Tag: ရခိုင်ပြည်နယ်

  • AA တရက်တာတိုက်ပွဲတွင် စစ်တပ်မှ ၂၄ ဦး အနည်းဆုံးကျပြီး ဒုတပ်ရင်းမှူး အပါအဝင် ၁၀ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရ

    AA တရက်တာတိုက်ပွဲတွင် စစ်တပ်မှ ၂၄ ဦး အနည်းဆုံးကျပြီး ဒုတပ်ရင်းမှူး အပါအဝင် ၁၀ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရ

    RNA_နိုဝင်ဘာ (၁၄)၊ ၂၀၂၃ ခုနှစ်။
    ရခိုင်ပြည်နယ် ရက္ခိုင့်တပ်တော် – AA နှင့် စစ်ကောင်စီတပ်လက်အောက်ခံများ ယမန်နေ့က မြို့နယ် ၃ ခုတွင် တိုက်ပွဲ ၅နေရာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ အနည်းဆုံး ၂၄ ဦးသေဆုံးပြီး ဒုတပ်ရင်းမှူးအပါအဝင် စစ်သုံ့ပန်းအဖြစ် ၁၀ ဦးဖမ်းဆီးရမိသည်ဟု AA ကထုတ်ပြန်ထားသည်။
    မင်းပြားမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲ (၂) ပွဲအတွင်း စစ်ကောင်စီ၏ စစ်တွေအခြေစိုက်၊ ခမရ(၃၄၄) တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူးသန့်ဇင်ထွန်း၊ တပ်စုမှူး ဗိုလ်ကြီး ဖြိုးဇေယျာလှိုင်အပါအဝင် စစ်သုံ့ပန်း ၁၀ ဦးဖမ်းဆီးရမိပြီး ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၁၀ ဦးကျဆုံးကြောင်း သိရသည်။
    မောင်တောမြို့ မြောက်ပိုင်း၊ သင်္ဘောလှရွာအနီး စစ်ကောင်စီ၏ ခလရ (၂၃၂) တပ်ရင်းနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် သုံ့ပန်းတစ်ဦးအပါအဝင် စစ်ကောင်စီ၏ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်မှ ဒု စစ်ကြောင်းမှူး ကျော်သက်နိုင်ပါအဝင် ၁၄ ဦးခန့် ကျဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • ယနေ့ ရခိုင်ပြည်နယ် ၃ မြို့နယ်မှာ တိုက်ပွဲ (၅) နေရာဖြစ်

    ယနေ့ ရခိုင်ပြည်နယ် ၃ မြို့နယ်မှာ တိုက်ပွဲ (၅) နေရာဖြစ်

    RNA_နိုဝင်ဘာ(၁၃)၊၂၀၂၃ ခုနှစ်။

    ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မောင်တောမြို့နယ်၊ မင်းပြားမြို့နယ်တို့ရှိ (၅) နေရာတွင် စစ်ကောင်စီတပ်စခန်းနှင့် လက်အောက်ခံ လက်နက်ကိုင်အဖွဲ့များကို ရက္ခိုင့်တပ်တော် -AA က ယနေ့ (နိုဝင်ဘာလ ၁၃ ရက်) တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    စစ်ကောင်စီလက်အောက်ခံများကို ရက္ခိုင့်တပ်တော်က ရသေ့တောင်မြို့နယ်၊ ချိန်ခါလီ၊ ဒုံးပိုက်ရွာအနီးတွင် နံနက် (၅) နာရီ (၃၀) မိနစ်ခန့်မှစတင်၍ လည်းကောင်း၊ အငူမော်ဆိပ်ကမ်းမြောက်ဘက် ၁၁.၅ ကီလိုမီတာအကွာ ဒုံးပိုက်ကျေးရွာအနီးတွင်လည်းကောင်း တိုက်ပွဲများ ဖြစ်ပွါးခဲ့သည်။

