ပျံကျဈေး

ဆက်ကြေးလာကောက်သည့် ပျူစောထီးများ ပစ်ခတ်ခံရသည့်အတွက် စစ်ကောင်စီတပ်သားများက ဈေးကိုမီးရှို့သွား

ဆက်ကြေးလာကောက်သည့် ပျူစောထီးများ ပစ်ခတ်ခံရသည့်အတွက် စစ်ကောင်စီတပ်သားများက ဈေးကိုမီးရှို့သွား

RNA_ဩဂုတ်၂၉ရက်၊၂၀၂၂ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့ပြင်ရှိ၊ ဘောလုံးကွင်းအနီးနံနက်ခင်းပျံကျစျေးကို ဆက်ကြေးလာကောက်သည့် ပျူစောထီးအဖွဲ့ဝင်များ ယနေ့ နံနက်ပိုင်းက ပစ်ခတ်ခံရသည့် ဈေးကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှသိရသည်။ ယနေ့ နံနက် (၈) နာရီဝန်းကျင်က ပျူစောထီးအဖွဲ့များ ဈေးကို ဆက်ကြေးလာကောက်ချိန် ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိသည်ဟု သတင်းထွက်ပေါ်နေသော်လည်း Red News Agency အနေဖြင့် အတည်မပြုနိုင်သေးကြောင်း၊ ပျူစောထီးများ ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်သားများ ရောက်ရှိလာကာ နံနက်ခင်းပျံကျဈေးကို မီးရှို့ဖျက်ဆီးသွားခဲ့ခြင်း ဖြစ်သည်။ Red News Agency
Read More