Tag: မင်းအောင်လှိုင်

  • စစ်ရာဇဝတ်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိပါက အပြစ်ပေးနိုင်ရေး အမြန်ဆုံးဆောင်ရွက်မည်ဟု NUG ထုတ်ပြန် 

    စစ်ရာဇဝတ်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိပါက အပြစ်ပေးနိုင်ရေး အမြန်ဆုံးဆောင်ရွက်မည်ဟု NUG ထုတ်ပြန် 

    RNA_စက်တင်ဘာ(၂၇)၊၂၀၂၂ခုနှစ်။

    အကြမ်းဖက် ဖက်ဆစ်စစ်တပ်မှ စစ်ရာဇဝတ်မှု ကျူးလွန်သူများကို အမှုဖွင့်တရားစွဲဆိုခြင်း၊ ဝရမ်းထုတ်ခြင်း၊ လက်ရဖမ်းဆီးခြင်း၊ ဖမ်းဆီးရမိပါက တရားဥပဒေအရ တရားစီရင် အပြစ်ပေးခြင်းများကို မြန်ဆုံးဆောင်ရွက်နိုင်ရေး အဆောတလျင် ဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ – NUGက ထုတ်ပြန်ထားသည်။

    လက်ယက်ကုန်းအပါအဝင် ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလ (၁) ရက် နေ့ရက်မှစပြီး ယနေ့ ( ၂၀၂၂ ခုနှစ် စက်တင် ဘာ ၂၆ ရက်) အချိန်အထိ အသက်(၁၈) နှစ်အောက် ကလေးသူငယ် (၂၃၄) ဦးကို သတ်ဖြတ်ခဲ့ပြီး၊ (၃၆၃) မှာ ဖမ်းဆီးထိန်းသိမ်းခံထားရသည်ဟုအမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့်ကလေး သူငယ်ရေးရာဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

    (more…)

  • ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိကျေးရွာများကို စစ်ကောင်စီတပ် ရောက်ရှိပြီး နေအိမ်များကိုမီးရှို့ဖျက်ဆီး

    ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိကျေးရွာများကို စစ်ကောင်စီတပ် ရောက်ရှိပြီး နေအိမ်များကိုမီးရှို့ဖျက်ဆီး

    အောင်ခန့်ဇော်/RNA_စက်တင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ထဲမှ ဆင်းလာသော အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းကျေးရွာများသို့ ယနေ့ နံနက် (၇) နာရီဝန်းကျင်မှစတင်ရောက်ရှိပြီး ညောင်ပင်ကြီး-ဆားလင်းကြီးလမ်းဘေးရှိကျေးရွာများကို ဝင်ရောက်စီးနင်းပြီး ဥသျှစ်ပြားကျေးရွာကို ရွာလုံးကျွတ်မီးရှို့ခဲ့ကြသည်။

    စစ်ကောင်စီတပ်သားများ ဥသျှစ်ပြားကျေးရွာကို ရွာလုံးကျွတ်မီးရှို့ခဲ့နောက် ထန်းပုကျေးရွာသို့ရောက်ရှိလာပြီး ဘုန်းကြီးကျောင်းမှာ အလှူလုပ်မည့် ထမင်းဟင်းများကို အဓမ္မလုယူ စားသောက်သွားကြောင်း၊ ညနေပိုင်းတွင် ၂ဖွဲ့ခွဲပြီး သဲကောကြီးရွာသို့ရောက်ရှိလာသည့်အဖွဲ့က သဲကောကြီးရွာကို မီးရှို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

    ဓာတ်ပုံ : ယနေ့ သဲကောကြီးရွာမီးရှို့ခံနေရသည့်မြင်ကွင်း။ 

    (more…)

  • အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် ရုရှားသွားပြီး အပြန် လူမြင်ကွင်းမှပျောက်နေ

    အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် ရုရှားသွားပြီး အပြန် လူမြင်ကွင်းမှပျောက်နေ