    မောင်တောမြို့နယ်၊ မီးတိုက်နှင့် သင်္ဘောလှရွာအနီးလည်းကောင်း၊ မင်းပြားမြို့နယ်၊ ဖားပြို (ချင်း) ကျေးရွာ၏ အရှေ့မြောက်ဖက် (၁၁၀၀) မီတာအကွာ ရန်ကုန်-စစ်တွေ ကားလမ်းမထက်နှင့် ပန်းမြောင်းရွာ၏ အရှေ့မြောက် ၅.၇ ကီလိုမီတာအကွာ မင်းပြား – မြောက်ဦးမြို့နယ်ကြားတို့တွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ညီနောင်မဟာမိတ် (၃) ဖွဲ့ – MNDAA + TNLA + AA က “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၁၈) ရက်မြောက်နေ့တိုက်ပွဲသတင်းများအတွင်း ထည့်သွင်း ကြေညာထားသည်။

    (more…)

  • ကြွက်မနိုင် ကျည်မီးနှင့်ရှို့သည့် စစ်ကော​င်စီ

    ကြွက်မနိုင် ကျည်မီးနှင့်ရှို့သည့် စစ်ကော​င်စီ

    “စစ်ကောင်စီနှင့် မြောက်ပိုင်း ၃ဖွဲ့တွေ့ဆုံမှုအရ မုန်တိုင်းသင့် ရခိုင်ဒေသ လူသားချင်းစာနာမှု အကူအညီများ အမြန်ရောက်ရှိရေးအချက်ပါဝင်ခဲ့သော်လည်း လူသားချင်းစာနာမှု အကူအညီများ ပိတ်လိုက်ခြင်းမှာ AA ကို ရန်စနေသလား ထင်မှတ်စရာဖြစ်သည်။အခက်အခဲများကြား ဒုက္ခတောမှာ တိုက်ပွဲဖော်လိုခြင်းလား”  မေးခွန်းထုတ်ရမလို  ဖြစ်နေသည်”

    ငြိမ်းမောင်

    နိုင်ငံတကာကူညီကယ်ဆယ်ရေးများနှင့်လူမှုအဖွဲ့အစည်းများအားလုံးကိုရခိုင်ပြည်အတွင်းသွားလာခွင့်၊ကူညီခွင့်များကိုရည်ရွယ်ပြီးခရီးသွားလာခွင့်ကိုစစ်ကောင်စီ ရပ်ဆိုင်းလိုက်ကြောင်း သတင်းကြားမိချိန် အလွန်တရာ အံသြမိခဲ့သည်။ ဘာ့ကြောင့်လဲဆိုတာ အားလုံးအသိဖြစ်မှာပါ။ မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်ကြီး နှစ်ကာလများစွာ အချိန်ကြာကြာ ပြန်လည်ထူထောင်ရမည်၊ ပြည်တွင်း ပြည်ပ အကူအညီများစွာ ရမှတည်ဆောက်နိုင်မည်၊ထိုအခြေအနေကို အားလုံးသိနေကြပါလျက် မည်သည့်အတွက်ကြောင့် ဒုက္ခရောက်နေသူများကို ကူညီထောက်ပံ့မှုများ၏ အဝေးဆုံးသို့ တွန်းပို့လိုကြသနည်း တုန်လှုပ်သွားရသည်။

    ICRC   WFP အပါအဝင် နိုင်ငံတကာကူညီကယ်ဆယ်ရေး အဖွဲ့များ ပြည်တွင်း၊ ပြည်ပ လူမှုအဖွဲ့ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများအားလုံးကို ဇွန် ၈ ရက်နေ့မှ စပြီး သွားလာခွင့်၊ ကူညီခွင့်များ ရပ်ဆိုင်းလိုက်ခြင်းဖြစ်ပြီး WFP က စားနပ်ရိက္ခာအထောက်အပံ့များကို  ကျောက်တော်၊ကျောက်ဖြူ၊စစ်တွေ၊ပုဏ္ဏားကျွန်း၊ပေါက်တော၊မြေပုံ၊မြောက်ဦးနှင့်ရသေ့တောင်မြို့နယ်များနှင့်ဘူးသီးတောင်၊မောင်တောမြို့နယ်များသို့ဆက်လက်ပံ့ပိုးနိုင်ရန်ဆောင်ရွက်နေချိန်တွင်စစ်ကောင်စီကပိတ်ပင်လိုက်ခြင်းဖြစ်သည်။

