13
Nov
RNA_နိုဝင်ဘာ(၁၃)၊၂၀၂၃ ခုနှစ်။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မောင်တောမြို့နယ်၊ မင်းပြားမြို့နယ်တို့ရှိ (၅) နေရာတွင် စစ်ကောင်စီတပ်စခန်းနှင့် လက်အောက်ခံ လက်နက်ကိုင်အဖွဲ့များကို ရက္ခိုင့်တပ်တော် -AA က ယနေ့ (နိုဝင်ဘာလ ၁၃ ရက်) တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီလက်အောက်ခံများကို ရက္ခိုင့်တပ်တော်က ရသေ့တောင်မြို့နယ်၊ ချိန်ခါလီ၊ ဒုံးပိုက်ရွာအနီးတွင် နံနက် (၅) နာရီ (၃၀) မိနစ်ခန့်မှစတင်၍ လည်းကောင်း၊ အငူမော်ဆိပ်ကမ်းမြောက်ဘက် ၁၁.၅ ကီလိုမီတာအကွာ ဒုံးပိုက်ကျေးရွာအနီးတွင်လည်းကောင်း တိုက်ပွဲများ ဖြစ်ပွါးခဲ့သည်။ မောင်တောမြို့နယ်၊ မီးတိုက်နှင့် သင်္ဘောလှရွာအနီးလည်းကောင်း၊ မင်းပြားမြို့နယ်၊ ဖားပြို (ချင်း) ကျေးရွာ၏ အရှေ့မြောက်ဖက် (၁၁၀၀) မီတာအကွာ ရန်ကုန်-စစ်တွေ ကားလမ်းမထက်နှင့် ပန်းမြောင်းရွာ၏…