    RNA_စက်တင်ဘာ ၁၉၊ ၂၀၂၂ ခုနှစ်။

    အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် ရုရှားသို့ သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ စက်တင်ဘာလ (၁၁) ရက်နေ့ညက ပြန်ရောက်လာပြီးနောက် လူမြင်ကွင်းမှ ပျောက်နေသည်ကို တွေ့ရသည်။

    အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရုပ်သံများနှင့် သတင်းစာများတွင် မင်းအောင်လှိုင်နှင့်ပက်သက်ပြီး သ တင်းဖော်​ပြခြင်း မရှိသည်ကိုတွေ့ရသည်။

    ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ နှင့် ငြိမ်းချမ်းရေး တွေ့ဆုံနွေးမှုဟု ဆိုကာ ဟန်ပြလုပ်ဆောင်နေသည်။ ထို လက်နက် ကိုင် ၁၀ တွင်လည်း တိုက်ပွဲများ ဆင်နွှဲနေကြသည့်အဖွဲ့ အများစုပါနေသည်။

    (more…)

  • ချောင်းမရွာအနီး အမျိုးသား (၅) ဦးကို စစ်ကောင်စီတပ်သားများက သတ်ဖြတ်

    ချောင်းမရွာအနီး အမျိုးသား (၅) ဦးကို စစ်ကောင်စီတပ်သားများက သတ်ဖြတ်

    RNA_ဩဂုတ်၂၇၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာကို စစ်ကောင်စီတပ်သားများ ဩဂုတ်၂၆ ရက်နေ့က ဝင်ရောက် စီးနင်းကာ ဒေသခံ အမျိုးသား (၅) ဦးကို သတ်ဖြတ်သွားကြောင်း သိရသည်။

    (more…)

  • အင်းစိန်ထောင်မှာ ရဲအင်အား လုံခြုံရေးအထူးတင်းကြပ်ထားပြီး၊ အင်တာနက် Wifi များဖြတ်တောက်ထား 

    အင်းစိန်ထောင်မှာ ရဲအင်အား လုံခြုံရေးအထူးတင်းကြပ်ထားပြီး၊ အင်တာနက် Wifi များဖြတ်တောက်ထား 

    RNA_ဩဂုတ်၇၊၂၀၂၂ခုနှစ်။

    ယနေ့ညနေပိုင်းမှစတင်ပြီး အင်းစိန်အကျဉ်းထောင်တွင် ရဲအင်အားလုံခြုံရေးများ သာမန်ထက်ပိုများများချထားပြီး အင်တာနက် Wifi များ ဖြတ်တောက်ထားကြောင်း သိရသည်။

    (more…)

  • ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်ကို နံနက်ဖန် နံနက် ၄ နာရီ ကြိုးပေးမည်ဟု သိရ 

    ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်ကို နံနက်ဖန် နံနက် ၄ နာရီ ကြိုးပေးမည်ဟု သိရ 

    RNA_ဇွန် ၁၅၊၂၀၂၂ခုနှစ်။

    စစ်ကောင်စီက သေဒဏ်အတည်ပြုထားသည့် ၈၈ မျိူဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနှင့် NLD လွှတ်တော်ကိုယ်သားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်တို့ကို နံနက်ဖန် ( ဇွန်လ ၁၆ ရက်) နံနက် (၄) နာရီ အင်းစိန်အကျဉ်းထောင်တွင် ကြိုးပေးမည်ဟု သိရသည်။

    ” အခု ဝန်ထမ်းတွေကြားမှာပြောနေကြတယ် မနက်ဖန် မနက်အစောကြီး ၄ နာရီတဲ့။ ကြိုးပေးဖို့ စံသိန်းနဲ့ ဝင်းအောင်ရွေးချယ်ထားတယ်ပြောတယ်၊ ကျနော်သာလုပ်ခိုင်းရင် မလုပ်ပါဘူးဗျာ” ဟု အင်းစိန်အကျဉ်းထောက်နှင့် နီးစပ်သည့် ဌာနဆိုင်ရာ ဝန်ထမ်းတဦးက ‌Red News Agency ကို ပြောသည်။

