ဆားလင်းကြီး

“သေနတ်ကိုင်တိုက် ဓားကိုင်ဖိုက်မဲ့ ၅/” ဟုဆိုကာ ကျေးရွာအတွင်း လှည့်လည်ဆန္ဒပြ

“သေနတ်ကိုင်တိုက် ဓားကိုင်ဖိုက်မဲ့ ၅/” ဟုဆိုကာ ကျေးရွာအတွင်း လှည့်လည်ဆန္ဒပြ

RNA_ဒီဇင်ဘာ(၁၅)၊၂၀၂၂ ခုနှစ်။ ဒေသခံပြည်သူများဖြစ်သည့် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများမှ မိဘပြည်သူများနှင့် ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်ကော်မတီတို့ ပူးပေါင်းကာ စစ်ကောင်စီတပ်စစ်ကြောင်းများအန္တရယ်ကြားမှ ခက်ခက်ခဲခဲ လူထုအင်အားဖြင့် "၅/ဆိုတာ သေနက်ကိုင်တိုက်မယ် ဓားကိုင်ဖိုက်မယ်" ဟုဆိုကာ ယနေ့ ညနေပိုင်းက ဆန္ဒပြခဲ့ကြသည်။ (more…)
Read More
လက်ပံတောင်းတောင်က စစ်အာဏာရှင်ဆန့်ကျင်ရေး အလုပ်သမားသပိတ်

လက်ပံတောင်းတောင်က စစ်အာဏာရှင်ဆန့်ကျင်ရေး အလုပ်သမားသပိတ်

RNA_နိုဝင်ဘာ (၂၂)၊ ၂၀၂၂ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသတွင် စစ်ကောင်စီတပ်သားများ၏ အန္တရာယ်ကြားမှ ဒေသခံတောင်သူ အလုပ်သမားများသည် စစ်အာဏာရှင် ဆန့်ကျင်ရေး တောင်ယာသပိတ်ကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။   ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်စစ်ကြောင်းမှဦးဆောင်ပြီီး ဒေသခံတောင်သူများ၊ ဒေသခံပြည်သူများနှင့်အတူ နေ့စဉ် စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို နေ့စဉ်ပြုလုပ်နေကြောင်း သိရသည်။ Red News Agency
Read More
ရဲ (၄) ဦး အသတ်ခံရပြီး ကျေးရွာ (၁၁) ရွာကျော်မှ ပြည်သူများ စစ်ဘေးရှောင်နေရ

ရဲ (၄) ဦး အသတ်ခံရပြီး ကျေးရွာ (၁၁) ရွာကျော်မှ ပြည်သူများ စစ်ဘေးရှောင်နေရ

RNA_အောက်တိုဘာ(၃)၊၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် (မြောက်ခြမ်း) ညောင်ပင်ကြီးကျေးရွာမှ ရဲ (၄) ဦး အသတ်ခံရပြီးအနီးနားရှိ ကျေးရွာ (၁၁) ရွာမှ ပြည်သူများ ယနေ့ နေ့လည်ပိုင်းမှစတင်ကာ အရေးပေါ် စစ်ဘေးရှောင်နေကြရသည်။ ယနေ့နေ့လည် (၁) နာရီ မိနစ် (၃၀) ခန့်က ညောင်ပင်ကြီး ရဲစခန်းမှ စျေးထွက်ဝယ်သည့် ရဲ (၄) ဦးကို အမည်မသိအဖွဲ့မှ ဝင်ရောက်ပစ်ခတ်ခဲ့ရာ၊ ၄ ဦးလုံးသေပြီး လက်နက်လည်းရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။ (more…)
Read More
ကျားတက်စခန်းသိမ်းတိုက်ပွဲတွင် ကျဆုံခဲ့ရသည့် ရဲဘော်၏ ရဲဘော်ဝလုံး ဈာပန

