လွိုင်ကော်

စစ်ကောင်စီလက်အောက်ခံများ KNDFထံ လက်နက်ချအညံ့ခံသည့် ရုပ်သံ

စစ်ကောင်စီလက်အောက်ခံများ KNDFထံ လက်နက်ချအညံ့ခံသည့် ရုပ်သံ

RNA_နိုဝင်ဘာ(၁၅)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်၊ ၁၁.၁၁ စစ်ဆင်ရေး လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်း ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံများ KNDFထံ လက်နက်ချ အညံ့ခံသည့် မြင်းကွင်းရုပ်သံကို KNDF က ထုတ်ပြန်လိုက်သည်။ စစ်ကောင်စီ၏ တပ်သားများအပြင် ရဲတပ်ဖွဲ့ဝင်များ တစ်ဦးချင်းသော်လည်ကောင်း၊ အစုအဖွဲ့လိုက်သော်လည်ကောင်း၊ ဌာနအလိုက်၊ တပ်ရင်းအလိုက် ပြည်သူ့ဖက်ပူးပေါင်း၍ လက်နက်ချရန် လုပ်ဆောင်ပါက KNDF အနေဖြင့် ကောင်းမွန်နွေးထွေးစွာ ကြိုဆိုသွားမည်ဟု ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
လွိုင်ကော်တက္ကသိုလ်ရှိ ခမရ (၄၂၅) တပ်ရင်းမှူးနှင့် ဒု-ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီး ပါးသေဆုံး

လွိုင်ကော်တက္ကသိုလ်ရှိ ခမရ (၄၂၅) တပ်ရင်းမှူးနှင့် ဒု-ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီး ပါးသေဆုံး

RNA_နိုဝင်ဘာ(၁၅)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်၊ လွိုင်ကော်တက္ကသိုလ်ထဲ၌ တပ်စွဲထားသော တပ်မ (၆၆) လက်အောက်ခံ ခမရ (၄၂၅) တပ်ရင်းမှူး နှင့် ဒု-ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီးပါး ( ၁၁၀ ကျော်) သေဆုံးခဲ့ပြီး၊ ခမရ (၆) တပ်ရင်းတို့အား အပြီးသတ်ချေမှုန်းကာ နောက်ဆုံးလက်ကျန် တပ်ဖွဲ့ဝင်များမှ လက်နက်ချအညံ့ခံပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု KNDF ကထုတ်ပြန်သည်။ “၁၁.၁၁ စစ်ဆင်ရေး” (11.11 Operation) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော KNDF စစ်ကြောင်း၏ တတိယနေ့ နှင့် စတုတ္ထနေ့ စစ်ဆင်ရေး နိုဝင်ဘာလ (၁၃)ရက်နေ့တစ်နေ့လုံး လွိုင်ကော်တက္ကသိုလ်ဝန်းထဲတွင် တပ်စွဲထားသော စစ်ကောင်စီ၏ ခမရ (၄၂၅) တပ်ရင်းမှူး နှင့်…
Read More
လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်းများကို တော်လှန်ရေးရဲဘော်များ ကယ်ထုတ်

လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်းများကို တော်လှန်ရေးရဲဘော်များ ကယ်ထုတ်

RNA_နိုဝင်ဘာ(၁၅)၊၂၀၂၃ ခုနှစ်။   ၁၁.၁၁ စစ်ဆင်ရေး စတင်ချိန်တွင် အာဏာသိမ်းစစ်ကောင်စီ၏ လျစ်လျူရှုစွန့်ပစ်ခြင်းခံခဲ့ရသည့် ကရင်နီပြည်၊ လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်း (၁၃၄) ဦးနှင့် ယင်းတို့၏ မိသားစုဝင် (၆၄) ဦးကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစုမှ ဘေးလွတ်ရာသို့ ကယ်တင်ခေါ်ထုတ်ပေးခဲ့သည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ပြည်ထဲရေးဌာနမှ ယမန်နေ့က ထုတ်ပြန်ထားသည်။   လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်းများနှင့် ယင်းမိသားစုဝင်များအား လူသားချင်းစာနာထောက်ထားရေး၊ လူ့အခွင့်အရေးများနှင့်အညီ ပြည်ထဲရေးဌာန၏ စီမံကြီးကြပ်မှုအောက်တွင် ဘေးကင်းလုံခြုံစွာဖြင့် စောင့်ရှောက်ထားသည်ဟု သိရသည်။ (more…)
Read More
စစ်ကောင်စီထိန်းချုပ်ထားသည့် တခုတည်းသော လွိုင်ကော်မြို့ကို ပူးပေါင်းတပ်ဖွဲ့များ ယနေ့ စတင်ထိုးစစ်ဆင်

