ရခိုင်ပြည်နယ်

ခလရ (၂၈၉) တပ်ရင်း အလံဖြူထောင်သည့်ကိစ္စ မီဒီယာကို ဖြေကြားသည့် ပြည်သူ (၂) ဦး ဖမ်းဆီးခံရ

ခလရ (၂၈၉) တပ်ရင်း အလံဖြူထောင်သည့်ကိစ္စ မီဒီယာကို ဖြေကြားသည့် ပြည်သူ (၂) ဦး ဖမ်းဆီးခံရ

RNA_ဒီဇင်ဘာ ၂၉ ရက်၊ ၂၀၂၁ ခုနှစ်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ခလရ၂၈၉ တပ်ရင်း၊တပ်နယ်အတွင်းမှာ အလံဖြူထောင်ထားတာ မြင်တွေ့ရသည်ဟု ရခိုင်အခြေစိုက်၊သတင်းဌာနတစ်ခုသို့ ဒီဇင်ဘာလ ၂၈ ရက်နေ့က ဖြေကြားခဲ့သည့် ကျန်းမာရေးဝန်ထမ်း ကိုတင်ထွန်းအောင်နှင့် ပညာရေးဝန်ထမ်း ကိုတင်ဦးတို့ ဖမ်းဆီးခံရကြောင်း သိရသည်။ နေပြည်တော်၊ကုတင် ၃၀၀ ဆေးရုံးမှာ ဓာတ်မှန်ကျွမ်း ကျင်အနေဖြင့် တာဝန်ထမ်းဆောင်နေစဉ် မိခင်ကျန်းမာရေးကြောင့် ပြန်ရောက်လာသည့် ကိုတင်ထွန်းအောင်ကို ဒီဇင်ဘာလ ၂၈ ရက်နေ့ ည (၇) နာရီဝန်းကျင်က ၂၈၉ တပ်ရင်းမှ စစ်သားများကဖမ်းဆီးသွားကြောင်း၊ ဝိသုဒါရုံစစ်ဘေးရှောင်စခန်းမှာတာဝန်ခံလုပ်နေသည့် မီးလက်ဝကျေးရွာ စာသင်ကျောင်း အထွေထွေလုပ်သားတစ်ဦးဖြစ်သည့် ကိုတင်ဦးကို ဝိသုဒါရုံစစ်ရှောင်စခန်းဝင်ပြီး ရဲတွေ ဖမ်းသွားကြောင်း ဒေသခံ သတင်းရင်းမြစ်ထံမှ…
Read More
စစ်တွေမြို့ပြည်သူ့ဆေးရုံကြီး တိုးချဲ့လေးထပ်လူနာဆောင်သစ် ပြည်နယ်ဝန်ကြီးတက်ရောက်ဖွင့်

စစ်တွေမြို့ပြည်သူ့ဆေးရုံကြီး တိုးချဲ့လေးထပ်လူနာဆောင်သစ် ပြည်နယ်ဝန်ကြီးတက်ရောက်ဖွင့်

ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေပြည်သူ့ဆေးရုံကြီးတိုးချဲ့လေးထပ် လူနာဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၅ ရက်ယနေ့နံန က် ၉ နာရီက ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဆိုပါဆေးရုံကြီးမှာ ကုတင် ၅၀၀ ဆန့်ဖြစ်သော် လည်း နေရာမလုံ လောက်သဖြင့် ကုတင် ၃၅၀ သာရှိခဲ့ပြီး ယခုအဆောင်သစ်ကိုအသုံပြု ပါက ကုတင်၅၀၀ အပြည့်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ဆေးရုံအုပ်ကြီးဒေါက်တာမိုးမြင့်ဝင်းက ရှင်းပြပါတယ်။Red News Agency
Read More
မြန်မာ့တပ်မတော်(ရေ)မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်တော်ဒေသခံနှစ်ဦးဒဏ်ရာရ

မြန်မာ့တပ်မတော်(ရေ)မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်တော်ဒေသခံနှစ်ဦးဒဏ်ရာရ

အောင်နိုင်သူ၊ ကျောက်တော်|နိုဝင်ဘာ ၂၂ ရက်။ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကုလားတန်းမြစ်ထဲတွင် မြန်မာ့တပ်မတော်(ရေ)၏ နေဗီမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့်နိုဝင်ဘာလ ၂၂ ရက် (ယနေ )နံ နက် ၇ နာရီခန့်က ကသစ်တောကျေးရွာ သား ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ ၂ ဦးမှာ ကျောက်တော်မြို့နယ် ကသစ်တောကျေးရွာနေ ဦးထွန်းစိန်၏သား အသက် ၇၃ နှစ်အရွယ် ဦးထွန်းလှဖြူဖြစ်ပြီး ဘယ်ဖက်ခြေသလုံးကြေမွဒဏ်ရာနှင့် ဦးမောင်မောင်၏သား အသက် ၁၉ နှစ်အရွယ် ကိုစိုးစိုးလင်း ဘယ်ဘက်တံ တောင်နှင့်ညာဖက်ပေါင်တို့တွင် လက်နက်ကြီးကျည်စများထိမှန် ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။ ထို ၂ ဦးကို ယနေ့နေ့လည် ၂ နာရီကျော်အချိန်က ကျောက်တော်ဆေးရုံမှ စစ်တွေပြည်သူ့ဆေးရုံကြီးသို့…
Read More
မေယုတောင်ကြား ဝေဝါးနေသောဘဝများ

