အင်းစိန်ထောင်မှာ ရဲအင်အား လုံခြုံရေးအထူးတင်းကြပ်ထားပြီး၊ အင်တာနက် Wifi များဖြတ်တောက်ထား 

RNA_ဩဂုတ်၇၊၂၀၂၂ခုနှစ်။

ယနေ့ညနေပိုင်းမှစတင်ပြီး အင်းစိန်အကျဉ်းထောင်တွင် ရဲအင်အားလုံခြုံရေးများ သာမန်ထက်ပိုများများချထားပြီး အင်တာနက် Wifi များ ဖြတ်တောက်ထားကြောင်း သိရသည်။

အင်းစိန်အကျဉ်းထောင်တွင် စစ်ကောင်စီလက်အောက်ခံများက ‌နိုင်ငံရေးအကျဉ်းသားများကို သေဒဏ်အမိန့်ချပြီး အယူခံ ပယ်ခံထားရသူများရှိကြောင်း၊ ပထမအကြိမ် ကြိုးပေးခဲ့စဉ်က လုံခြုံရေး အထူးတင်းကြပ်ထားပြီး သေဒဏ်ပေးခဲ့ကြောင်း၊ ယခုရက်ပိုင်း အင်းစိန်ထောင်တွင် သေဒဏ်ကျခံထားရသူများကို ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

” မြောက်ဥက္ကလာက ကောင်မလေးတယောက် သေဒဏ် ကျခံထားရတယ်၊ ကြားတာက သေဒဏ်အမှု (၃) ခုချမှတ်ခံရတယ်ပြောတယ်၊ အခုရက်ပိုင်း အဲကလေးမလေးကို ပေါင်ချိန်တာတွေ ကျန်းမာရေး စစ်ဆေးတာတွေ့ လုပ်နေတယ်လို့ ကြားထားရတယ်” ဟု မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တဦးက ပြောသည်။

မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီနှင့် အပေါင်းအပါများသည် ပြည်သူများကို လမ်းမပေါ်ပစ်သတ်ခြင်း၊ စစ်ကြောရေးတွင် သတ်ပစ်ခြင်း၊ အကျဉ်းထောင်များတွင် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများ ပြုလုပ်နေကြောင်း၊ ကျေးလက်များတွင်လည်း ရွာလုံးကျွတ်မီးရှို့ခြင်း၊ ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

Red News Agency

By Editor