ဖားကန့်မှာ စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ

RNA_ဇွန်(၁၀)၊၂၀၂၅ခုနှစ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ရပ်ကွက်များအတွင်းလှည့်လည်ကာ ပြည်သူများကိုဖမ်းဆီး၊ ဒရုန်းနှင့်လက်နက်ကြီးတို့ကို အသုံးပြုပစ်ခတ်တိုက်ခိုက်နေသော စစ်ကောင်စီတပ်ကို KIA/KPDF ရဲဘော်များက ဇွန် (၉) ရက်နေ့က တိုက်ခိုက်သည့်အတွက် သေဆုံးမှုများရှိကြောင်း သိရသည်။

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာ ဘုရားကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သား (၂)ဦး ဇွန်လ (၉) ရက်နေ့က ငွေသစ္စာလ္ဘက်ရည်ဆိုင် ထိုင်သောက်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည့်အပြင် ကုဋေကျေးရွာမှ ကုမ္ပဏီများကို မီးရှို့နေသော စစ်ကောင်စီတပ်သားများ KIA/KPDF ရဲဘော်များက ဒရုန်းဗုံးနှင့် ၄၀ မမ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ထိခိုက်သေဆုံးမှုများရှိကြောင်း သိရသည်။

ဖားကန့်တွင် မိုးကောင်းအခြေစိုက် စကခ (၃)မှ စစ်ကောင်စီတပ်သားများ မေလ (၂၇) နေ့က ရောက်ရှိလာပြီး ၂၀၂၅ ခုနှစ် မေလ (၂၈) ရက်နေ့မှ စတင်ကာ ပြည်သူများကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခြင်း၊ ကျောက်စိမ်းလုပ်ကွက်များအတွင်းဝင်ရောက်ကာ စက်ယန္တရားများကို မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးနှင့် ဒရုန်းဗုံးသီးများ ပစ်ခတ်ခြင်း စသည်တို့ကို ပြုလုပ်နေသည့်အတွက် မေလ ၂၈ ရက်နေ့မှ ဇွန်လ (၈) ရက်နေ့အထိ ပြည်သူ (၁၇) ဦးသေဆုံးခဲ့ရသည်။

Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1

#RedNewsAgency #REDNEWS #RNA

By RNA Editor