    စစ်ကောင်စီက သေဒဏ်အတည်ပြုသည့်ကိစ္စ တကမ္ဘာလုံးက ကန့်ကွတ်နေကြောင်း၊ စစ်ကောင်စီ အကောင်အထည်ဖော်ပါက လက်တုန့်ပြန်သွားမည်ဟု လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲနေသည့် ပြည်သူ့ကာကွယ်ရေးနှင့် ပြောက်ကျား တပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

    Red News Agency

  • ” မီးစတစ်ဖက် ၊ ရေမှုတ်တစ်ဖက် ဟန်ပြငြိမ်းချမ်းရေး “

    ” မီးစတစ်ဖက် ၊ ရေမှုတ်တစ်ဖက် ဟန်ပြငြိမ်းချမ်းရေး “

    စစ်တပ်အတွက် စစ်ဘောင်ကျယ်နေသည့် အခြေအနေဖြစ်သည်
    ယခုလို လက်နက်ကိုင် ပစ်ခတ်တိုက်ခိုက်မှုများနိုင်ငံအဝှမ်း နေ့စဥ်ဖြစ်ပေါ်နေချိန် အာဏာ သိမ်းစစ်ကောင်စီက နိုင်ငံတော်ကြီး ငြိမ်းချမ်းရေးအတွက် ခေါင်းစဥ်တပ်ကာ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များနှင့် တစ်ဖွဲ့ပြီးတစ်ဖွဲ့တွေ့ဆုံလျက်ရှိနေလေသည်။
     
    စစ်ကောင်စီခေါင်းဆောင်နှင့် ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးကြရမည့် ထိုပွဲသို့ အပစ်ရပ်လက်မှတ်ထိုးထားသော RCSS/SSA(သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ )၊ALP( ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ)၊KNU/KNLA-PC(ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ် မြောက် ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ) ၊ NMSP(မွန်ပြည်သစ်ပါတီ)၊LDU(လားဟူ ဒီမိုကရက်တစ်အစည်း အရုံး )၊PNLO(ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊DKBA(ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်) စသည့် အဖွဲ့ ၇ ဖွဲ့နှင့် အပစ်ရပ် လက်မှတ်မထိုးသော UWSA ‘ဝ’ တပ်ဖွဲ့ ၊ SSPP(ရှမ်းပြည်တိုးတက်ရေးပါတီ)၊ NDAA(မိုင်းလားအဖွဲ့ )စသည့် အဖွဲ့ ၃ ဖွဲ့တို့ကတက်ရောက်မည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။
     
    အင်အားကြီး လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်ကြသည့် KIA၊ KNU ၊ AA အဖွဲ့များက စစ်ကောင်စီဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည်ပါဝင်သင့် ပါဝင်ထိုက်သူ အားလုံး အကုန် တွေ့ဆုံဆွေးနွေးနိုင်မည့် အခင်းအကျင်း မဟုတ်ဟု ထောက်ပြထားသည်။ တက်ရောက်စရာ အကြောင်းမရှိဟုလည်း တုန့်ပြန်ထားသည်။
     
