ရခိုင်ရိုးမအစပ် စေတုတ္တရာမြို့နယ်နှင့် ငဖဲမြို့နယ်ပြည်သူများ အထူးဂရုစိုက်နေထိုင်ကြရန် မေတ္တာရပ်ခံ

RNA_ဇန်နဝါရီ ၂၅ ရက်၊ ၂၀၂၂ ခုနှစ်။

ရခိုင်ရိုးမအစပ် ရခိုင်ပြည်နှင့်မကွေးတိုင်း ထိစပ်ထားဟည့် စေတုတ္တရာမြို့နယ်နှင့် ငဖဲမြို့နယ်အတွင်းက ပြည်သူများအနေဖြင့် အထူးဂရုစိုက် သွားလာနေထိုင်ကြရန် လူထုတော်လှန်ရေး မဟာမိတ် ( People’s Revolution Alliance – PRA- Magway ) အဖွဲ့က မေတ္တာရပ်ခံထားသည်။

စေတုတ္တရာမြို့နယ်အတွင်း ဇန်နဝါရီလ ၂၄ ရက်နေ့က PRA- Magway၊ ကျောင်းသားလက်ရုံးတပ်တော် နှင့် နယ်မြေရှင်းလင်းရေး လုပ်နေသည့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က သေဆုံး ဒဏ်ရာရရှိခဲ့သူများရှိကြောင်း၊ စစ်ကောင်စီတပ်စစ်ကြောင်းများ ထပ်မံတိုးလာနိုင်ကြောင်း သိရသည်။

Red News Agency

By Editor