စစ်ကောင်စီတပ်က PDF အယောင်ဆောင် ဝင်စီးသည့်အတွက် PDF (၉) ဦးကျဆုံး

RNA_အောက်တိုဘာ၂၁၊၂၀၂၂ခုနှစ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရွှေလှံရွာရှိ မုံရွာခရိုင်တပ်ရင်း – ၁၃ (အောင်ဆန်းမျိုးဆက်) ယာယီခေတ္တတည်းခိုရာနေရာကို ယနေ့ နံနက် ၅ နာရီဝန်းကျင်က စစ်ကောင်စီလက်အောက်ခံ (၁၀၀) ဝန်းကျင်က PDF အယောင်ဆောင်ကာ ဝင်စီးသည့်အတွက် ရဲဘော် (၉) ဦး ကျဆုံးခဲ့ရသည်။

” စီးနင်းခံရချိန်တွင် အခြားတိုက်ပွဲမှပြန်လာ၍ ​ခေတ္တနားနေသော ရဲဘော်များရှိခဲ့ရာ မိမိတို့အောင်ဆန်းမျိုးဆက်မှ ရဲဘော်(၈) ဦးနှင့် ခေတ္တတည်းခိုနေသော ပခုက္ကူခရိုင်တပ်ရင်း(၂)မှ ရဲဘော် (၁)ဦးစုစုပေါင်း(၉)ဦး ကျဆုံးပြီး၊ (၂) ဦး ဒဏ်ရာရရှိကာ (၂)ဦးပျောက်ဆုံးလျက်ရှိပါသည်။ ပျောက်ဆုံး (၂)ဦး၏ သတင်းကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါသည်” ဟု မုံရွာခရိုင်တပ်ရင်း -၁၃ အောင်ဆန်းမျိုးဆက် အဖွဲ့က ယနေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သားများသည် ရွှေလှံရွာအတွင်းရှိ အိမ်ထောင်စု (၈)စုကိုလည်း မီးရှို့ဖျက်စီးခဲ့ပြီး၊ အောင်ဆန်းမျိုးဆက်တပ်ဖွဲ့ဝင်များ ခေတ္တတည်းခိုရာနေရာကို မီးရှို့ဖျက်စီးရာတွင် ကျဆုံးရဲဘော်များနှင့် ရွာသား (၁)ဦး စုစုပေါင်း (၁၀)ဦးကိုပါ မီးရှို့သွားခဲ့ကြောင်း၊ ငွေသားနှင့်ပစ္စည်း ပျက်စီးဆုံးရှုံးမှု ခန့်မှန်းတန်ဖိုးအားဖြင့် သိန်းပေါင်း (၆၀၀) ဝန်းကျင်ခန့်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Red News Agency

By Editor