ကျားတက်စခန်းသိမ်းတိုက်ပွဲတွင် ကျဆုံခဲ့ရသည့် ရဲဘော်၏ ရဲဘော်ဝလုံး ဈာပန

RNA_အောက်တိုဘာ(၃)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ကျေးရွာရှိ စစ်ကောင်စီတပ်လက်အောက်ခံစခန်းသိမ်း တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် (ပ.က.ဖ)မှ ရဲဘော်ဝလုံးနှင့် ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(SSTF)မှ ရဲဘော်ပိန္နဲစေ့တို့ ကျဆုံးခဲ့ရသည်။ "ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (ပ.က.ဖ) ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သော ရဲဘော်ဝလုံးသည် အောက်တိုဘာ ( ၂ )ရက် ကျားတက်ရွာစခန်းသိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်အား သတ္တိပြောင်စွာတိုက်ပွဲဝင်ရင်း တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးလှူ၍ မြင့်မြတ်စွာ ကျဆုံးခဲ့ပါသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (ပ.က.ဖ)သည် ရဲဘော်ဝလုံးအား အာဇာနည်သူရဲကောင်းအဖြစ် ဂုဏ်ယူမှတ်တမ်းတင်အပ်ပါသည်" ဟု ယနေ့ ရေစကြိုမြို့နယ် (ပ.က.ဖ)က ဈာပနအခမ်းအနား ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။ (more…)
Read More
ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိကျေးရွာများကို စစ်ကောင်စီတပ် ရောက်ရှိပြီး နေအိမ်များကိုမီးရှို့ဖျက်ဆီး

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိကျေးရွာများကို စစ်ကောင်စီတပ် ရောက်ရှိပြီး နေအိမ်များကိုမီးရှို့ဖျက်ဆီး

အောင်ခန့်ဇော်/RNA_စက်တင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ထဲမှ ဆင်းလာသော အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းကျေးရွာများသို့ ယနေ့ နံနက် (၇) နာရီဝန်းကျင်မှစတင်ရောက်ရှိပြီး ညောင်ပင်ကြီး-ဆားလင်းကြီးလမ်းဘေးရှိကျေးရွာများကို ဝင်ရောက်စီးနင်းပြီး ဥသျှစ်ပြားကျေးရွာကို ရွာလုံးကျွတ်မီးရှို့ခဲ့ကြသည်။ စစ်ကောင်စီတပ်သားများ ဥသျှစ်ပြားကျေးရွာကို ရွာလုံးကျွတ်မီးရှို့ခဲ့နောက် ထန်းပုကျေးရွာသို့ရောက်ရှိလာပြီး ဘုန်းကြီးကျောင်းမှာ အလှူလုပ်မည့် ထမင်းဟင်းများကို အဓမ္မလုယူ စားသောက်သွားကြောင်း၊ ညနေပိုင်းတွင် ၂ဖွဲ့ခွဲပြီး သဲကောကြီးရွာသို့ရောက်ရှိလာသည့်အဖွဲ့က သဲကောကြီးရွာကို မီးရှို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ (more…)
Read More
မြေမြှပ်နင်းမိုင်းများကို စစ်ကောင်စီတပ်သားများတိုက်ခိုက်ရန် ပြန်လည်အသုံးချမည်

မြေမြှပ်နင်းမိုင်းများကို စစ်ကောင်စီတပ်သားများတိုက်ခိုက်ရန် ပြန်လည်အသုံးချမည်

RNA_ဩဂုတ်၁၉၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကြေးနီစီမံကိန်းအနီးတဝိုက် စစ်ကောင်စီတပ်သားများထောင်ထားသည့်မြေမြှပ နင်းမိုင်း (၇၈) လုံးကို မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ခွဲ Myanmar ချီဂွေဗားရားအဖွဲ့က သိမ်းဆည်းရမိခဲ့သည်။ "အဆိုပါ ကြေးနီစီမံကိန်းအနီးတစ်ဝှိုက်တွင် သိမ်းဆည်းရမိခဲ့သော   နင်းမိုင်းများကို ပြန်လည်အသုံးချသွားမည်" ဟု မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်သည် ကရင်နီပြည်နယ်နှင့် ကရင် ပြည်နယ်၊ ရှမ်းပြည်နယ် စသည့်တို့တွင် မြေမြှပ်နင်းမိုင်းများ အသုံးပြုခဲ့သော်လည်း ယခု အခါ စစ်ကိုင်းတိုင်းတွင်ပါ မြေမြှပ်နင်းမိုင်းများ အသုံးပြုလာကြောင်း သိရသည်။ Red News Agency
Read More
မီးလောင်ပြင်တစ်နေရာမှ ကုလအတွင်းရေးမှူးချုပ် မစ္စနိုလင်းဟေဇာထံ တောင်းဆို

