စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်စခန်းကို AA ထပ်မံသိမ်းပိုက်

RNA_စက်တင်ဘာ(၁၆)၊၂၀၂၂ခုနှစ်။

ရခိုက်ပြည်နယ်အနှံ့တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည်ဟု ရက္ခိုင့်တပ်တော် (AA)မှ ကြေညာပြီးနောက် မောင်းတောမြို့နယ် (မြောက်ပိုင်း)ရှိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့် ( မီးတိုက်) စခန်းကို AAမှ ထပ်မံသိမ်းပိုက်လိုက်ကြောင်း သိရသည်။

ရခိုက်ပြည်နယ်အတွင် စစ်ကောင်စီတပ်က ဆုံးရှုံးလိုက်ရသည့် စခန်းများ ပြန်လည်ရရှိရေး လေကြောင်းနှင့်လက်နက်ကြီးများအပါအဝင် ပစ်ခတ်တိုက်ခိုက်နေသော်လည်း စက်တင်ဘာလ (၁၅) ရက်နေ့ ညနေပိုင်းက မီးတိုက် နယ်ခြားစောင့်စခန်းကို AA မှ သိမ်းပိုက်ပြီး မီးရှို့သွားကြောင်း၊ မီးတိုက်စခန်းမှ စစ်ကောင်စီလက်အောက် ခံများ သေဆုံးမှုရှိနိုင်ကြောင်း၊ မီးတိုက်ကျေးရွာ ဒေသခံပြည်သူများ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းဖြစ်သည့် မောင်တောမြို့နယ်က ခမရ (၃၅၂) တပ်ရင်း စခန်းကုန်းနှင့် ရက္ခိုင်-ဘင်္ဂလာဒေ့ရှ် နယ်စပ်၊ မိုင်တိုင်အမှတ် (၄၀) အနီးရှိ တပ်စခန်းတို့ကို ရက္ခိုင့်တပ်တော် (AA)မှ ပြီးခဲ့သည့်ရက်ပိုင်းက သိမ်းယူခဲ့ပြီး စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိခဲ့ပြီး လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိခဲ့ကြောင်း AA ကထုတ်ပြတ်ထားသည်။

Red News Agency

By Editor