Tag: စလင်းမြို့နယ်
-

စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီး ကျပင်းမြောက်ရွာသား (၄) ဦးကို နှိပ်စက်သတ်ဖြတ်
RNA_မတ်(၂၄)၊၂၀၂၅ခုနှစ်။မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကျပင်းအုပ်စု၊ ကျပင်းမြောက်ရွာမှ ကျေးရွာသား (၄) ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။စစ်ကောင်စီတပ်စစ်ကြောင်းသည် မတ်လ ၁၀ ရက်နေ့က ကျပင်းမြောက်ရွာသို့ ဝင်ရောက်လာပြီး အရပ်သား (၇) ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခံရသူများထဲမှ အသက် ၇၀ ဝန်းကျင်ရှိ ဦးဗိုလ်ရွှေနှင့် ဦးမြင့်ဆွေကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း၊ ကျပင်းတောင်ရွာမှ ကိုသန်းမြတ်စိုးသည် ထွက်ပြေးလွှတ်မြောက်ခဲ့သော်လည်း ကျန် (၄) ဦးသည် ရက်ရက် စက်စက် အသတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံထံမှ သိရသည်။ -

လင်းဇင်းတိုက်နယ်ရဲစခန်း တိုက်ခိုက်ခံရ
RNA_ဖေဖော်ဝါရီ(၅)၊၂၀၂၅ခုနှစ်။စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်ရဲစခန်းကို ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ -

ယနေ့အတွက် Red News Agencyမှ တင်ဆက်ထားသော သတင်းများ
RNA_ဖေဖော်ဝါရီ(၄)၊၂၀၂၅ခုနှစ်။ယနေ့ ပြောပြချင်သည့် သတင်းတွေကတော့ စစ်ကောင်စီဂိတ်စခန်းတခု တိုက်ခိုက်ခံခဲ့ရပြီး (၅) သေဆုံးခဲ့တဲ့သတင်း၊ လင်းဇင်းတိုက်နယ်ရဲစခန်းကို တော်လှန်ရေးအင်အားစုတွေတိုက်ခိုက်ပြီး မီးရှို့နိုင်ခဲ့တဲ့သတင်း၊ NUG ပညာရေး ဒုဝန်ကြီး မြေပြင်ဆင်းပြီး ဒေသခံများနှင့် တွေ့ဆုံသည့်သတင်း၊ နိုင်ငံလုံးဆိုင်ရာ တော်လှန်လူငယ်တွေ့ဆုံပွဲသတင်းနှင့် မင်းတုန်းမြို့နယ်မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းလိုက်သည့် သတင်းများဖြစ်ပါတယ်။Red News Agency -

မြစ်အရှေ့ဘက်ခြမ်း စစ်ရေးအားကောင်းလာစေရန် ရွေ့လျားစစ်ကြောင်းများ လှုပ်ရှားနေ
RNA_ ဇန်နဝါရီ(၂၂)၊၂၀၂၅ခုနှစ်။
မကွေးတိုင်း၊ မြစ်အရှေ့ဘက်ခြမ်းမြို့များဖြစ်သော မကွေးမြို့၊ ရေနံချောင်းမြို့စသည့်ဘက်များတွင် စစ်ရေးအားကောင်းလာစေရန် မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရွေ့လျားစစ်ကြောင်းများအသုံးပြုပြီး နယ်မြေစိုးမိုးရေးအတွက် လှုပ်ရှားနေကြောင်း သိရသည်။
မြစ်အရှေ့ဘက်ခြမ်းဖြစ်သော ရေနံချောင်းမြို့နှင့် မကွေးမြို့အတွင်း နယ်မြေစိုးမိုးရေးလှုပ်ရှားမှုများ ယခုရက်ပိုင်းအတွင်း ရွေ့လျားစစ်ကြောင်းတစ်ခုဖြစ်သော Midland Dolphins Column (မြေလတ်လင်းပိုင်စစ်ကြောင်း) ကလှုပ်ရှားမှုများပြုလုပ်ခဲ့ကြောင်း၊ ယင်းရွေ့လျားစစ်ကြောင်းသည် နယ်မြေအတွင်း ရောက်ရှိလာသည်မှာ (၂) ဝန်းကျင်သာရှိသေးသည်ဟု သိရသည်။
-

စလင်းမြို့အနီး အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်
RNA_ဇန်နဝါရီ(၆)၊၂၀၂၅ခုနှစ်။
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့အနီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များ လုံခြုံရေး စစ်ဆေးမှုပြုလုပ်ခဲ့သည့်အတွက် အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်သည့် အနေအထားဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ – စလင်း သတင်းတာဝန်ခံ ကိုအောင်ဆန်းက ပြောသည်။
မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – စလင်း (ပကဖ)) မှ ပြည်သူ လူထုသွားလာရေး အဆင်ပြေစေရန် စလင်းမြို့အနီး သွားရောက်ပြီး စလင်း - ဆင်ဖြူကျွန်းကားလမ်းပိုင်းအား အသုံးပြုနေသော ခရီးသွားပြည်သူများအား ဇန်နဝါရီလ (၅) ရက်နေ့က စစ်ရေးလုံခြုံရေးအရ စစ်ဆေးမှူများ ပြုလုပ်ခဲ့ကြသည်။
-