စစ်ကောင်စီထိန်းချုပ်ထားသည့် တခုတည်းသော လွိုင်ကော်မြို့ကို ပူးပေါင်းတပ်ဖွဲ့များ ယနေ့ စတင်ထိုးစစ်ဆင်

RNA_နိုဝင်ဘာ(၁၁)၊၂၀၂၃ ခုနှစ်။   ကရင်နီပြည်တခုလုံးတွင် စစ်ကောင်စီယန္တရား အဓိကလည်ပတ်နိုင်သည့် တခုတည်းသော လွိုင်ကော်မြို့ဝန်းကျင်ကို ယနေ့ KNDF၊ KA နှင့် ပူးပေါင်းမဟာမိတ်များ စတင်ထိုးစစ်ဆင်ပြီဖြစ်ကြောင်း သိရသည်။   ကရင်နီပြည်ရှိ စစ်ကောင်စီတပ်အနေဖြင့် လွိုင်ကော်မြို့တခုတည်းသာရှိပြီး ပြည်နယ်အတွင်းအခြားသော အထိုင်တပ်စခန်းအနည်းငယ်သာရှိတော့ကြောင်း၊ ကရင်နီပြည်အတွင်း စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးမှုများကို နေ့စဉ်ပြုလုပ်နေကြောင်း KNDF ဗဟို သတင်းပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတဦးက Red News Agency ပြီးခဲ့သည့်အပတ်ထဲက ပြောကြားထားသည်။   #RedNewsAgency
Read More
ကရင်နီစစ်ရေးအခြေအနေကြောင့် နေပြည်တော်စိုးရိမ်နေရပြီလား

ကရင်နီစစ်ရေးအခြေအနေကြောင့် နေပြည်တော်စိုးရိမ်နေရပြီလား

RNA_ဩဂုတ်(၁၇)၊၂၀၂၃ ခုနှစ်။   စစ်ကောင်စီအနေဖြင့် ကရင်နီပြည်၏ နယ်မြေတော်တော်များများကို လက်လွတ်ထားရသည့်အပြင် စစ်ကြောင်းပေါင်းများစွာနှင့်လေကြောင်းများပါ အသုံးပြုနေသော်လည်း မရှုမလှရှုံးနေသည့်အတွက် နေပြည်တော်အထိ ခြိမ်းခြောက်လာနိုင်သလား၊ စိုးရိမ်နေရပြီလားဆိုတာကို တင်ပြထားခြင်းဖြစ်သည်။   #RedNewsAgency  
Read More
ကယားပြည်နယ်အတွင်း ကျန်ရှိနေသည့် စစ်ကောင်စီဝန်ထမ်းများကိုရွေ့ပြောင်းနေ

