ကျေးရွာများသပိတ်စစ်ကြောင်းမှ ကျင်းပသည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့

RNA_ဖေဖော်ဝါရီ(၁၃)၊၂၀၂၃ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်စစ်ကြောင်းမှ ယနေ့ ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၈) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၈) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် အာရှသူရဲကောင်း သီချင်းကိုသံပြိုင်သီဆိုခြင်း၊ တော်လှန်ရေး တေးသီချင်း၊ အကများဖြင့် ပြည်သူများအား အထူးဖျော်ဖြေခဲ့ပြီး “အောင်ဆန်းသည် ရှင်သန်နေဆဲပဲ” စာသားကိုကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကျေးရွာအတွင်း လှည့်လည်ဆန္ဒပြခဲ့ကြောင်း သိရသည်။

#RedNewsAgency

By Editor