    ရခိုင်ပြည်နယ် ပြန်လည်ထူးထောင်ရေးအတွင်  ဒေသခံများ အသက်ရှင်နေထိုင်ရပ်တည်ရေးအတွက် အကူအညီ အထောက်အပံ့ များစွာ လိုအပ်နေချိန် ယခုကဲ့သို့ ရပ်ဆိုင်းလိုက်ခြင်း၍ ရခိုင်ပြည်သူများအတိဒုက္ခရောက်စေနိုင်သည် စစ်ကောင်စီ၏ ယုတ်မာခြင်းဖြစ် သည်ဟု ရခိုင်ဒေသခံများက ပြောထားကြသည်။လူသားချင်းစာနာစိတ်နဲ့ကူညီကယ်ဆယ်ရေးတွေပေးနေတာကို ပိတ်ပင်တားဆီးတဲ့ ကိစ္စကတော့ ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူးဟုဒေသခံတစ်ဦးကမှတ်ချက်ပြုသည်။

    (more…)

  • မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ပြည်သူများ AA ကိုသာ အားကိုးနေရ

    မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ပြည်သူများ AA ကိုသာ အားကိုးနေရ

    RNA_မေ(၂၉)၊၂၀၂၃ ခုနှစ်။
     
    ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းမှ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ပြည်သူများသည် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီကို အားကိုးမရသည့်အတွက် ရက္ခိုင့်တပ်တော်- AAကိုသာ အားကိုးနေရကြောင်း ဒေသခံများက ပြောကြားသည်။
    ဓာတ်ပုံ – ၁၁ မျဉ်းစောင်း ရိုက်ကူးထားသည့် မေလ ၂၆ ရက်နေ့က ရသေ့တောင်မြို့နယ်အတွင်း ဒေသခံ‌များနှင့်အတူ AAတပ်ဖွဲ့၀င်များ ပူးပေါင်းဆောင်ရွက်နေသည့် မြင်ကွင်းဖြစ်သည်။
     
    မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီသည် မိုခါမုန်းတိုင်းပြည်လည်ထူထောင်ရေးအတွက် နိုင်ငံတကာပါအဝင်ပါအဝင် ပြည်တွင်းလုပ်ငန်းရှင်များထံမှ အလှူငွေနှင့်အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများအပါအဝင် စားနပ်ရိက္ခာများရရှိထားသော်လည်း ရခိုင်ပြည်နယ်တွင်း ကူညီထောက်ပံ့မှုမရှိသလောက်ဖြစ်ပြီး ရက္ခိုင့်တပ်တော် -AA ရဲဘော်များက လက်တွေ့ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေခြင်း ဖြစ်သည်။
     
    “ဒီမှာက AAပဲအားကိုးရတာ စကစက ဘာမှမရှိဘူး။ စကစက တအိမ်ထောင် ဆန်နို့ဆီဗူး၂ဗူး လှူတယ် ဓာတ်ပုံရိုက်ပြီး ပြန်သွားတယ်” ဟု ဒေသခံတဦးက ပြောသည်။

    (more…)

  • မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် တိုင်းနှင့်ပြည်နယ် (၇) ခုတွင် သေဆုံးသူ (၄၃၅) ဦးရှိ

    မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် တိုင်းနှင့်ပြည်နယ် (၇) ခုတွင် သေဆုံးသူ (၄၃၅) ဦးရှိ

    RNA_မေ(၁၇)၊၂၀၂၃ ခုနှစ်။
     
    မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း နှင့် စစ်ကိုင်းတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် (၇) ခုတွင် သေဆုံးသူ (၄၃၅) ဦးရှိခဲ့ပြီး အဆက်အသွယ်မရသေးသည့် ပျောက်ဆုံးနေသူများရှိနေသေးကြောင်း မေလ (၁၆) ရက်နေ့ထိ စာရင်းကောက်ယူထားနိုင်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ -NUG က ထုတ်ပြန်ထားသည်။
    ဓာတ်ပုံ – ဒေသခံ
     
    မေလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်အတွင်း ဦးတည်ဝင်ရောက်လာသည့် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် နေအိမ်အဆောက်အဦများ၊ လမ်းတံတားများ၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ကျွဲနွားသေဆုံးမှု များပြားခဲ့ကြောင်း၊ စစ်တွေမြို့နယ်အတွင်းရှိ ဒုက္ခသည်စခန်းအပါအဝင် ကျေးရွာများနှင့် မကွေးတိုင်း စလင်းမြို့နယ်အတွင်း သေဆုံးသူများရှိခဲ့ကြောင်း သိရသည်။

