Tag: ရေတပ်

  • အကြမ်းဖက်စစ်တပ်က ရမ်းကားပစ်ခတ်မူကြောင့် သန်လျင်မှာ အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံး

    အကြမ်းဖက်စစ်တပ်က ရမ်းကားပစ်ခတ်မူကြောင့် သန်လျင်မှာ အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံး

    RNA_ဖေဖော်ဝါရီ ၁ ရက်၊၂၀၂၂ခုနှစ်။

    ယနေ့ည ၈နာရီ၁၀မိနစ်ခန့်တွင် သန်လျင်မြို့ဗဟိုကျောင်းအရှေ့တွင် အကြမ်းဖက်စစ်တပ်က ရမ်းကားပစ်ခတ်မူကြောင့် အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံးသွား​ကြောင်း သိရသည်။

    သိမ်ကျောင်းလမ်း၊ ဗဟိုကျောင်း ရှေ့အနီးမှစစ်ဆေးနေသော အကြမ်းဖက်စစ်တပ်မှ သန်လျင်စျေးနာရီစင်ကနေ တစ်ဦးတည်းဆိုင်ကယ်မောင်း နှင်းလာသော ဟံသာဝတီလမ်းနေ အပြစ်မဲ့ပြည်သူ ကိုဇော်နိုင်ကို အကြမ်းဖက်စစ်တပ်မှ သေနတ်ဖြင့် ၇ချက်ခန့်ပစ်ခတ်ခဲ့သည့်အတွက် ကိုဇော်နိုင်မှာ ဗိုက်တစ်ချက်၊နားထင်ကိုတစ်ချက်ထိမှန်ပြီး အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးခဲ့ကြောင်း ???????? ???????????? ကသတင်း ထုတ်ပြန်ထားသည်။

    ထိုပစ်ခတ်မူမတိုင်မီ အကြမ်းဖက်စစ်တပ်သည် ရေတပ်ကစစ်သားများဖြစ်ပြီး ဟံသာဝတီလမ်းထိပ်အနီးတွင် စစ်ဆေးနေကြောင်း၊ ထိုရေတပ် စစ်သားများ အရက်အလွန်အကျွံမူးနေကြောင်း၊ တချို့ဆိုင်ကယ်စီးလာသူများအား အင်္ကျီ ချွတ်ခိုင်းကာ စစ်သည်အထိပင် ပြုလုပ်နေကြောင်း ဖြစ်စဥ်ကိုမြင်တွေခဲ့ရသူတစ်ဦးပြောသည်။ (more…)

  • မြန်မာ့တပ်မတော်(ရေ)မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်တော်ဒေသခံနှစ်ဦးဒဏ်ရာရ

    မြန်မာ့တပ်မတော်(ရေ)မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်တော်ဒေသခံနှစ်ဦးဒဏ်ရာရ

    အောင်နိုင်သူ၊ ကျောက်တော်|နိုဝင်ဘာ ၂၂ ရက်။

    ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကုလားတန်းမြစ်ထဲတွင် မြန်မာ့တပ်မတော်(ရေ)၏ နေဗီမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့်နိုဝင်ဘာလ ၂၂ ရက် (ယနေ )နံ နက် ၇ နာရီခန့်က ကသစ်တောကျေးရွာ သား ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

    အဆိုပါ ၂ ဦးမှာ ကျောက်တော်မြို့နယ် ကသစ်တောကျေးရွာနေ ဦးထွန်းစိန်၏သား အသက် ၇၃ နှစ်အရွယ် ဦးထွန်းလှဖြူဖြစ်ပြီး ဘယ်ဖက်ခြေသလုံးကြေမွဒဏ်ရာနှင့် ဦးမောင်မောင်၏သား အသက် ၁၉ နှစ်အရွယ် ကိုစိုးစိုးလင်း ဘယ်ဘက်တံ တောင်နှင့်ညာဖက်ပေါင်တို့တွင် လက်နက်ကြီးကျည်စများထိမှန် ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

    ထို ၂ ဦးကို ယနေ့နေ့လည် ၂ နာရီကျော်အချိန်က ကျောက်တော်ဆေးရုံမှ စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ဖြူစင်မေတ္တာပရဟိတအသင်း၏အရေးပေါ် လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့သည်။ [embedyt] https://www.youtube.com/watch?v=ne5B6_KKu_Y[/embedyt]Red News Agency