Tag: မကွေးတိုင်

  • ကျေးလက်တွေကို PDF တွေ ပိုင်ပြီလား၊ မြေပြင်အနေအထားမှာ ဒလန်တွေကို ဘာလုပ်သင့်လဲ

    ကျေးလက်တွေကို PDF တွေ ပိုင်ပြီလား၊ မြေပြင်အနေအထားမှာ ဒလန်တွေကို ဘာလုပ်သင့်လဲ

    ကျေးလက်တွေကို PDF တွေ ပိုင်ပြီလား၊ မြေပြင်အနေအထားမှာ ဒလန်တွေကို ဘာလုပ်သင့်လဲ
     
    RNA_အောက်တိုဘာ(၁၈)၊၂၀၂၂ ခုနှစ်။
    [embedyt] https://www.youtube.com/watch?v=zMPruVFb51U[/embedyt]
     
    မကွေးတိုင်း၊ ရေစကြိုမြို့နယ်က မြေပြင်အနေအထားနှင့် ဒလန်နဲ့ပျူစောထီးတွေကို ဘယ်လိုလုပ်သင်လဲ ဆိုသည့်အကြောင်းအရာတွေကို ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းမှူး ဗိုလ်မှိုင်းတေဇကို Red News Agency က မေးမြန်းထားခြင်း ဖြစ်သည်။
     
    #RedNewsAgency

  • အင်းစိန်ထောင် အုတ်နံရံပေါ်က သံဆူးကြိုးများတွင် လျှပ်စစ်ဓာတ်အား လွှတ်ထား

    အင်းစိန်ထောင် အုတ်နံရံပေါ်က သံဆူးကြိုးများတွင် လျှပ်စစ်ဓာတ်အား လွှတ်ထား

    RNA_စက်တင်ဘာ (၁၂)၊၂၀၂၂ခုနှစ်။

    ထောင်နံရံကျော်ကာ ထွက်ပြေးလွတ်မြောက်မှု ရှိလာသည့်အတွက် အင်းစိန်ထောင် အုတ်နံရံပေါ်တွင် တပ်ဆင်ထားသည့် သံဆူးကြိုးများတွင် လျှပ်စစ်ဓာတ်အား လွှတ်ထားကြောင်း သိရသည်။

    ” ပခုက္ကူထောင်ဖြစ်တာက ထောင်တွေအကုန်ရိုက်ခတ်သွားတယ်၊ အဲဒီက ထောင်ဝန်ထမ်းတွေလဲ အပြစ်ပေးခံရမှာ၊ အခု ကျနော်တို့ထောင်မှာလဲ ကြပ်နေပြီ နံရံပေါ်က သံဆူးကြိုးမှာ အခုညကစပြီး ဓာတ်အားလွှတ်ထားတယ်၊ အရင်ကတော့ အရေးပေါ်မှ သုံးတာ၊ တပ်ဆင်ထားတာက ကြာပြီ၊ ထောင်ဆူရင် ပြေးရင် ပစ်သတ်ဖို့ထိ အရင်ကတည်းက ညွှန်ကြားထားတာပါ” ဟု အင်းစိန်အကျဉ်း ထောင်ဝန်ထမ်းတဦးက Red News Agency ကို စက်တင်ဘာ (၁၀) ရက်နေ့ညက ပြောကြားသည်။

    မကွေးတိုင်း၊ ပခုက္ကူထောင်တွင် နွေဦးတော်လှန်ရေး ကာလအတွင်း ဖမ်းဆီးခံထားရသူများထဲမှ (၅) ဦးသည် ထောင်အုတ်နံရံကျော်ကာ စက်တင်ဘာလ (၁၀) ရက်နေ့က လွတ်မြောက်သွားသည့်အတွက် စစ်ကောင်စီလက်အောက်ခံ ထောင်အာဏာပိုင်များက နံရံပေါ်မှ သံဆူးကြိုးများတွင် လျှပ်စစ်ဓာတ်အားလွှတ်ထားရန် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

    Red News Agency

  • ဆက်ကြေးလာကောက်သည့် ပျူစောထီးများ ပစ်ခတ်ခံရသည့်အတွက် စစ်ကောင်စီတပ်သားများက ဈေးကိုမီးရှို့သွား

    ဆက်ကြေးလာကောက်သည့် ပျူစောထီးများ ပစ်ခတ်ခံရသည့်အတွက် စစ်ကောင်စီတပ်သားများက ဈေးကိုမီးရှို့သွား

    RNA_ဩဂုတ်၂၉ရက်၊၂၀၂၂ခုနှစ်။

    မကွေးတိုင်း၊ ရေစကြိုမြို့ပြင်ရှိ၊ ဘောလုံးကွင်းအနီးနံနက်ခင်းပျံကျစျေးကို ဆက်ကြေးလာကောက်သည့် ပျူစောထီးအဖွဲ့ဝင်များ ယနေ့ နံနက်ပိုင်းက ပစ်ခတ်ခံရသည့် ဈေးကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှသိရသည်။