ကယားပြည်နယ်အတွင်း ကျန်ရှိနေသည့် စစ်ကောင်စီဝန်ထမ်းများကိုရွေ့ပြောင်းနေ

RNA_ဇွန်(၃၀)၊၂၀၂၃ခုနှစ်။ ကယားပြည်(ကရင်နီပြည်) နယ်အတွင်း လွိုင်ကော်မြို့ပါအဝင် ကျန်ရှိနေသည့် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများကို ပြီးခဲ့သည့်ရက်ပိုင်းမှစတင်ကာ ပြောင်ရွေ့နေကြောင်း သိရသည်။ ကရင်နီပြည်အတွင်း စစ်ကောင်စီသည် နယ်မြေများစွာကို စွန့်လွှတ်နေ့ရပြီး လွိုင်ကော်မြို့ပေါ်တချို့သာ နယ်မြေစိုးမိုးမှုရှိတော့ကြောင်း၊ အခြားမြို့နယ်များတွင် စစ်ကောင်စီမှ နယ်မြေစိုးမိုးမှုရှိတော့သည့်အပြင် တိုက်ပွဲပြင်းထန်မှုများတွင်လည်း အသေအဆုံးများနေကြောင်း၊ KNDF နှင့် မဟာမိတ်ပြည်သူ့ကာကွယ်ရေး လက်နက်ကိုင်တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးရေးကို လုပ်ဆောင်နေကြကြောင်း သိရသည်။ “အခုက ကယားက ဝန်ထမ်းတွေရွေ့နေပြီပြောတယ်၊ အားလုံးကို လက်လွှတ်မဲ့သဘောလို့လည်း ပြောလို့ရသလို သူတို့ဝန်ထမ်းတွေမရှိတဲ့အခါ လေကြောင်းကနေ အကုန်တိုက်နိုင်တယ် အဲဒါတော့သတိထားရမယ်။ ဝန်ထမ်းတွေကို ရွေ့နေတာကတော့ သေချာနေပြီ” ဟု စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတဦး၏ မိသာစုဝင်တဦးကပြောသည်။ (more…)
Read More
ကရင်နီအိပ်မက်နှင့် အာဏာရှင်တို့၏ လားရာ

ကရင်နီအိပ်မက်နှင့် အာဏာရှင်တို့၏ လားရာ

"ကရင်နီ အိပ်မက် အကောက်အထည်ပေါ်လာခြင်းသည် မင်းအောင်လှိုင်သာမက စစ်အာဏာရှင်အဆက်ဆက်နှင့် လူမျိုးကြီးဝါဒ၊ တစ်ပါတီအာဏာရှင်စနစ်တို့ကို ရင်ဝ ဓါးသွားစိုက်သလို အထိနာခံစားကြရ" မေဇော် ပြည်တွင်းစစ် သက်တမ်းအရှည်ဆုံး မြန်မာနိုင်ငံ၏ အရေးများကို နိုင်ငံတကာ အဖွဲ့အစည်းများက ပုံမှန်အခြေအနေဟုသာ မှားယွင်းရှုမြင်တက်ကြသည်။ စစ်ပွဲဟူသည် သွေးချောင်းစီးစေသော၊ နှစ်ဖက်အပြန်အလှန် လက်စားချေကြသော ကိစ္စရပ်များဟု ပညာရှင်များ၊ ညှိနှိုင်းရေးသမားများက သုံးသပ်ကြသည်။ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းသင့်ကြောင်း သိသိသာသာ တဖုံ၊ မသိမသာတမျိုး တိုက်တွန်းကြမည် တိုက်တွန်းနေမှုများလည်းရှိသည်။ သို့သော် ဒီမြေ၊ ဒီရေတွင် ရှင်သန်ခဲ့သူများအနေဖြင့် ယခုပြည်တွင်းစစ်သည် လွတ်မြောက်မှုနှင့် အနီးကပ်ဆုံးဖြစ်ကြောင်း ကောင်းမွန်စွာ သိနားလည်ကြသည်။ စစ်မီးများ တောက်လောင်နေခြင်းကို မည်သူမှ မနှစ်သက်ကြ။ လက်နက်ကြီးသံများဖြင့် နေ့စဉ်ဘဝကိုလည်း…
Read More
ကရင်နီစစ်မျက်နှာမှာ စစ်ကောင်စီတပ် အသည်းအထန် ဘာ့ကြောင့်ကာကွယ်နေလဲ

