မကွေးတိုင်

ပိုင်ရှင်မဲ့ သစ်ကား ဖမ်းမိစဉ် ရဲတပ်သားများကို ရွာသားတဦးက ဓားနှင့် ခုတ်သဖြင့် သေနတ်ပစ် ဖမ်းဆီးခဲ့ရ

ပိုင်ရှင်မဲ့ သစ်ကား ဖမ်းမိစဉ် ရဲတပ်သားများကို ရွာသားတဦးက ဓားနှင့် ခုတ်သဖြင့် သေနတ်ပစ် ဖမ်းဆီးခဲ့ရ

ဒီလှိုင်း။ အောင်လံ၊ ဇန်နဝါရီ ၃၀ ရက်။ မကွေးတိုင်းဒေသကြီး၊အောင်လံမြို့နယ်၊ရွှေပန်းတောကျေးရွာအနီးမှာ ဇန်နဝါရီ ၂၈ ရက်နေ့ ညပိုင်းက သစ်ကားဖမ်းဆီးခဲ့တဲ့ရွှေပန်းတောရဲစခန်းက ရဲတပ်ဖွဲ့ဝင်များကို ဒေသခံသရက်ချောင်းကျေးရွာသားတစ်ဦးက ဓားဖြင့် တိုက်ခိုက်ခဲ့တဲ့အတွက်သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရသည်ဟု မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တိုင်းဦးစီးအရာရှိ ဒုရဲမှူးကြီးတင်မိုးက ပြောပါတယ်။ ပိုင်ရှင်များထွက်ပြေးသွားပြီး ပိုင်ရှင်မဲ့ဖမ်းဆီးရမိတဲ့သစ်တွေကို သက်ဆိုင်ရာသစ်တောဌာနကိုပြန်သယ်ဖို့စောင့်ရှောက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို သရက်ချောင်းကျေးရွာမှ အသက်၃၀ဝန်းကျင်သန်းဇော်ဦးဆို သူကဓားဖြင့်ဝင်ခုတ်ခဲ့တာ ဖြစ်ပါတယ်။ ပစ်ခတ်ဖမ်းဆီးမှုဖြစ်စဉ်မှာ ရဲတပ်သားတစ်ဦးဓားဒဏ်ရာရရှိခဲ့ပြီး ဓားဖြင့်ခုတ်သူသန်းဇော်ဦးမှာ ခါးအောက်ပိုင်းဘယ်ညာခြေထောက်နဲ့ပေါင်ကိုသေနတ်ဒဏ်ရာ တစ်ချက်စီ ထိမှန်ခဲ့တဲ့အတွက်ပြည်ဆေးရုံကိုပို့ဆောင်ကုသထားတယ်လို့သိရပါတယ်။ ဖြစ်စဉ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲဝင်တွေကို တာဝန်ဝတ္တရားနှောက်ယှက် တိုက်ခိုက်ခဲ့သူသန်းဇော်ဦးကို ရာဇသတ်ကြီးပုဒ်မ(၃၀၇/၃၃၂)ဖြင့် ဇန်နဝါရီ၂၉ရက်နေ့မှာရွှေပန်းတောရဲစခန်းမှာအမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါသည်။Red News Agency  
Read More
ရွာသာယာရွာက အိုးလုပ်ငန်း

ရွာသာယာရွာက အိုးလုပ်ငန်း

ဒီလှိုင်း။ မင်းဘူး၊ ဇန်နဝါရီ ၁၄ ရက်။ အိုးလုပ်ငန်းရာသီရောက်လာပြီဖြစ်သော်လည်း ရွာသာယာရွာတွင် အစိုးရဝန်ထမ်းအလုပ်၊ နယ်ဝေးထွက် အလုပ်အကိုင် လုပ်နေသူများကြောင့် ရွာသာယာရွာတွင် အိုးလုပ်ငန်းဖြင့် စီးပွားရှာသူ နည်းပါးသွားပြီဖြစ်ကြောင်း သိရသည်။ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ရွာသာယာရွာအုပ်စု အတွင်းမှာရှိသည့် စိုင်ရှင်ရွာ၊ကန်းနီရွာ၊သ‌င်္ဘောကျွန်းရွာမ၊အောင်မင်္ဂလာရွာသစ်ရွာများတွင် မြေအိုးလုပ်ငန်းများကို ဘိုးဘွားအစဉ်အဆက်က မိသားစု တပိုင်တနိုင် လက်ဆင့်ကမ်း လုပ်ကိုင်လာကြခြင်း ဖြစ်ကြောင်း၊ ရွာသာယာကျေးရွာတွင် အိမ်ခြေ ၆၃၀၊အိမ်ထောင်စု၄၇၀စု၊လူဦးရေ ၂၂၀၀ကျော်ရှိပြီး ယခင်နှစ်များကအိုးလုပ်ငန်းကိုဦးရေ၅၀ကျော်လုပ်ကိုင်ကြသော်လည်းယခုအခါ အိမ်ထောင်စု၂၀စုခန့် သာလုပ်ကိုင်ကြကြောင်း၊ စိုင်ရှင်ရွာ၊ကန်းနီရွာ၊သ‌င်္ဘောကျွန်းရွာမ၊အောင်မင်္ဂလာရွာသစ်ရွာတို့မှာ ရွာသာယာရွာထက်အိုးလုပ်ငန်းလုပ်ကိုင်သူနည်းလာကြောင်းသိရသည်။ (more…)
Read More
အစိုးရဌာနတွေမှာ လာဘ်စားမှုများရှိနေသေး