    ယခုဆိုလျှင် RCSS၊ မွန်ပြည်သစ်ပါတီ၊ KNU/KNLA(PC) ၊ ဝ အဖွဲ့တို့နှင့် တွေ့ဆုံပြီးစီးနေပြီ ဖြစ်သည်။ တစ်ဖွဲ့လျှင် ၃ ရက်ခန့် ဆွေးနွေးခြင်း ဖြစ်ပြီး တစ်ဖွဲ့နှင့် တွေ့ဆုံပြီးတိုင်း သုံးရက်တာဆွေးနွေး ညှိနှိုင်းချက်များကို သဘောတူညီ အတည်ပြု လက်မှတ်ထိုးခဲ့ကြသည်ဟုဆိုကာ သတင်းထုတ်ပြန်ခဲ့သည်။ သို့သော်လည်း ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးမည်ဆိုသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် မည်သည့်အချက်များ ဆွေးနွေးသဘောတူညီခဲ့ကြသည်ဆိုသည့် အကြောင်းအရာအသေးစိတ်မပါပဲ ယေဘုယျသာ အပေါ်ယံ သတင်းထုတ်ပြန်လေ့ရှိသည်။

    (more…)

  • ရိုဟင်ဂျာလူမျိုးများအတွက် တရားမျှတမှုရရှိရေး NUG အစိုးရ၏ တာဝန်အဖြစ် ခံယူထား

    ရိုဟင်ဂျာလူမျိုးများအတွက် တရားမျှတမှုရရှိရေး NUG အစိုးရ၏ တာဝန်အဖြစ် ခံယူထား

    RNA_ဖေဖော်ဝါရီ ၁၆ ရက်၊ ၂၀၂၂ ခုနှစ်။

    ၂၀၁၆-၂၀၁၇ ခုနှစ်များအတွင်း ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာလူမျိုးများအပေါ် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်၏ အကြမ်းဖက်မှုကြောင့် မြေစာပင်ဖြစ်ခဲ့ရသူများအတွက် တရားမျှတမှု ရရှိရေး NUG အစိုးရ၏ တာဝန်ဝတ္တရားအဖြစ် အလေးအနက်ခံယူထားကြောင်း NUG သမ္မတရုံးက ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ထုတ်ပြန် ကြေညာထားသည်။

    ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးသုဉ်းသတ် ဖြတ်မှုများနှင့် ပတ်သက်ပြီး ဂမ်းဘီးယားနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားသည့်အမှုနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရက ဥပဒေပညာရှင်အဖွဲ့ ဖွဲ့စည်းလိုက်သည်။ (more…)

  • ပြစ်မှုဆိုင်ရာနိုင်ငံတကာ ခုံရုံးတက်ရောက်ရန် မင်းအောင်လှိုင် ကြောက်လန့်နေ

    ပြစ်မှုဆိုင်ရာနိုင်ငံတကာ ခုံရုံးတက်ရောက်ရန် မင်းအောင်လှိုင် ကြောက်လန့်နေ

    RNA_ဒီဇင်ဘာ ၂၉ ရက်၊ ၂၀၂၁ ခုနှစ်။

    ပြစ်မှုဆိုင်ရာနိုင်ငံတကာ ခုံရုံး (International Criminal Court – ICC) နှင့် အာဂျင်တီးနားတရားရုံးများသို့ တက်ရောက်ရန် မင်းအောင်လှိုင်ဦးဆောင်သည့်အာဏာသိမ်းအဖွဲ့ ကြောက်လန့်နေသည့်အတွက် တရားရုံးများနှင့် တရားစွဲသူများထံမှ အကြောင်းကြားစာရောက်လာပါက လက်မခံကြရန် စစ်ကောင်စီအဖွဲ့က အမိန့်ပေးထားကြောင်း သိရသည်။

    ” ပြစ်မှုဆိုင်ရာနိုင်ငံတကာ ခုံရုံး (International Criminal Court – ICC) နှင့် အာဂျင်တီးနားတရားရုံးများနှင့် တရားစွဲဆိုသူ များထံမှ ပေးပို့လာသည့်စာဖြစ်စေ၊ ပြည်ပသွားလာခွင့်ကန့်သတ်ခြင်းဆိုင်ရာ ဖမ်းဆီးမိန့်ဖြစ်စေ၊ ဖမ်းဝရမ်း သို့မဟုတ် လာရောက်ရန်သမ္မန်စာဖြစ်စေ ပြည်ပမှဝင်ရောက်လေ့ရှိသည့် DHL အပါအဝင် အမြန်ချောပို့နှင့် အခြားနည်းလမ်းများဖြင့် ပေးပို့လာသည့်စာများကို လက်ခံခြင်းမပြုရန်” စစ်ကောင်စီအဖွဲ့က ဒီဇင်ဘာလ ၂၅ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ပေးပို့ထားသည်။