    ယနေ့ နံနက် (၈) နာရီဝန်းကျင်က ပျူစောထီးအဖွဲ့များ ဈေးကို ဆက်ကြေးလာကောက်ချိန် ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိသည်ဟု သတင်းထွက်ပေါ်နေသော်လည်း Red News Agency အနေဖြင့် အတည်မပြုနိုင်သေးကြောင်း၊ ပျူစောထီးများ ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်သားများ ရောက်ရှိလာကာ နံနက်ခင်းပျံကျဈေးကို မီးရှို့ဖျက်ဆီးသွားခဲ့ခြင်း ဖြစ်သည်။

    Red News Agency

  • ပြည်သူ(၂) ဦးကိုသတ်ပြီး နှမ်း တင်း ၃၀၀၀ နီးပါးနှင့် နေအိမ်အဆောက်အဦများကို မီးရှို့ 

    ပြည်သူ(၂) ဦးကိုသတ်ပြီး နှမ်း တင်း ၃၀၀၀ နီးပါးနှင့် နေအိမ်အဆောက်အဦများကို မီးရှို့ 

    RNA_ဩဂုတ်၂၈၊၂၀၂၂ခုနှစ်။

    မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မောက်ရွာမှာ စခန်းချနေထိုင်ခဲ့သည့် စစ်ကောင်စီတပ်က ယနေ့ နံနက် (၈) နာရီဝန်းကျင်က ရွာမှထွက်ခါနီး ပြည်သူ (၂) ဦးကိုသတ်ကာ လူနေအိမ် ၃၂ လုံး ၊နွားစာတိုက် ၈ လုံး၊ တောင်သူများ၏ နှမ်းအတင်းရေ ၃ ထောင်နီးပါး စသည်တို့ကို မီးရှို့ဖျက်ဆီးသွားကြောင်း ယောကာကွယ်ရေးတပ် – YDF သတင်းနှင့်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

    [embedyt] https://www.youtube.com/watch?v=Vpa_CnlDIc0[/embedyt]

    Red News Agency

  • လက်နက်မဲ့ အဖွဲ့အစည်းများကို တိုက်ခိုက်မည်မဟုတ်ဟု ပွင့်ဖြူ PDF ကြေညာ 

    လက်နက်မဲ့ အဖွဲ့အစည်းများကို တိုက်ခိုက်မည်မဟုတ်ဟု ပွင့်ဖြူ PDF ကြေညာ 

    RNA_ဇူလိုင်၃၀၊၂၀၂၂ခုနှစ်။

    ပွင့်ဖြူမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ပွင့်ဖြူ PDF ) က လက်နက်မဲ့ အဖွဲ့အစည်းများကို တိုက်ခိုက်သွားမည်မဟုတ်ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။

    ယခုရက်ပိုင်းအတွင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းကို ကျောင်းပိတ်ပြီး အမြန်ဆုံး ပြောင်းရွှေ့ကြရန်စသည့် သတိပေးမှုများထွက်ပေါ်နေကြောင်း၊ ပွင့်ဖြူမြို့နယ်အတွင်း စာသင်ကျောင်းများ၊ အသက်မွေး ဝမ်းကျောင်းများကို ကာကွယ်ရေးတပ်ဖွဲ့ (PDF)အမည်အသုံးပြုကာဖုန်းဆက်ခြိမ်းခြောက်သတိပေးခြင်းများပြုလုပ်လာပါက People Defence Force-Pwintbyu အနေဖြင့် လုပ်ဆောင်ခြင်းမရှိကြောင်း သိရသည်။

    (more…)

  • စစ်ကောင်စီတပ်အထိနာပြီး တိုက်ပွဲအတွင်း လေယာဉ်သုံးပစ်ခတ်၊ စစ်ကောင်စီတပ်က ၁၅ ဦးဝန်းကျင်သေဆုံး

    စစ်ကောင်စီတပ်အထိနာပြီး တိုက်ပွဲအတွင်း လေယာဉ်သုံးပစ်ခတ်၊ စစ်ကောင်စီတပ်က ၁၅ ဦးဝန်းကျင်သေဆုံး

    RNA_ဇူလိုင်၃၀၊၂၀၂၂ခုနှစ်။

    မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တောင်မြင့်ရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များ တိုက်ခိုက်မှုဖြစ်ကြရာ စစ်ကောင်စီတပ်က (၁၅) ဦးဝန်းကျင်သေဆုံးသည့်အတွက် လေယာဉ်ပစ်ကူယူကာ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

