင်သည့်အာဏာသိမ်းအဖွဲ့ ကြောက်လန့်နေသည့်အတွက် တရားရုံးများနှင့် တရားစွဲသူများထံမှ အကြောင်းကြားစာရောက်လာပါက လက်မခံကြရန် စစ်ကောင်စီအဖွဲ့က အမိန့်ပေးထားကြောင်း သိရသည်။ " ပြစ်မှုဆိုင်ရာနိုင်ငံတကာ ခုံရုံး (International Criminal Court - ICC) နှင့် အာဂျင်တီးနားတရားရုံးများနှင့် တရားစွဲဆိုသူ များထံမှ ပေးပို့လာသည့်စာဖြစ်စေ၊ ပြည်ပသွားလာခွင့်ကန့်သတ်ခြင်းဆိုင်ရာ ဖမ်းဆီးမိန့်ဖြစ်စေ၊ ဖမ်းဝရမ်း သို့မဟုတ် လာရောက်ရန်သမ္မန်စာဖြစ်စေ ပြည်ပမှဝင်ရောက်လေ့ရှိသည့် DHL အပါအဝင် အမြန်ချောပို့နှင့် အခြားနည်းလမ်းများဖြင့် ပေးပို့လာသည့်စာများကို လက်ခံခြင်းမပြုရန်" စစ်ကောင်စီအဖွဲ့က…
Read More