    စစ်ကောင်စီအမိန့်ပေးတားမြစ်ထားသည့် ပြစ်မှုဆိုင်ရာနိုင်ငံတကာနှင့် အာဂျင်တီးနားနိုင်ငံ၊ ဖက်ဒရယ်တရားရုံးတို့မှ ပေးပို့လာသည့် အကြောင်းကြားစာများအား လက်ခံခြင်းမပြုရန် ဒီဇင်ဘာလ ၂၇ ရက်နေ့ ရက်စွဲဖြင့် ပြည်ထောင်စု တရားသူကြီးချုပ်က စစ်ကောင်စီလက်အောက်ခံဌာနများသို့ ထပ်မံဖြန့်ဝေထားသည်။

    မင်းအောဂ်လှိုင်ဦးဆောင်သည့် စစ်တပ်သည် ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာကိစ္စအပါအဝင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့နောက်ပိုင်း ပြည်သူများကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်မှု၊ လူမျိုးသုဉ် သတ်ဖြတ်မှု၊ လေကြောင်းအသုံးပြု အရပ်သားပြည်သူများကို သတ်ဖြတ်မှု စသည်တို့ကြောင့်ပြစ်မှုဆိုင်ရာနိုင်ငံတကာ ခုံရုံးမှာ တိုက်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

    Red News Agency

  • စစ်ကောင်စီတပ်က ကရင်နီပြည်မှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်

    စစ်ကောင်စီတပ်က ကရင်နီပြည်မှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်

    RNA_ဒီဇင်ဘာ ၂၅ ရက်၊ ၂၀၂၁ ခုနှစ်။

    ကရင်နီပြည် (ကယား) နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ဆိုမိုကျေးရွာအနီးမှာ ဒီဇင်ဘာလ ၂၄ ရက်နေ့က ပြည်သူ့စစ် (၄) ဦး၊ ပြည်သူ (၃၅) ဦးကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်းသည် လူသားမျိုးနွယ်စုဆိုင်ရာ လူမျိုးတုံး သတ်ဖြတ်ဖြစ်ကြောင်း ဒေသတွင်းအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

    စစ်ကောင်စီ တပ်မ (၆၆) ၊ ခမရ (၁၀၈) စစ်ကြောင်းတို့က ဆိုမိုကျေးရွာအနီး ဒေသခံများကို ဖမ်းဆီးရိုက်နှက်ခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးသည့်အတွက် တားမြစ်သည့် ပြည်သူ့စစ် (၄) ဦး လက်ပြန်ကြိုးတုပ်ကာ ပစ်သတ်ခဲ့ကြောင်း၊ စစ်ဘေးရှောင်ထွက်ခွါသည့် ပြည်သုများ စစ်ကြောင်းနှင့်တွေ့ကာ ဒန်ပါကား (၃) စီး၊ ကားငယ် (၃) စီး၊ ထော်လော်ကြည်နှင့် ဆိုင်ကား (၅) တို့နှင့်အတူ ပြည်သူ (၃၅) ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း၊ ခမရ (၅၄) တပ်မှ လက်နက်ကြီးပစ်ခတ်သဖြင့် လွိုင်ကော်မြို့နယ် ဘာဒိုရွာနှင့် နာနတ်တောရပ်ကွက်အတွင်း။ လက်နက်ကြီးကျကာ အိုးအိမ်များပျက်စီးခဲ့ရပြီး ပြည်သူ (၁) ဦး သေဆုံးခဲ့ရသည်။

    (more…)