စစ်အာဏာရှင်ဆန့်ကျင်ရေး အညာအမျိုးသမီးသပိတ်စစ်ကြောင်း

RNA_မတ်(၉)၊၂၀၂၃ ခုနှစ်။

“သာတူညီမျှမှုနဲ့အတူချီတက် အာဏာရှင်တို့ အဆုံးသတ်” ခေါင်းစဉ်ဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး အညာအမျိုးသမီးသပိတ်စစ်ကြောင်း မတ်လ (၈) ရက်နေ့က စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်း ပြုလုပ်ခဲ့သည်။

“အမျိုးသမီးတွေဟာဆိုရင် တော်လှန်ရေးရဲ့နိုင်ရာတာဝန်တွေကို ထမ်းဆောင်နေကြပါတယ်။ အမျိုးသားတွေနဲ့တန်းတူ တော်လှန်ရေးမှာပါဝင်တိုက်ပွဲ ဝင်နေကြတယ်။အမျိုးသမီးများနေ့မှာ တစ်နိုင်ငံလုံးက အမျိုးသမီးတွေ ကျရာနေရာမှာ ပါဝင်နေကြတယ်ဆိုတာကို ပြသသည့်သဘောပါ” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ဦးဆောင်သူတဦးက ပြောသည်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဖြစ်သည့် မတ်လ (၈) ရက်နေ့ အမျိုးသမီးသပိတ်စစ်ကြောင်းကို အညာပစ်တိုင်းထောင်လေးများအဖွဲ့နှင့် ဒေသခံပြည်သူများ ပူးပေါင်းဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

#RedNewsAgency

By Editor