    (more…)

  • မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် အရေးပေါ်လိုအပ်ချက်များကိုဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောကြား

    မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် အရေးပေါ်လိုအပ်ချက်များကိုဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောကြား

    RNA_မေ(၁၆)၊၂၀၂၃ ခုနှစ်။

    ရခိုက်ပြည်နယ်အတွင်း မိုခါဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်မှုကြောင့် ၉၀ ရာခိုက်နှုန်းခန့် ပျက်စီးဆုံရှုံးခဲ့ရပြီး အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်း လိုအပ်ချက်များနှင့်ပတ်သက်ပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=caF05jY8mO4[/embedyt]

    #RedNeesAgency

  • စစ်တွေမြို့ပေါ်ရေဝင်ရောက်မှုရှိလာပြီး လေပြင်းကြောင့် ဆက်သွယ်ရေးတာဝါတိုင် ကျိုးကြ

    စစ်တွေမြို့ပေါ်ရေဝင်ရောက်မှုရှိလာပြီး လေပြင်းကြောင့် ဆက်သွယ်ရေးတာဝါတိုင် ကျိုးကြ

    RNA_မေ(၁၄)၊၂၀၂၃ ခုနှစ်။

    မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေ‌မြို့ပေါ်သို့ ယနေ့ နေ့လည်ပိုင်းတွင် ရေများစတင်ဝင်ရောက်လာပြီး စစ်တွေ ပင်မ ဆက်သွယ်ရေးတာဝါတိုင် ကျိုးကြပြီး ပျက်စီးဆုံးရှုံးမှုများရှိနေပြီဖြစ်ကြောင်း သိရသည်။

    [embedyt] https://www.youtube.com/watch?v=-6Hdwfl6-GA[/embedyt]

    #RedNewsAgency

  • MOCHA ဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်ပြီး ပြည်သူများကို အရေးပေါ် သတိပေး

    MOCHA ဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်ပြီး ပြည်သူများကို အရေးပေါ် သတိပေး

    (၁၂)၊၂၀၂၃ ခုနှစ်။

    MOCHA ဆိုင်ကလုန်းမုန်တိုင်းသည် မေလ (၁၄) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ကုန်တွင်းပိုင်းမှ ဝင်ရောက်ဖြတ်ကျော်၍ တစ်နာရီလျှင် လေတိုက်နှုန်း မိုင် ၁၀၀ ဝန်းကျင်ရှိမည်ဟု မေလ ၁၁ ရက်နေ့ ခန့်မှန်းထားသည့်အတွက် ရခိုင်ပြည်သူများအတွက် ကူညီမှုများ သတိထားရန်နှင့် လိုက်နာရမည့် အချက်များကို ရက္ခိုင့်တပ်တော်-AA မှ ထုတ်ပြန်ထားသည်။

    MOCHA ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်ပြီး ခန့်မှန်းချက်များအရ ရက္ခိုင်ဒေသတွင်း မုန်တိုင်းဝင်ရောက်ဖြတ်ကျော်ကာ မုန်တိုင်းဒဏ်ခံလာရဖွယ်ရှိသော ရက္ခိုင်ကမ်းရိုးတန်းမြောက်ပိုင်းမြို့များ (မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော)၊ ရက္ခိုင်ကမ်းရိုးတန်းတလျှောက်မြို့များ (ကျောက်ဖြူ၊ အမ်းတောင်ပိုင်း၊ ရမ်းဗြဲ၊ စနဲ၊ မာန်အောင်၊ သံတွဲ)၊ သံတွဲခရိုင်တွင်းဟိ မြို့များ (ကျိန္တလီ၊ ဂွ) နှင့် ကမ်းရိုးတန်းတလျှောက် ကမ်းခြေဒေသများ၊ မုန်တိုင်း ကုန်းတွင်းပိုင်း မဝင်ရောက်ခင် ရက္ခိုင်ဒေသတွင်း မြို့အများစုမှာ မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခိုက်မှုများဖြစ်ပေါ်နိုင်ကြောင်း သတိပေးချက်များအရ သိရသည်။