မေယုတောင်ကြား ဝေဝါးနေသောဘဝများ

စိုင်းတင်တံတားအနီးမှာ လက်နက်ကြီး ပစ်ခတ်မှုတွေကရက်ဆက်ဖြစ်ပေါ်နေတဲ့အပြင် ကျေးရွာအနီးအနားနဲ့ လှိုင်ခေါင်းကြီးကြား မိုင်းပေါက်ကွဲတာတွေ တိုက်ခိုက်မှုတွေ စတဲ့ကိစ္စတစ်စုံတစ်ရာဖြစ်ပေါ်လာပါက ကျေးရွာက တာဝန်ယူရမယ်လို့ မြန်မာတပ်မတော်ဖက်က ခေါ်ယူသတိပေးထား အောင်နိုင်သူ (ဘူးသီးတောင်|နိုဝင်ဘာ ၁၀ ရက်။) မြန်မာနိုင်ငံရဲ့အနောက်ဖက်တံခါး မောင်တောဒေသက အားတစ်ခုဖြစ်တဲ့ ဘူးသီးတောင်-မောင်တောကားလမ်းဘေး မေယုတောင်ကြားတွေ ထဲမှာ အိမ်ခြေ ၃၂ ဆောင်နဲ့ သစ်တောရွာအမည်ရှိ ကျေးရွာလေးတစ် ရွာရှိနေပါတယ်။ ဒီကျေးရွာလေးဟာ ဘူးသီးတောင်မြို့အထွက် မြန်မာ့တပ်မတော် တပ်ဗျူဟာတွေ တပ်ရင်းတွေရဲ့အလွန် ၁ မိုင်ကျော်အကွာလေးမှာ ၁၉၉၄ ခုနှစ်ကတည်းက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးက တည်ဆောက်ပေးခဲ့တာလို့ ရွာသားတွေကဆိုပါတယ်။ အဲဒီကျေးရွာသားတွေအားလုံးနီးပါးဟာ တောင်ယာလုပ်ငန်းနဲ့အသက် မွေးဝမ်းကျောင်းကြသလို တချို့ကတော့ ကားလမ်းနံဘေးမှာ အိမ်ဈေး ဆိုင်တွေ တည်ရောင်းကြပြီး ခုချိန်မှာတော့ သူတို့ဘဝတွေဟာ…
Read More
ရွှေနဒီအမြန်ရေယာဉ်ပေါ်က ပြန်လွှတ်လာသူ ၂၂ ဦးကို ခေါ်ယူစစ်ဆေးနေ

ရွှေနဒီအမြန်ရေယာဉ်ပေါ်က ပြန်လွှတ်လာသူ ၂၂ ဦးကို ခေါ်ယူစစ်ဆေးနေ

မြတ်ထွန်းနိုင်၊ ဘူးသီးတောင်|နိုဝင်ဘာလ ၅ ရက်။ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အပိုင် မေယုမြစ်ထဲတွင် အောက် တိုဘာလ ၂၆ ရက်နေ့က ရွှေနဒီအမြန်ရေယာဉ်ပေါ်မှအရပ်သား ၂၂ ဦးကို နိုဝင်ဘာလ ၅ ရက်ယနေ့ နေ့လည် ၃ နာရီအချိန်ခန့်က စတင်ကာ ဘူးသီးတောင်မြို့ရှိ အမှတ် ၃ နယ်ခြားစောင့်စခန်းတွင် ခေါ်ယူစစ်ဆေး နေသည်။ အဆိုပါ အရပ်သား ၂၅ ဦးထဲမှ ဘူးသီးတောင်မြို့နယ်မှ ၂၂ ဦးမှာယနေ့နေ့လည် ၂ နာရီ ၁၀ မိနစ်က ပြန်လည်ရောက်ရှိလာပြီး သူတို့အားဘူးသီးတောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းအောင်သိန်း|အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံတို့က သွားရောက်ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ထို၂၅ ဦးကို ရက္ခိုင့်တပ်တော် (AA) က နိုဝင်ဘာလ ၅ ရက်ယနေ့…
Read More
ရွှေနဒီအမြန်ရေယာဉ်မှ ဖမ်းဆီးခံရသူများထဲက ပြန်လွတ်လာသူတချို့၏ ပြောပြချက်

