RNA_ဇန်နဝါရီ(၄)၊၂၀၂၄ခုနှစ်။
စစ်ကောင်စီက ယနေ့ပေးသော လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်မှု အလွန်နည်းပါကြောင်း၊ နိုင်ငံရေးအကျဉ်းသားများကို လွတ်ပေးလိမ့်မည်မဟုတ်ကြောင်း သိရသည်။
စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လိုရာတပ်စွဲထားသော ဥပဒေများမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ မတရား အသင်းများအက်ဥပဒေ၊ ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများအက်ဥပဒေ၊ လက်နက်များအက်ဥပဒေ စသည်တို့ဖြင့် စွပ်စွဲထောင်ချထားခြင်းဖြစ်သည်။
ယနေ့လွတ်ငြိမ်းချမ်းသာပေးခံရသများထဲတွင် မပါဝင်သော ဥပဒေ ပုဒ်မများမှာ လူသတ်မှု၊ မုဒိန်းမှု၊ ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများအက်ဥပဒေအရ ပြစ်ဒဏ်များ၊ မတရားအသင်းများအက်ဥပဒေအရ ပြစ်ဒဏ်များ၊ ၁၈၇၈ လက်နက်များအက်ဥပဒေပုဒ်မ ၁၉(စ) အရပြစ်မှုများ၊ ၁၉၄၉ ခုနှစ် လက်နက်အရေးပေါ်ပြစ်ဒဏ်စီရင်မှု ယာယီအက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၅၁ ခုနှစ် လက်နက်ယာယီပြင်ဆင်ချက်အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ်လက်နက်အမိန့်အရ ပြစ်မှုများ၊ ၂၀၂၃ ခုနှစ် လက်နက် ဥပဒေအရ ပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ ပြစ်မှုများ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ ပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများ ဖြစ်သည်။
#RedNewsAgency #REDNEWS #RNA