    [embedyt] https://www.youtube.com/watch?v=NpzS8PnaXW8[/embedyt]

    #RedNewsAgency

  • ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်ခဲ့သည့်စစ်ကောင်စီကို နိုင်ငံတကာမှ အရေးယူနိုင်မည်လား

    ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်ခဲ့သည့်စစ်ကောင်စီကို နိုင်ငံတကာမှ အရေးယူနိုင်မည်လား

    ရိုဟင်ဂျာလူမျိုးသောင်းဂဏာန်အထိသတ်ဖြတ်ခံခဲ့ရပြီးရိုဟင်ဂျာကျေးရွာပေါင်းလေးရာနီးပါးအထိ မီးရှို့ဖျက်ဆီးခံခဲ့ကြရပြီးနိုင်ငံတကာစစ်တမ်းများအရ ရိုဟင်ဂျာအမျိုးသမီးနှင့် မိန်းကလေးငယ်ပေါင်း ၁၈,၀၀၀သည် အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံမှုများနှင့်အခြားသောလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကျူးလွန်ခဲ့ပြီးအနည်းဆုံး ရိုဟင်ဂျာလူမျိုး၂၅,၀၀၀ ထက်မနည်း သတ်ဖြတ်ခံခဲ့ကြရသည်

    BNA(Anailysis)

    မြန်မာပြည်ဒီမိုကရေစီအသွင်ကူးပြောင်းမှုကာလဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လက်ထက်တွင် မြန်မာပြည်အနောက်ဖက်နယ်စပ်၌ လူမျိုးတုံးသတ်ဖြတ်မှုများဖြစ်ပေါ်ခဲ့သည်။

    အဆိုပါဖြစ်စဥ်သည် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏အပြီးသတ်အစီရင်ခံစာထုတ်ပြန် သောသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည့် ၂၀၁၇ ခုနှစ်၊သြဂုတ်လ ၂၄ ရက်နေ့ညတွင် စတင်ခဲ့ခြင်းဖြစ်သည်။

    ထိုမောင်တော၊ဘူးသီးတောင်၊ရသေ့တောင်သုံးမြို့နယ်ရှိ မြန်မာစစ်တပ်၏ နယ်ခြားစောင့်ရဲကင်းစခန်း ၃၀ ကို ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ဖြစ်သည့် အာဆာအကြမ်း ဖက်အဖွဲ့က တပြိုင်နက်တည်းဝင်တိုက် သည်ကို အကြမ်းဖက်နှိမ်နင်းရေးပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု မြန်မာအစိုးရက ဆိုထားသည်။

    (more…)

  • အမွေကိစ္စ စကားများရာမှ လေးလောင်းပြိုင် လူသတ်မှုဖြစ်

    အမွေကိစ္စ စကားများရာမှ လေးလောင်းပြိုင် လူသတ်မှုဖြစ်

    RNA_ဇန်နဝါရီ(၁၈)၊၂၀၂၃ ခုနှစ်။
    ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ပလ္လင်ပြင်ရွာ (ရွာသစ်)တွင် အမွေကိစ္စ စကားများရာမှ ဇန်နဝါရီလ (၁၇) ရက်နေ့က လေးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
    ဓာတ်ပုံ – ရွှေရောင်မေတ္တာဖောင်ဒေးရှင်း – ရှင်ရေး/နာရေး လူမှုကူညီရေးအသင်း(စစ်တွေ)
    မိသားစုချင်း အမွေကိစ္စ စကားပြောရာတွင် အဆင်မပြေရာမှ စကာ လူသတ်မှုဖြစ်ပွားပြီး (၄) ဦးသေဆုံးကြောင်း၊ သေဆုံးသွားသူများမှာ အမျိုးသမီး (၂) ဦးနှင့် အမျိုးသား (၂) ဦးဖြစ်ကြောင်း၊ သတ်သွားသူမှာ ထွက်ပြေးတိမ်းရှောက်နေကြောင်း သိရသည်။
    ဓာတ်ပုံ – ရွှေရောင်မေတ္တာဖောင်ဒေးရှင်း – ရှင်ရေး/နာရေး လူမှုကူညီရေးအသင်း(စစ်တွေ)
    Red News Agency