    ဓာတ်ပုံ : ဇူလိုင် ၂၈ ရက်နေ့ ညနေက တောင်မြင့်ရွာဘက် တက်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အသေအဆုံးများသည့်အတွက် လေယာဉ်ပစ်ကူယူပြီး ပစ်ခတ်ရာတွင် အသုံးပြုခဲ့သည့် ကျည်ခွံများဖြစ်သည်ဟု PDF Pauk တပ်ရင်း- ၄မှ ယနေ့ ထုတ်ပြန်ထားသည်။

    ပေါက်မြို့နယ်၊ ကျားပစ်ကန်ကျေးရွာကို မီးရှို့အပြီး ဇူလိုင်လ ၂၈ ရက်နေ့က တောင်မြင့်ရွာဘက် အသွား စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ပေါက်တောင်ပိုင်း ပျောက်ကြားတပ်ဖွဲ့ – SPGF၊ PDF Pauk တပ်ရင်း- ၄၊ PDF Pauk တပ်ရင်း – ၆၊ Pauk Revolution Front – PRF၊ Knight Commander PDF၊ King Fighter – SGF၊Young Revolution Front – YRFတို့နှင့် တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    (more…)

  • ဆန္ဒပြနေရုံ PDFတွေအတွက် လိုအပ်တာလေး အလှူခံပေးနေရရုံနဲ့ အားမရလို့ လက်နက်ကိုင်လမ်းစဉ်ရွေးခဲ့သူ ယောနယ်က သူနာပြုဆရာမလေး 

    ဆန္ဒပြနေရုံ PDFတွေအတွက် လိုအပ်တာလေး အလှူခံပေးနေရရုံနဲ့ အားမရလို့ လက်နက်ကိုင်လမ်းစဉ်ရွေးခဲ့သူ ယောနယ်က သူနာပြုဆရာမလေး 

    လိုအပ်လာရင် လက်နက်ကိုင်တိုက်ပွဲ၀င်နိုင်ဖို့ ထီးလင်းPDFက သင်ကြားပေးတဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၃တက်ရောက် ထားပါတယ်။ လက်နက်ကိုင်လမ်းစဉ်ရွေးရတာက ဆန္ဒပြနေရုံ PDFတွေအတွက် လိုအပ်တာလေးအလှူခံပေးနေရရုံနဲ့အားမရလို့ပါ

    ယောနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တခုမှာ ပါဝင်ပြီးတော့ ဒေသလိုအပ်ချက်အရ တပ်တွင်းကျန်းမာရေးတာဝန်ခံနှင့် ဆေး၊ ဘဏ္ဍာငွေ ရှာဖွေရေး တာဝန်ထမ်းဆောင်နေတဲ့ သူနာပြုဆရာမလေးလဲဖြစ် စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသည့် ဆရာမ Stella Wai ကို Red News Agency ကမေးမြန်းထားသည်။

    RNA ။ ဆရာမ Stella Wai အနေနဲ့ အဏာမသိမ်းခင်က ဘာတွေလုပ်ခဲ့လဲ၊ အာဏာသိမ်းပြီးနောက် ဘယ်လို အခန်းကဏ္ဍတွေမှာ ပါဝင်ခဲ့လဲ အခု လက်ရှိ တော်လှန်ရေးမှာ ဘယ်နေရာက ပါဝင်နေလဲ ဆိုတာ ပြောပြပေးပါ။

    Stella Wai ။ အရင်အာဏာမသိမ်းခင်က ပုဂ္ဂလိက ဆေးရုံတွေမှာ Case On ပါတယ်။ PKU သူနာပြုသားဖွား 6th batch midwifery ကျောင်းဆင်းပါ အာဏာသိမ်းပြီးနောက်မှ အာဏာဖီဆန်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ /ကိုယ်တတ်နိုင်သလောက် CDM Supportကိစ္စတွေ /PDFထဲမ၀င်ခင်က PDF အတွက် လိုအပ်တာတွေကို အလှူခံပေးတာစတဲ့ အနည်းအကျဉ်းကိစ္စလေးတွေမှာ ပါ၀င်ဆောင်ရွက်ဖူးပါတယ်။ ၂၀၂၁ ၊ ၁၀ လပိုင်း ၂၁ ရက်နေ့က ထီးလင်း PDFမှာ လိုအပ်ချက်အရ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ တောထဲစရောက်ခဲ့ပါတယ်၊ အခုကတော့ တပ်တွင်းကျန်းမာရေးတာ၀န်ခံနဲ့ ဆေး၊ ဘဏ္ဍာရှာဖွေရေး တာဝန်ထမ်းဆောင်နေပါတယ်။ 

    RNA ။ စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ထိ ပြင်ဆင်ထားလား။ ဘာ့ကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးရတာလဲ။ 

    (more…)

