မင်းအောင်လှိုင်က ဇော်မင်းထွန်းကို ဇေယျကျော်ထင်ဘွဲ့ ချီးမြှင့် 

RNA_နိုဝင်ဘာ (၁၇)၊၂၀၂၂ ခုနှစ်။ 

အကြမ်းဖက်အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင််က နစက အလိုကျ သတင်းထုတ်ပြန်ပေးနေသည့် ဇော်မင်းထွန်းကို ယနေ့မှာ ဇေယျကျော်ထင်ဘွဲ့ ချီးမြင့်ကြောင်း ထုတ်ပြန်လာသည်။ 

အာဏာသိမ်းပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌလုပ်နေသည့် မင်းအောင်လှိုင်သည်် ယနေ့ ကျရောက်သည့် အမျိုးသားအောင်ပွဲနေ့ကို အကြောင်းပြုကာ စစ်တပ်လက်အောက်မှ အမိန့်နာခံသူများကို မဟာသရေစည်သူဘွဲ့၊ စည်သူဘွဲ့၊ သီရိပျံချီဘွဲ့၊ ဇေယျကျော်ထင်ဘွဲ့ စသည်တို့ကို ပေးအပ်ကြောင်း ကြေညာခဲ့သည်။

မင်းအောင်လှိုင်လက်အောက် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို မဟာသရေစည်သူဘွဲ့၊ မန်းငြိမ်းမောင်၊ သိန်းညွန့်၊ ခင်မောင်ဆွေပါအဝင် နစက အဖွဲ့မှ ၁၃ ဦးကို စည်သူဘွဲ့၊  ကာကွယ်ရေးဝန်ကြီးဌာနနှင့် သေဆုံးပြီး စာရေးဆရာ () ဦးနှင့် သေဆုံးသတင်းစာဆရာ() ဦးအပါအဝင် ကာကွယ်ရေးဝန်ကြီးဌာန စသည့် ဒုတိယ ဗိုလ်ချုပ်ကြီီး၊ဗိုလ်ချုပ်ကြီးများပါဝင်သည့် (၄၁) ဦးကို စည်သူဘွဲ့၊ တီခွန်မြတ်၊ ကိိုကိုလှိုင်၊ သက်သက်ခိုင် အပါအဝင် ဝန်ကြီးဌာနဝန်ကြီးများ၊ ပြည်နယ်နှင့်တိုင်း ဝန်ကြီးချုပ်များ၊ ဘာသာရေးဆိုင်ရာ ဌာနချုပ် ဥက္ကဌများ ပါဝင်သည့် (၄၅) ဦးကို သီရိပျံချီဘွဲ့၊ ဇော်မင်းထွန်းအပါအဝင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်များကို ဇေယျကျော်ထင်ဘွဲ့ ချီးမြှင့်ကြောင်း ကြေညာထားသည်။ 

Red News Agency

 

By Editor