အစိုးရဌာနတွေမှာ လာဘ်စားမှုများရှိနေသေး

ဒီလှိုင်း ။ မကွေး၊ ဒီဇင်ဘာ ၁၁ ရက်။ ” NLD အစိုးရတက်လာပြီးနောက်ပိုင်း အဂတိလိုက်စားမှုကို အကောင်းဆုံး လုပ်ဆောင်နိုင်ပေမဲ့ အဂတိလိုက်စားမှုကင်းစင်ပြီလားပပျောက်ပြီလားဆိုလို့ရှိရင်တော့ အစိုးရဌာအချို့က လာဘ်စားမှုတွေကရှိ‌နေသေးတယ်” ”ပထမဦးဆုံးNLDအစိုးရတက်လာပြီးတဲ့နောက်ပိုင်းမှာတော့အဂတိလိုက်စားမှုနဲ့ပတ်သက်ပြီးတော့မှသူတို့ကအကောင်းဆုံးကိုင်တွယ်နိုင်ပါတယ်လို့ပြောရမှာပေါ့နော်၊ကျွန်မတို့မကွေးတိုင်းမှာကြည့်မယ်ဆိုလို့ရှိရင်ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုကနေပြီးတော့အဂတိလိုက်စားမှုကိုလုံးဝသည်းမခံဘူးပေါ့နော်၊အပစ်ပေးစရာရှိရင်အပစ်ပေးတယ်၊အရေးယူစရာရှိရင်အရေးယူတယ် ၊ အဂတိ လိုက်စားမှုတွေကတော့ ရှိနေတုန်းဖြစ်ပါတယ်” ဟုကျေးလတ်မြေ ဒါရိုက်တာဒေါ်မူဆယ်ကပြောသည်။ မကွေးတိုင်းဒေသကြီးအတွင်း အဂတိလိုက်စားမှုများနဲ့ ပတ်သက်ပြီး အရေးယူမှုတွေကိုလည်း မကွေးတိုင်းဒေသကြီး ဒေါက်တာအောင်မိုးညိုက ပြောခဲ့ပါတယ်။ ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့က မကွေးမြို့ ဗိုလ်ချုပ်ပန်းခြံမှာ ပြုလုပ်တဲ့ ဖြောင့်မတ်တည်ကြည် အဂတိလိုက်စားမှု ကင်းဝေးသော လူ့ဘောင်ဆီ ခေါင်းစဉ်နဲ့ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား စကားဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။Red News Agency
Read More
မကွေးမြို့ လေယာဉ်ကွင်းတည်ဆောက်ရန် သိမ်းထားသည့် ပိုလျှံမြေများ ပြန်လည်ရရှိရေး ဆန္ဒထုတ်ဖော်

မကွေးမြို့ လေယာဉ်ကွင်းတည်ဆောက်ရန် သိမ်းထားသည့် ပိုလျှံမြေများ ပြန်လည်ရရှိရေး ဆန္ဒထုတ်ဖော်

မကွေးတိုင်းဒေသကြီးမကွေးမြို့ရှိမြန်မာ့လေကြောင်းမှလေယာဉ်ကွင်းတည်ဆောက်ရန်အတွက် သိမ်းဆည်းစဉ်က ယနေ့အချိန်ထိ အသုံးမပြုဘဲ ကျန်ရှိသောပိုလျှံမြေများကိုပြန်လည်ရရှိရေးနှင့်ပုံစံ(၇) ရရှိရေးအတွက် နိုဝင်ဘာ ၅ ရက်နေ့က မကွေးမြို့ တွင် သေခံများက ဆန္ဒထုတ်ဖော်ခဲ့သည်။ မကွေးတိုင်းဒေသကြီးမကွေးမြို့ရှိမြန်မာ့လေကြောင်းမှလေယာဉ်ကွင်းတည်ဆောက်ရန်အတွက် သိမ်းဆည်းစဉ်က ယနေ့အချိန်ထိ အသုံးမပြုဘဲ ကျန်ရှိသောပိုလျှံမြေများကိုပြန်လည်ရရှိရေးနှင့်ပုံစံ(၇) ရရှိရေးအတွက် နိုဝင်ဘာ ၅ ရက်နေ့က မကွေးမြို့တွင် သေခံများက ဆန္ဒထုတ်ဖော်ခဲ့သည်။Red News Agency
Read More