ရွှေနဒီအမြန်ရေယာဉ်မှ ဖမ်းဆီးခံရသူများထဲက ပြန်လွတ်လာသူတချို့၏ ပြောပြချက်

ဘူးသီးတောင်၊ နိုဝင်ဘာ ၅ ရက်။ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အပိုင် မေယုမြစ်ထဲတွင် အောက်တိုဘာလ ၂၆ ရက်နေ့က ရွှေနဒီအမြန်ရေယာဉ်ပေါ်မှ ပျောက်ဆုံးနေ သူများကို နိုဝင်ဘာလ ၅ ရက်နေ့ ယခု ဘူးသီးတောင်မြို့ကို ပြန်လည်ရောက်ရှိလာပြီဖြစ်ရာ ပြန်လွှတ်လာသူတချို့က အတွေ့အကြုံများကို ပြောပြထားပါတယ်။ Red News Agency
Read More
ရခိုင်အရေးနှင့်ပတ်သက်ပြီး ဂျာပန်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်

ရခိုင်အရေးနှင့်ပတ်သက်ပြီး ဂျာပန်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်

ရိုက်ကူး- သော်ဇင်ဖြိုး (ဂျပန်)|သတင်း-မြတ်ထွန်းနိုင်၊ တိုကျို|နိုဝင်ဘာလ ၃ ရက်။ မြန်မာနိုင်ငံထဲက ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး International Campaign For Arakan အဖွဲ့က လာမဲ့ နိုဝင်ဘာလ ၈ ရက်နေ့ ဂျာပန်နိုင်ငံမှာ “ရခိုင်ပြည်တွင်း မြန်မာအစိုးရမှလူမျိုးတုန်းသတ်ဖြတ်ခြင်း နှင့်ပတ်သတ်၍” သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ဖို့ စီစဉ်ထားပါတယ်။ အဲဒီသတင်းစာရှင်းလင်းပွဲလုပ်ရခြင်းရဲ့ရည်ရွယ်ချက်ကို International Campaign For Arakan ရဲ့ဒါရိုက်တာ ဦးမောင်သန်းက ရှင်းပြထားပါတယ်။ ရခိုင်ပြည်နယ်ရဲ့အခြေအနေတွေကို ကမ္ဘာကသိစေဖို့အတွက် ဒီသတင်းစာရှင်းလင်းပွဲလုပ်ပြီးတဲ့နောက်ပိုင်းဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ International Campaign For Arakanကိုတော့ ဒီ ၂၀၁၉ ခုနှစ်အ တွင်း အမေရိကန်နိုင်ငံမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ခုချိန်မှာတော့ ဂျာပန်နိုင်ငံအပါအဝင် နိုင်ငံတချို့မှာလည်း ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း…
Read More
မောင်တောနယ်စပ်က ဘင်္ဂလာဒေ့ရှ်သို့ ကုန်တွေတင်ပို့နေတဲ့ ကုန်သည်တွေရဲ့အခက်အခဲက ဘာတွေလဲ

မောင်တောနယ်စပ်က ဘင်္ဂလာဒေ့ရှ်သို့ ကုန်တွေတင်ပို့နေတဲ့ ကုန်သည်တွေရဲ့အခက်အခဲက ဘာတွေလဲ

မြတ်ထွန်းနိုင်၊ မောင်တော|နိုဝင်ဘာလ ၂ ရက်။ မြန်မာနိုင်ငံအနောက်ဖက်အစွန်ဆုံး ရခိုင်ပြည်နယ် မောင်တောမြို့က နယ်စပ်ကုန်သွယ်ရေးကို လုပ်ကိုင်နေကြတဲ့ ကုန်သည်တွေဟာ တစ်ဖက်ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ကုန်ပစ္စည်းတွေတင်ပို့နေတာတွေမှာ အခက်အခဲတွေရှိနေပါတယ်။ အဲဒီအခက်အခဲတွေကို မောင်တောမြို့က ကုန်သည်မာမတ်ရှော်ဖီးလ်က အနည်းငယ်ပြောပြထားပါတယ်။ မြန်မာနိုင်ငံရဲဲ့နယ်စပ်ကုန်သွယ်ရေးတွေ ဒီထက်ကောင်းမွန်တိုးတ က်လာဖို့ အစိုးရဖက်က ဘာတွေကူညီဆောင်ရွက်ပေးဖို့ လိုအပ်နေပါသလဲဆိုတာကို ရုပ်သံမှာ ကြည့်နိုင်ပါတယ်။Red News Agency
Read More
စစ်တွေ ဘင်္ဂလီ ဒုက္ခသည်စခန်းမှ ပုံရိပ်များ

စစ်တွေ ဘင်္ဂလီ ဒုက္ခသည်စခန်းမှ ပုံရိပ်များ

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော လူမျိုးရေး ဘာသာရေး နိုင်ငံရေး စစ်မီးကြောင့် ဒုက္ခသည် အများအပြား ရှိနေပါသည်။ အခုဖော်ပြမှာကတော့ စစ်တွေမြို့တွင်ဖွင့်လှစ်ထားသည့် ဘင်္ဂလီ ဒုက္ခသည်စခန်းမှ ပုံရိပ်တချို့ ဖြစ်ပါသည်။ ရိုက်ကူး - ထွန်းမြတ်နိုင် (more…)
Read More