  • မြို့သိမ်းတိုက်ပွဲတွေအတွက် ဘာတွေလိုအပ်နေသလဲ

    မြို့သိမ်းတိုက်ပွဲတွေအတွက် ဘာတွေလိုအပ်နေသလဲ

    မကွေးတိုင်းမှာ မြို့သိမ်းတိုက်ပွဲ စခန်းသိမ်းတိုက်ပွဲတွေ လုပ်နိုင်ပေမဲ့ ဘာတွေလုပ်ဖို့လိုအပ်နေသလဲ၊ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဘာတွေလုပ်ပေးဖို့လိုအပ်နေသလဲဆိုတဲ့ အခြေအနေတွေကို Red News Agency သတင်းဌာနက ရေစကြို PDF က တပ်ရင်းမှူး ဗိုလ်မှိုင်းတေဇကို ဆက်သွယ်မေးမြန်းထားသည်။

    [embedyt] https://www.youtube.com/watch?v=Gb8ZrpoHSX8[/embedyt]

    Red News Agency

  • အုပ်ချုပ်ရေးမှုးနှင့် ဒလန်အသတ်ခံရသည့်ကိစ္စ သဲဖြူကျေးရွာက လူငယ် (၃၀) ဝန်းကျင် ဖမ်းဆီးခံရ

    အုပ်ချုပ်ရေးမှုးနှင့် ဒလန်အသတ်ခံရသည့်ကိစ္စ သဲဖြူကျေးရွာက လူငယ် (၃၀) ဝန်းကျင် ဖမ်းဆီးခံရ

    RNA_မတ် ၅၊၂၀၂၂ခုနှစ်။

    မကွေးတိုင်း၊ တောင်‌တွင်းကြီးမြို့နယ်၊ ချင်းသပြေပင်ကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် နောက်လိုက်ဒလန် အသတ်ခံရမှု ကိစ္စနှင့် ပတ်သတ်ပြီး သဲဖြူကျေးရွာက လူငယ် (၃၀) ဝန်းကျင်ကို ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ရွာထဲဝင်ပြီး ဖမ်းဆီးသွားကြောင်း သိရသည်။

    ” အခုက ရွာထဲမှာကျန်တဲ့ လူငယ်တွေ ဖမ်းခံလိုက်ရတာ တချို့က အလုပ်သွားနေကြတာ၊ ဟိုဘက်ရွာမှာ အသတ်ခံရတဲ့ကိစ္စ ဒီဘက်နဲ့မဆိုင်ဘူး၊ လုပ်တာက ဘယ်သုမှန်းမသိဘူး ဒါကို သဲဖြူရွာ အုပ်ချုပ်ရေးမှူးက စစပ်တပ်ခေါ်ပြီး ကိုယ့်ရွာက လူတွေကို ဖမ်းခိုင်းတာ၊ အတော်ဆိုးတယ်ဗျာ ဘာမှမဆိုင်ဘူး၊ အုပ်ချုပ်ရေးမှူးဆိုပြီး လုပ်ချင်တိုင်း လုပ်နေတာ ဒီလူငယ်တွေရ ရွာမှာ အေးဆေးနေကြတာ” ဟု ဒေသခံတဦးက ပြောသည်။ (more…)

  • စစ်ကောင်စီတပ် မီးရှို့သွားသည့် ကျေးရွာအတွင်း နေအိမ်များကို ရေစကြို PDF ကူညီ 

    စစ်ကောင်စီတပ် မီးရှို့သွားသည့် ကျေးရွာအတွင်း နေအိမ်များကို ရေစကြို PDF ကူညီ 

    RNA_မတ် ၂၊၂၀၂၂ခုနှစ်။

    မကွေးတိုင်းအတွင်း စစ်ကောင်စီတပ်က ကျေးရွာများကို ဝင်ရောက်မီးရှို့သွားသည့်အတွက် ရေစကြိုမြို့နယ်ပြည်သူကာကွယ်ရေးရဲဘော်များမှ သန့်ရှင်းရေးအပါအဝင် အိမ်ဆောက်မည့်ကိစ္စများအတွက် လုပ်အား ပါဝင်ကူညီပေးခဲ့ကြောင်း ယနေ့ အသိပေးထားသည်။

    မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခုက္ကူမြို့နယ်၊ ပေါက်မြို့နယ်၊မြိုင်မြို့နယ်၊ ဆိပ်ဖြူမြို့နယ် စသည့် နယ်တကျောတွင် စစ်ကောင်စီတပ်က ကျေးရွာများအတွင်း နယ်မြေရှင်းလင်းရေးအကြောင်းပြ ဝင်ရောက်ကာ ဒေသခံများကို ဖမ်းဆီးခြင်း၊ နေအိမ်များကို မီးရှို့ခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

    RedNewsAgency