05
Jun
စစ်တပ်အတွက် စစ်ဘောင်ကျယ်နေသည့် အခြေအနေဖြစ်သည် ယခုလို လက်နက်ကိုင် ပစ်ခတ်တိုက်ခိုက်မှုများနိုင်ငံအဝှမ်း နေ့စဥ်ဖြစ်ပေါ်နေချိန် အာဏာ သိမ်းစစ်ကောင်စီက နိုင်ငံတော်ကြီး ငြိမ်းချမ်းရေးအတွက် ခေါင်းစဥ်တပ်ကာ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များနှင့် တစ်ဖွဲ့ပြီးတစ်ဖွဲ့တွေ့ဆုံလျက်ရှိနေလေသည်။ စစ်ကောင်စီခေါင်းဆောင်နှင့် ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးကြရမည့် ထိုပွဲသို့ အပစ်ရပ်လက်မှတ်ထိုးထားသော RCSS/SSA(သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ )၊ALP( ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ)၊KNU/KNLA-PC(ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ် မြောက် ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ) ၊ NMSP(မွန်ပြည်သစ်ပါတီ)၊LDU(လားဟူ ဒီမိုကရက်တစ်အစည်း အရုံး )၊PNLO(ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊DKBA(ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်) စသည့် အဖွဲ့ ၇ ဖွဲ့နှင့် အပစ်ရပ် လက်မှတ်မထိုးသော UWSA ‘ဝ’ တပ်ဖွဲ့ ၊ SSPP(ရှမ်းပြည်တိုးတက်ရေးပါတီ)၊ NDAA(မိုင်းလားအဖွဲ့ )စသည့် အဖွဲ့ ၃ ဖွဲ့တို့ကတက်ရောက်မည်ဟု စစ်ကောင်စီက…