ခလရ ၂၅၉ တပ်နှင့် ခလရ ၂၅၅ တပ်မှ တပ်သား (၂) ဦး လက်နက်နှင့်တကွ အလင်းဝင်
RNA_နိုဝင်ဘာ(၁)၊၂၀၂၄ခုနှစ်။
မကွေးတိုင်း၊ ပခုက္ကူမြို့ စက်မှုဇုန်စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီ၏ ခလရ ၂၅၉ တပ်မှ တပ်သား ပြည့်ဖြိုးအောင်နှင့် ပခုက္ကူမြို့နယ် မြောက်လူးကန်အထိုင်စခန်းရှိ စလင်းမြို့အခြေစိုက် ခလရ ၂၅၅ တပ်မှ တပ်သား ကောင်းမင်းခန့်တို့သည် အောက်တိုဘာလ ၁၇ ရက်နေ့က သေနတ်၊ ကျည်တို့ ယူဆောင်လာပြီး ရေစကြိုတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Southern YSO PDF ထံ အလင်းဝင်ရောက်လာခဲ့သည်ဟု သိရသည်။
#RedNewsAgency #RedNews #RNA
-

တပ်စခန်းကို တိုက်ခိုက်တော့မည်ဖြစ်သည့်အတွက် လင်းဇင်းကျေးရွာပြည်သူများ တပတ်အတွင်း ထွက်ခါရန် PDF (၂) ဖွဲ့ ကြေညာ
RNA_အောက်တိုဘာ(၈)၊၂၀၂၄ခုနှစ်။
မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းကျေးရွာ ရဲစခန်းတွင် တပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံများကို တိုက်ခိုက်တော့မည်ဖြစ်သည့်အတွက် လင်းဇင်းကျေးရွာနေပြည်သူများ အောက်တိုဘာ (၇) ရက်မှစတင်ပြီး တပတ်အတွင်း ကျေးရွာအတွင်းနေထိုင်ခြင်း မပြုကြရန် NUG/MOD PDF မင်းဘူးခရိုင် အမှတ် (၁) တပ်ရင်းနှင့် အမှတ် (၅) တပ်ရင်းတို့က ကြေညာချက်ထုတ်ပြန်ထားသည်။
-

သံချပ်ကာယာဉ်အသုံးပြု စစ်ကြောင်းထိုးနေသော်လည်း တိုက်ခိုက်ခံရပြီး ပြန်ဆုတ်သွား
RNA_ဩဂုတ်(၁၅)၊၂၀၂၄ ခုနှစ်။မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း PDF စိုးမိုးနယ်မြေတချို့ကို စစ်ကောင်စီတပ်မှ သံချပ်ကာယာဉ်အသုံးပြု စစ်ကြောင်းထိုးမှုများရှိနေသော်လည်း တိုက်ခိုက်ခံရပြီး ပြန်ဆုတ်သွားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မင်းဘူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုအညာသားက ပြောကြားထားသည်။[embedyt] https://www.youtube.com/watch?v=MIjE4TdvkL8[/embedyt]#RedNewsAgency -

ရေနံထွက်ဒေသတချို့နှင့် ဆည်တချို့ကို လက်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီတပ်လေကြောင်းဗုံးကြဲမှုများ ဆက်တိုက်ပြုလုပ်နေ
RNA_ဇူလိုင်(၂၉)၊၂၀၂၄ ခုနှစ်။မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုများကို စစ်ကောင်စီလက်အောက်ခံများကို တိုက်ထုတ်ပြီး ရေနံထွက်ဒေသတချို့နှင့် ဆည်တချို့ကို ထိမ်းချုပ်ထားပြီးနောက် စစ်ကောင်စီတပ်သည် ယခုရက်ပိုင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။ဒေသတွင်းတော်လှန်ရေးအင်အားစုများက ၂၀၂၄ ခုနှစ်မေလ အတွင်းကတည်းက စလင်းမြို့နယ်၊ ငလှိုင်တွင်း ကျေးရွာအနီးရှိ ( ရေနံစိမ်းထွက်ရှိသည့်ဒေသ) စစ်ကောင်စီတပ်စခန်းကို မောင်းထုတ်နိုင်ခဲ့ပြီး ဒေသတွင်းစိုးမိုးမှုများလုပ်ဆောင်ခဲ့ကြောင်း၊ ပွင့်ဖြူမြို့နယ်နှင့် စလင်းနယ်အတွင်းရှိ ဆည်တချို့မှ စစ်ကောင်လက်အောက်ခံများကိုလည်း မောင်းထုတ်ထားပြီး နယ်မြေစိုးမိုးမှုများရရှိထားကြောင်း ဒေသတွင်း စစ်ရေးသတင်းရစ်မြစ်က ပြောကြားထားသည်။ -

စလင်း PDF နှင့်ပြည်သူများပူးပေါင်းပြီး ပန်းသပိတ်ပြုလုပ်
RNA_ဇွန်(၁၉)၊၂၀၂၃ ခုနှစ်။

ဒေါ်အောင်ဆန်းစုကြည်၏ (၇၈) နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် ခေတ်အဆက်ဆက် တော်လှန်ရေးတွင်တာဝန်ကျေပွန်ခဲ့ကြသည့် အမျိုးသမီးများ၊ နွေဦးတော်လှန်ရေးတွင် အကျဥ်းကျခံနေရသည့်အမျိုးသမီးများ၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းပေါင်းစုံဖြင့်ဆက်လက်တော်လှန်ပါဝင်နေကြသည့် အမျိုးသမီးများဂုဏ်ပြုသောအားဖြင့် June 19 လှုပ်ရှားမှူအနေဖြင့် မကွေးတိုင်း မင်းဘူးခရိုင်အမှတ် (၁) တပ်ရင်း (စလင်း)မှ ရဲဘော်များနှင့် ပြည်သူများ ပူးပေါင်းကာ “စလင်းမြို့နယ်ပြည်သူလူထုပန်းသပိတ်” ယနေ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်း PDF ရဲဘော်များနှင့် ပြည်သူများ Red News Agency







