“ပြည်သူရှိနေသရွေ့ ပါတီရှိ​နေမယ်” စာသားကိုင်ဆောင်ပြီး ဆန္ဒပြ

RNA_ဧပြီ(၂)၊၂၀၂၃ ခုနှစ်။

စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲမှတ်ပုံမတင်သည့် ပါတီများကို ဖျက်သိမ်းကြောင်း ကြေညာသည့်အပေါ် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းမှဦးဆောင်ကာ PDF များ၏ ဝန်းရံမှုဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆားလင်းကြီးမြို့နယ်အတွင်း ယနေ့ ဆန္ဒပြခဲ့ကြသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲမဝင်သည့် ပါတီများအတွက် စစ်ကောင်စီကို ဆန္ဒပြခြင်းဖြစ်ကြောင်း၊ ပြည်သူရှိနေသမျှ ပါတီရှိနေမည်ဖြစ်ကြောင်း စာသားဘန်နာကိုင်ဆွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ကျေးရွာများအတွင်း လှည့်လည်ဆန္ဒပြခဲ့ကြောင်း သိရသည်။

#RedNewsAgency

By Editor