ကရင်နီစစ်မျက်နှာမှာ စစ်ကောင်စီတပ် အသည်းအထန် ဘာ့ကြောင့်ကာကွယ်နေလဲ

"ကရင်နီပြည်နယ်အတွင်း တော်လှန်ရေးအဖွဲ့တွေ တဖြည်းဖြည်းအားကောင်းလာတာကြောင့် စစ်တပ်ဟာ ၂၀၂၃ ခုနှစ် မှစပြီး ရှမ်းမြောက်မှ  စကခ ၂ တခုလုံးနှင့် စကခ ၇ မှ တပ်ရင်း သုံးရင်းပါ ဗျူဟာတခုအပြင် ရှမ်းအရှေ့မှာရှိတဲ့ စကခ ၁၈ မှ တပ်ရင်း သုံးရင်းပါ ဗျူဟာတခုကို ကရင်နီစစ်မျက်နှာမှာ ထပ်မံဖြည့်တင်းခဲ့ရတယ်။ ဒါကြောင့်၂၀၂၁/၂၀၂၂ အတွင်း တိုင်း/ဒကစ လက်အောက်ခံ တပ်ရင်း ၁၃ ရင်း၊ တပ်မ ၆၆ လက်အောက်ခံ၉ရင်း စုစုပေါင်း ၂၂ ရင်းခန့် စစ်ဆင်ရာမှ ၂၀၂၃ မှာတော့ နောက်ထပ် ၁၆ ရင်းခန့် ထပ်ဖြည့်တင်းခဲ့ရပါတယ်။ ဒါကြောင့်လက်ရှိအချိန် ကရင်နီစစ်မျက်နှာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ဆင်ရေးဝင်…
Read More
လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာ တိုက်ပွဲတွင် KNDF ရဲဘော် (၃) ဦး ကျဆုံးခဲ့ရ

လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာ တိုက်ပွဲတွင် KNDF ရဲဘော် (၃) ဦး ကျဆုံးခဲ့ရ

RNA_မေ(၃၁)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်နေသည့် ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာတိုက်ပွဲတွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ်၊ တပ်ရင်း (၂) မှ ရဲဘော်ပီတယ်၊ ရဲဘော်မာတီးနိုနှင့် ရဲဘော်ဖရန်စစ္စကိုတို့သည် မေလ (၂၇) ရက်နေ့က ဖယ်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာကျဆုံးခဲ့ရကြောင်း သိရသည်။   စစ်အာဏာရှင်စနစ်ကိုတော်လှန်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရသည့် အာဇာနည်ရဲဘော်များဖြစ်သည့် ရဲဘော်ပီတယ်၊ ရဲဘော်မာတီးနိုနှင့် ရဲဘော်ဖရန်စစ္စကိုတို့အား အာဇာနည်ဗိမ္မာန်သို့ပို့ဆောင်ကာ ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ကြောင်း၊ သူရဲကောင်းသုံးဦးအား ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ တပ်ရင်း အမှတ် (၂) အနေဖြင့် အာဇာနည်များအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုအပ်သည်ဟု ထုတ်ပြန်ထားသည်။ (more…)
Read More
အိမ်စီးကားတစီး မိုင်းနင်းမိပြီး (၄) ဦးသေ (၂) ဦးဒဏ်ရာပြင်းထန်

အိမ်စီးကားတစီး မိုင်းနင်းမိပြီး (၄) ဦးသေ (၂) ဦးဒဏ်ရာပြင်းထန်

အိမ်စီးကားတစီး မိုင်းနင်းမိပြီး (၄) ဦးသေ (၂) ဦးဒဏ်ရာပြင်းထန်   RNA_ဖေဖော်ဝါရီ(၅)၊၂၀၂၃ ခုနှစ်။   ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ ထွက်လာသည့် Ipsum အဖြူရောင် အိမ်စီးကားတစီး ဇရပ်ဖြူကျေးရွာအကျော်လမ်းတွင် ယနေ့ နေ့လည် (၂) နာရီဝန်းကျင်က မိုင်းနင်းမိပြီး ကားပေါ်ပါသူ အမျိုးသား (၄) ဦးသေဆုံးကာ အမျိုးသား (၂) ဦးအပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း သိရသည်။   မိုင်းနင်းမိသည့်ကားမှာ တစစီဖြစ်သွားပြီး အလောင်းများမှာလည်း ရုပ်ပျက်သွားသည်အထိ ထိခိုက်ပျက်စီးသွားကြောင်း၊ လွိုင်ကော်ဆေးရုံသို့ ရွှေလွိုင်ကော်အသင်းမှ Dead Body-၃လောင်း နှင့် အသက်ရှင်သောလူနာ-၁ဦး၊ Dead Body- ၁ လောင်းနှင့် အသက်ရှင်လူနာ- ၁ဦးအား ရွှေညောင်ပင်…
Read More