မီးလောင်ပြင်တစ်နေရာမှ ကုလအတွင်းရေးမှူးချုပ် မစ္စနိုလင်းဟေဇာထံ တောင်းဆို

RNA_ဩဂုတ်၁၇၊၂၀၂၂ခုနှစ်။ How money dead bodies UN need to take action ? စာသားကိုကိုင်ဆောင်ပြီး စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်ကော်မတီမှ စစ်ကောင်စီတပ် မီးရှို့သွားသည့် မီးလောင်ပြင်တစ်နေရာမှ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာ အနေဖြင့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဘက်မှမရပ်တည်ဘဲ မြန်မာပြည်သူလူထုဘက်မှ ရပ်တည်ပေးရန်အတွက် တောင်းဆိုခြင်းနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။ RedNewsAgency
Read More
PDF ရဲဘော်တဦး၏ မိဘနှစ်ပါးကို ဒလန်ဟု စွပ်စွဲကာ သတ်ဖြတ်ခံရ 

PDF ရဲဘော်တဦး၏ မိဘနှစ်ပါးကို ဒလန်ဟု စွပ်စွဲကာ သတ်ဖြတ်ခံရ 

RNA_မတ်၂၀၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာမှ NGR PDF တပ်ဖွဲ့ဝင် ရဲဘော်တဦး၏ မိဘနှစ်ပါးဖြစ်သည့် ကိုနိုင်မိုးနှင့် မမာဦးတို့ကို အခြား PDF (၂) ဖွဲ့က ဒလန်ဟု စွပ်စွဲကာ သတ်ဖြတ်သွားကြောင်း သိရသည်။ ဆားလင်းကြီးမြို့နယ် အခြေစိုက် National Revolutionary Guards ( NRG PDF) တပ်ဖွဲ့ ရဲဘော်တဦး၏ မိဘနှစ်ပါးကို ဒလန်ဟု သတ်မှတ်ပြီး မတ်လ (၁၇) ရက်နေ့ နံနက် (၁၁) နာရီ ၄၀ မိနစ်ဝန်းကျင်က Salingyi People's Force ( S.P.F) နှင့် Myanmar ချီဂွေဗားရား အဖွဲ့တို့ ပူးပေါင်းပြီး…
Read More
PDF များ၏ ဝန်းရံမှုဖြင့် ပြည်သူများ၏ အာရုဏ်ဦးသပိတ်

PDF များ၏ ဝန်းရံမှုဖြင့် ပြည်သူများ၏ အာရုဏ်ဦးသပိတ်

RNA_ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂနှင့် လက်ပံတောင်းတောင်ပင်မသပိတ်စစ်ကြောင်းတို့ ပူးပေါင်း၍ ယနေ့ နံနက်စောစော အာရုဏ်ဦးသပိတ်စစ်ကြောင်းဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြရာ ဆားလင်းကြီး PDFများမှ ဝန်းရံအားဖြည့်ပေးခဲ့ကြောင်း သိရသည်။ Red News Agency
Read More
မြိုင်မြို့နယ် လင်းကတော ရဲစခန်းကို PDF တွေတိုက်ခိုက် သိမ်းပိုက်

မြိုင်မြို့နယ် လင်းကတော ရဲစခန်းကို PDF တွေတိုက်ခိုက် သိမ်းပိုက်

RNA_ဇန်နဝါရီ ၂၉ ရက်၊ ၂၀၂၂ ခုနှစ်။ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်းအား မြိုင် PDF၊ ရေစကြို PDF၊ ဆားလင်းကြီး PDF၊ ရွှေဓားဗိုလ်တပ်ဖွဲ့တို့ ယနေ့ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ ယနေ့ ညနေ့ ( ၂) နာရီ ဝန်းကျင်ခန့်က မြိုင်မြို့နယ် လင်းကတော ရဲစခန်းအား ရေစကြိုမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ၊ မြိုင်မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ၊ဆားလင်းကြီးမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ် ( ၃) မြို့နယ် ပူးပေါင်း၍( ၁) နာရီကြာ တိုက်ပွဲဆင်နွှဲခဲ့ပြီီး G-3 ( ၅ ) လက် နှင့် ကျည် (၄၀၀) ၊ အူစီ (၃…
Read More