17
Jan
ရခိုင်-ချင်းဒေသအစပ်ရှိ ပလက်ဝဒေသကို ထိန်းချုပ်လိုက်နိုင်တဲ့နောက်မှာ မကွေးတိုင်းအတွင်းရှိ အညာတပ်ပေါင်းစုတွေဆီကို လက်နက်ခဲယမ်းစီးဆင်းဖို့ လမ်းကြောင်း ပိုမိုပွင့်လာနိုင်ပါတယ်။ လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီအခြေစိုက် တပ်ရင်းတပ်ဖွဲ့များ၊ စခန်းကုန်းများကို ရက္ခိုင့်တပ်တော် AA မှ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေ............. မောင်ဝိ စစ်ကောင်စီတပ်စွဲထားတဲ့ မီးဝဗျူဟာစခန်းကုန်းကို ဇန်နဝါရီ ၉ ရက်နေ့မှာ ရက္ခိုင့်တပ်တော် AAမှ စတင်တိုက်ခိုက်ခဲ့ပြီး၊ ဇန်နဝါရီ ၁၄ ရက်နေ့မှာအပြီးသတ် သိမ်းပိုက်ရရှိခဲ့တာ ဖြစ်တယ်။ ဒီနောက်တော့ ပလက်ဝ ဒေသတခုလုံး စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AAမှ ထုတ်ပြန်ထားတား အားလုံးအသိဖြစ်ပါလိမ့်မယ်။ ရက္ခိုင့်တပ်တော် AA အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလပိုင်းမှစတင်ပြီး ပလက်ဝဒေသတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ…