RNA_မတ်(၂၁)၊၂၀၂၅ခုနှစ်။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ အုတ်တွင်းကျေးရွာအနီး ရန်ကုန်-ပြည် ကားလမ်းဘေး၌ အထိုင်ချ တပ်ဆွဲထားသော စစ်ကောင်စီ၏ စစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီလက်အောက်ခံ (၇) ဦးသေဆုံးခဲ့သည်ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ကထုတ်ပြန်ထားသည်။
ရန်ကုန်-ပြည် ကားလမ်းဘေး၌ အထိုင်ချတပ်စွဲထားသော စစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ်ကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ၂ ရဲဘော်များက မတ်လ ၂၀ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားချိန် ၁ နာရီ ၄၅ မိနစ်ခန့်အကြာတွင် စစ်ကောင်စီလက်အောက်ခံများ အလောင်းကောက် သေနတ်ကောက်ကာ (၆) ဦးထွက်ပြေးသွားသည့်အတွက် ကာဘိုင်သေနတ် ၁ လက်၊ ကျည်ဘောက် ၁ခု၊ ကျည် ၂၀ တောင့်၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းခဲ့ပြီး စစ်ဆေးရေးဂိတ်ဆို မီးရှို့ဖျက်ဆီးခဲ့ရာ၊ မီးအနည်းငယ် လောင်ကျွမ်းသော စစ်ဆေးရေးဂိတ် ဘန်ကာတွင် ပြည်လည်လုံခြုံရေးယူနေသည့်အတွက် မတ်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီက အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ တစ်ဦးနေရာတွင် သေဆုံးပြီး လေးဦးထပ်မံဒဏ်ရာရရှိသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။